•19•

282 51 4
                                    



ဂယူဘင်းရဲ့ ရည်းစားစကားကို ယူဂျင်း က အမူပိုကာ အချိန်ဆွဲပြီး အဖြေပြန်ပေးတာမျိုးမဟုတ်ရပါ။ ချက်ချင်းအဖြေပြန်မပေးချင်တဲ့ လူညစ်စိတ်ကလေးကလဲရှိသေးတော့။

ဒီအတောအတွင်း ယူဂျင်းလဲ သူ့စိတ်သူ ပြန်သုံးသပ်မိတာပဲ...တကယ် မညာချင်..သူ အဲ့အစ်ကိုကြီးကို ချစ်မိနေတာ။

ရင်ခုန်တယ်..အတူတူရှိရင် ပျော်တယ်။

ခဏခဏ ရင်ခုန်ရအောင် လုပ်တယ်။

ဘေးနားရှိရင် လုံခြုံတယ်..အဲ့စိတ်က တစ်သက်လုံးဖြစ်ရင် ကောင်းမယ်လို့ တွေးမိတဲ့ အထိ။

ဘယ်အချိန်ကစလို့..ဘယ်လိုဖြစ်ပြီး ဘယ်လိုအကြောင်းပြချက်တွေနဲ့ အချစ်ရဲ့ခေါင်းစဉ်အောက်က ခံစားချက်တွေရသွားတာလဲဆိုတာ ယူဂျင်းမသိ။ သိဖို့လဲ မလိုအပ်။

ဒီအတိုင်း လူတစ်ယောက် က လူတစ်ယောက်ကို ချစ်နေတာပဲ ဥစ္စာ။ အနည်းဆုံးတော့ ယူဂျင်းက ချစ်တတ်သွားပြီလေ။

အကယ်၍များ..ယူဂျင်းက ဂယူဘင်းကို ချစ်ပါတယ်လို့ ပြောလိုက်လို့ တွဲဖြစ်ခဲ့သည်ရှိသော် ယူဂျင်းရဲ့ ရင်ထဲက အချစ်တွေက ထိုအစ်ကိုကြီးက မမြင်ရင်ရော...။ ယူဂျင်းက အဲ့လိုတွေမှ အချစ်ကို မထုတ်ပြတတ်တာ။

ဒါပေမဲ့ ယူဂျင်းကိုဆို အဲ့အစ်ကိုကြီးက ဘယ်တော့မှ မလျော့တဲ့အချစ်တွေကိုသာ ချစ်ပေးမယ်ဆိုတာ ယူဂျင်းက ခံစားမိသေး၏။

ဒီလိုအကြောင်းတွေကို ပြောပြတိုင်ပင်ဖို့က အဲ့လောက်ရင်းနှီးတဲ့သူက မရှိတော့ ခက်ချေပြီ။

အခုနောက်ပိုင်း ကိုကို က လဲ အင်တာတိန်းမန့်မှာ အလုပ်ရပြီးနောက် အိမ်မှာ ပြန်မအိပ်တဲ့ရက်တွေရှိလို့ ယူဂျင်းက ညဘက်ဆို တကယ် ပျင်းနေတာ။

ထိုအချိန်မှာပင် ဧည့်ခန်းထဲက မေမေက ယူဂျင်းကို အော်ပြောလာ၏။

"ယူဂျင်းရေ..သား ဂယူဘင်းရောက်နေတယ်"

ယူဂျင်းမှာ ကုတင်ပေါ်မှာ လှဲနေရာမှ အမြန်ထထိုင်မိပြီး ပွယောင်နေတဲ့ဆံပင်တွေကို လက်နဲ့ ပြန်ပြင်လိုက်ပြီး အပြင်မထွက်ခင် မှန်ထဲက မိမိမျက်နှာကို သေချာပြန်ကြည့်ပြီး အဆင်ပြေပြီဟု အတည်ပြုတော့မှ တံခါးကိုလှည့်၍ အပြင်ကို လူလုံးထွက်ပြတော့သည်။

𝖲𝗍𝖺𝗋-𝖢𝗋𝗈𝗌𝗌𝖾𝖽 𝖫𝗈𝗏𝖾𝗋𝗌Where stories live. Discover now