ထပ်ပြီးဖုန်းဆက်လိုက်ရ နိုးနိုး ၊မဆက်ရင် ကောင်းမလား နိုးနိုး။ဒါပေမဲ့ ပထမတစ်ခေါက်ဆက်တုန်းက နေမကောင်းလို့ ကျောင်းမတက်တာလို့ပြောတဲ့အသံက အရမ်းကိုခက်ထန်လွန်းသည်။
ယူဂျင်းကိုတောင် ရှိန်သွားစေ၏။
အိမ်ကိုသွားပြီး ဆန်ပြုတ်ဖြစ်ဖြစ် ဝယ်သွားပေးပြီး အခြေနေသွားကြည့်သင့်သလား။
ဆန်ပြုတ်!! အဲ့အစ်ကိုကြီးအိမ်ကအကောင်းစားဆန်ပြုတ်ကို ယူဂျင်းဝယ်သွားတဲ့ ဆန်ပြုတ်က ယှဉ်နိုင်မှာမှမဟုတ်ပဲ။
ပြီးတော့ ဒီ့မတိုင်ခင် အစ်ကိုကြီးကယူဘင်းက ယူဂျင်းကို စိတ်ဆိုးနေတာ မဟုတ်ပါလား။
ဂယူဘင်းမရှိတဲ့ရက်တွေမှာ နားငြီးတော့သက်သာ၏။
သို့ပေမဲ့ ကျင့်သားမရသေးတဲ့ခံစားချက်။
တစ်စုံတစ်ခုက လိုအပ်နေသလိုမျိုး။
အနည်းငယ်တော့ ပျင်းစရာကောင်း၏။ယူဂျင်းရဲ့ဘဝက ကျောင်းသွားမယ်၊ အိမ်ပြန်မယ်။
တစ်ခါတစ်လေ အချိန်ပိုင်းအလုပ်သွားမယ်။
ဒါပဲဖြစ်၏။မကြာသေးခင်ကမှ ခြောက်သွေ့နေတဲ့ ယူဂျင်းရဲ့ ဘဝက စိုပြေကာစရှိသေးတာကို။ အခုလိုရုတ်တရက်ကြီး ပြန်ခြောက်သွေ့ရပြန်သလိုကြီးဖြစ်နေသည်။
"ဟူး...နောက်ဆုံးအကြိမ် ဖုန်းဆက်ကြည့်လိုက်ရမလား.."
ယူဂျင်းက အသံသေးသေးလေးဖြင့်ပြောလိုက်တော့ ဘေးကုတင်ပေါ်မှာ ပက်လက်လှန် ပြီး ဂီတာကိုပျင်းရိစွာတီးနေတဲ့ အစ်ကိုထယ်ဆန်းက လှည့်ကြည့်လာ၏။
"ဘယ်သူ့ကိုဖုန်းဆက်မှာ!"
"အော...ကျွန်တော်စာသင်ပေးနေတဲ့အစ်ကိုကြီးပါ၊ နေမကောင်းဘူးပြောလို့လေ..."
"အဲ့တော့ ဖုန်းဆက်ရမလား မရဘူးလား တွေးနေတာလား"
ထယ်ဆန်းက ယူဂျင်းရဲ့စကားကို ထောက်ပေး၏။
ထိုအခါ ယူဂျင်းက ဖြေညှင်းစွာ ခေါင်းညိမ့်သည်။"ဆက်ပေါ့!လူတိုင်းရဲ့ အားအငယ်ဆုံးအချိန်က နေမကောင်းဖြစ်တဲ့အချိန်ပဲကို"
"ဟုတ်လား!"
ယူဂျင်းက တစ်အံ့တဩဖြင့် ပါးစပ်ကလေး ဟသွားရတော့ ထယ်ဆန်းက ခပ်ဖွဖွ ခေါင်းခါပြီးရယ်၏။