Crushနဲ့ အတူတူ အတန်းရှေ့ထွက်ပြီး စာပြိုင်တွက်ရတဲ့ ခံစားချက်မျိုး ဖြစ်ဖြစ်ဖူးကြလား။ အစိမ်းရောင် ရှိတဲ့ ကျောက်သင်ပုန်းမှာ ဘာတွေမှန်းမသိ ဆရာမေးတဲ့ သင်္ချာပုစ္ဆာကို ရေးခြစ်နေရတာ ဘာအဓိပ္ပာယ်မှမရှိနေဘူး။သင်္ချာ်ဆို ဂယူဘင်းတို့က အလွတ်ပဲကျက်တာ။ ပုံသေနည်းကိုလဲ အလွတ်ကျက်တာပါပဲ..ဒါပေမဲ့ ပုစ္ဆာပေးရင် မတွက်တတ်တော့တာ အပြစ်လား..။
ဟိုကောင် ချွမ်ရွေ့တောင် သင်္ချာ်ဆို အလွတ်ကျက်တာ၊ သူဘယ်လိုမျိုးဖြေလိုက်လို့ စာမေးပွဲအောင်သွားပြီး သူပဲ ကျကျန်ခဲ့တာလဲ မသိ။
တွေးရင် ရင်ထဲ နာတယ်..။
ဒါပေမဲ့ အဆိုးထဲက အကောင်းလို့သတ်မှတ်ထားပါတယ်။
တစ်ဖက်ခြမ်းမှာ တွက်နေတဲ့ ယူဂျင်းကို ဂယူဘင်းက စောင်းငဲ့ကြည့်လိုက်တယ်။ ဘေးတိုက်မြင်နေရတဲ့ ယူဂျင်းရဲ့ မျက်နှာကြောင့် ဂယူဘင်းရဲ့ ရှိသမျှ သွားတွေက ထိန်းမနိုင် သိမ်းမနိုင်၊ ပြုံးဖြီးကာ တော်တော်ဖြစ်နေရှာတာ။
ဘေးတိုက်တွေ့ရတဲ့ ယူဂျင်းရဲ့ဖောင်းနေတဲ့ပါးတွေက မိုချီလုံးလေးတွေမျိုး..အဲ့မိုချီတွေကို ကိုင်တဲ့အခါ ပျော့စိပျော့စိ ကိုင်လို့ကောင်းပြီး နူးညံ့လိုက်တာဆိုတဲ့ ခံစားချက်မျိုးရမလား။
အဲ့ပါးနှစ်ဖက်ကိုသာ ဂယူဘင်းတို့ စိတ်ရှိတဲ့ အတိုင်းသား အားကနဲ အော်ကာ ဖြစ်ညှစ်လိုက်ရင် တစ်လုံးတစ်ခဲကြီးဖြစ်နေမှာ မြင်ယောင်နေပြီ။
ချစ်ဖို့ကောင်းလိုက်တာနော်.ဘယ်ဘဝက ကျေးဇူးကြောင့် ဒီလိုချစ်ဖို့ကောင်းတဲ့ မျက်နှာလေးကို ဒီလို အနီးအနားကနေ ကြည့်နေရတာပါလိမ့်။
ပုစ္ဆာက ခက်လို့တယ်ထင်ပါရဲ့၊ မျက်မှောင်ကြုတ်ပြီး စာတွက်နေတဲ့ပုံကိုက အထင်ကြီးချင်စရာပဲ။
ဟောဒီက အစ်က်ိုကြီး ဂယူဘင်းကတော့ စာမှာ အထင်ကြီးစရာတစ်ကွက်မှာတော့မရှိဘူး..ညီလေးရယ်။ ဒါမဲ့..ချစ်တဲ့ နေရာမှာတော့ ဆရာကြီးနော် အထင်ကြီးလိုက်တော့~
အိုမို..
ပေါက်ကရတွေးနေတုန်း..ယူဂျင်းက ဂဏန်းတွေ ချရေးရင်း ချတွက်ရင်း ဂယူဘင်းရှိတဲ့ ကျောက်သင်ပုန်းအခြမ်းကို စည်းကျော်တော့မယ့်အနေအထား။