•13•

331 61 7
                                    



[ယူဂျင်း အသင့်ပြင်ထားလိုက်တော့နော် ခဏနေ ရောက်တော့မယ်]

ဂယူဘင်းက ယူဂျင်းကို ဖုန်းဆက်ကာ အသင့်လုပ်ထားဖို့ အကြောင်းကြားတာဖြစ်တယ်။ ကျောင်းမှာလုပ်တဲ့ ပွဲပေါင်းစုံရဲ့ အသင်းအဖွဲ့တွေက ပျော်ပွဲစား ခရီးတစ်ခုကို သွားဖို့ အကြောင်းဖန်လာသည်။

ဒါပေမဲ့ သူတို့ ဘောလုံးအသင်းတော့မပါခဲ့။
ဂယူဘင်းကလဲ ယူဂျင်း တစ်ယောက် ခရီးများထွက်ချင်နေမလားဆိုတဲ့ အတွေးတစ်ခုဖြင့် ဆရာမတွေဆီက ခွင့်ပြုချက်ကို အရယူခဲ့သည်။

ဂယူဘင်းနှင့် ယူဂျင်းက အက အဖွဲ့တွေနဲ့ အတူ ရောပါပြီး ခရီးအတူ လိုက်ခွင့်ရပြီးနောက် ဂယူဘင်းက အတော်ပျော်နေတယ်။ ဒါ ဘယ်လောက်တောင် ပျော်ဖို့ကောင်းလိုက်လဲ။

ခရက်ရှ် ငယ်ငယ်လေးနဲ့ အတူခရီးသွားရတော့မယ်လေ။

ယူဂျင်းကို 'ခရီးသွားရအောင်' ပြောတော့ ကြောင်ပဲကြည့်နေတာကြောင့် ဂယူဘင်းက ယူဂျင်းရဲ့ ပါးတွေကို ဖြစ်ညှစ်ပြီး 'ခရီးသွားရအောင်' ဆိုတဲ့ စကားကို ထပ်ပြောခဲ့တာ။

ဂယူဘင်းရဲ့ လှုံ့ဆော်မှုဖြင့် ယူဂျင်းလဲ လွယ်အိတ်ထဲ အင်္ကျီ သုံးလေးစုံကို ထည့်ထားလိုက်တယ်။

ကျောင်းက အကအဖွဲ့တွေနဲ့ သွားရမယ့် ခရီးဆိုတာပဲ သိတဲ့ ယူဂျင်းက ဂယူဘင်းဆီက ခိုးပြေးတာတော့ မခံရလောက်ပါ။

အိမ်ရှေ့လမ်းမထိပ်မှာရောက်နေပြီဆိုတဲ့ ဂယူဘင်းကြောင့် ယူဂျင်း အိမ်တံခါးကို သေချာ သော့ခတ်လိုက်သည်။ ပြီးမှ ကုတ်ချောင်းချောင်းဖြင့် လမ်းထိပ်ကို ထွက်သွားတဲ့ ယူဂျင်းသည် အိမ်က မသိအောင် ရည်းစားခိုးထားနေတဲ့ ကောင်ငယ်လေးနဲ့ တူနေ၏။

အခုတောင် ရည်းစားအစ်ကိုကြီးက သတိရလို့ အိမ်ရှေ့လမ်းထိပ်ထိ လာတွေ့ သလိုမျိုးပေါ့။

ယူဂျင်း လမ်းထိပ်ကိုရောက်တဲ့ အခါ ကားအကောင်းစားတစ်စီးက စောင့်ကြိုနေတယ်။ ထိုကားကို မှီပြီးရပ်စောင့်နေတဲ့သူက ဒီနေ့မှ စတိုင်ကျပြီး ရှိုးထုတ်ထားတဲ့ ဂယူဘင်း။

ပြီးတော့ နေကာမျက်မှန်ကိုလဲတပ်ထားသေးတာကြောင့် အမြင်တစ်မျိုးဖြစ်နေတယ်။ဒါပေမဲ့ ကြည့်ကောင်းနေတုန်းပဲ။

𝖲𝗍𝖺𝗋-𝖢𝗋𝗈𝗌𝗌𝖾𝖽 𝖫𝗈𝗏𝖾𝗋𝗌Where stories live. Discover now