ဂယူဘင်း ကျောင်းမသွားတဲ့ နှစ်ရက်ခန့်ရှိပြီ။
တမင်ဂျစ်ပြီးမသွားတာဆိုပေမဲ့ ယူဂျင်းဆီက အမေးစကားကိုတော့ကြားချင်ပါရဲ့။ဂယူဘင်းဆန္ဒကတော့ ပြည့်တာပေါ့...ဒါပေမဲ့လဲ မပြည့်ပြန်ဘူး။ ယူဂျင်းဆီက 'ဘာလို့ကျောင်းကိုမလာတာလဲ' ဖုန်းဆက်အမေးကို ဂယူဘင်းကခပ်ပြတ်ပြတ်လေသံဖြင့် နေမကောင်းလို့ ဟု ပြန်ဖြေရင်း ဖုန်းချခဲ့သည်။
နေမကောင်းဘူးလေ...အနည်းဆုံးတော့ အိမ်လာပြီး လူနာသတင်းလာမေးရမယ်မဟုတ်ဘူးလား။ အဲ့နေ့ကတည်းက ဟန်ယူဂျင်းက ဖုန်းထပ်မဆက်လာတာအခုထိပါပဲ။
စာလဲမလုပ်၊ ကုတင်ပေါ်မှာ သာ သောင်တင်နေတဲ့ ဂယူဘင်းကို ကြည့်ပြီး ဂျီအွန်းကတော့ပြောရှာသည်။
ငပျင်းလုပ်နေရင်း ငဖျင်းဖြစ်တော့မည်ဟု။
သူအဲ့လောက်တောင်ဆိုးဝါးနေပြီလား...ကင််မ်ဂျီအွန်းက ညီဖြစ်သူရဲ့ခံစားချက်တွေမသိပါဘူး သိဖို့လဲ မကြိုးစားဘူး၊သူသိတာ သူ့ရည်းစားငယ်ငယ်လေးကို ဘယ်လိုချစ်ရမလဲဆိုတာပဲ။
ဂယူဘင်းက ယူဂျင်း သူ့ကို မယုံကြည်ပေးလို့ စိတ်ကောက်နေရုံလေးပါ။ အချော့ခံရဖို့လဲ မမျှော်ကိုးပါ။
အဲ့လိုမျှော်နေရအောင်လဲ သူတို့က ရည်းစားတွေဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရှိမနေပဲလေ။
တကယ်ပဲ..အချစ်ဆိုတာ ဘယ်လိုပါလိမ့်....
အချစ်ဆိုတာခဏတာခံစားချက်ကြောင့်ရရှိလာတာတဲ့
ယာယီသဘောမျိုးဆိုရင် ဘာလို့ချစ်နေဦးမှာလဲ လို့ သီချင်းတစ်ပုဒ်မှာ နားထောင်ဖူးတယ်။ထာဝရဆိုတဲ့ စကားလုံးက သဲရဲတိုက်တစ်ခုလိုပေါ့
ငြိမ်သက်နေတဲ့ လှိုင်းလုံးတွေရဲ့အောက်မှာပြိုလဲသွားရပြီ။ဟူး...သက်ပြင်းတွေလဲ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ။
အသက်ရှင်ဖို့တော့ ထမင်းတော့ စားရဦးမယ်မလား။
ဆံပင်စုတ်ဖွားနဲ့ အောက်ထပ်ကိုဆင်းလာပြီး ဧည့်ခန်းထဲမှာ ဖုန်းထိုင်ပွတ်နေတဲ့ ဂျီအွန်းကိုတွေ့တာနဲ့