•15•

316 62 17
                                    

🔺warning- This part includes physical abuse and child abuse.

"တောက်!!"

ဂယူဘင်း စိတ်ရှုပ်စွာ တောက်ခေါက်မိလိုက်သည်။

ယူဂျင်းကို ဖုန်းခေါ်နေတာ အခေါက်အရေ ဘယ်လောက်မှန်းမသိတော့ပါ။ တစ်ရက် ဖုန်းမကိုင်တာ မို့ မအားဘူးထင်ခဲ့တာ။ နောက်နေ့တွေ ဆက်လဲ ယူဂျင်းက ဖုန်းမကိုင်။ နဂိုတည်းက ဖုန်းနဲ့ လူက မကပ်တဲ့သူမို့ ပိုစိတ်ပူရသည်။

ယူဂျင်းနေတဲ့ရပ်ကွက်ကို လိုက်သွားပြီး ဖုန်းဆက်ပေမဲ့ ဒင်းလေးက ဖုန်းမကိုင်တာကြောင့် ဂယူဘင်းတောက်ခေါက်မိသည်။ အသံဖိုင်တွေလဲ ပို့ထားပေမဲ့လဲ အချည်းအနှီး ။

သက်သာစပြုနေပြီဖြစ်တဲ့ ခေါင်းမှာ ပတ်တီးက ဖြုတ်ထားလိုက်ပြီးပေမဲ့ ဟန်ယူဂျင်းကြောင့် ပိုကိုက်လာရသလို။

ယူဂျင်းကို မတွေ့ရတာလဲ တစ်ပတ်လောက်ရှိနေပြီမို့လို့ လွမ်းသေရတော့မယ်။ ဒါကို ဒင်းလေးက သိမှာတောင်မဟုတ်ပါ။

ဒီနေ့လဲ လွမ်းလှပြီမို့လို့ ယူဂျင်းနေတဲ့ရပ်ကွက်အထိ တစ်ကူးတစ်က လိုက်လာပါသော်လဲ အိမ်လိပ်စာက သိမနေတာကြောင့် ဒေါသ က ထပ်ဆင့်ဖြစ်ရပြန်သည်။

ချစ်နေရတဲ့သူကတော့ အဆက်အသွယ်မရတာမို့ စိတ်ပူရတာသေမတတ်၊ အချစ်ခံရတဲ့သူက ဒီလိုတွေကို တွေးမိတာမဟုတ်။

ထူးထူးဆန်းဆန်း ဂယူဘင်းသည် ဒီနေ့မှ ယူဂျင်းက်ို ဒေါသဖြစ်မိသည်။ စိတ်ဆတ်နေတာကြောင့်လဲပါမည်။

အမှန်အတိုင်း ဝန်ခံရရင် ဂယူဘင်းရဲ့ ခေါင်းဒဏ်ရာက မပြင်းထန်ပေမဲ့ တစ်ချက်တစ်ချက် ထိုးကိုက်နေတာကြောင့် စိတ်အခြေနေက ကောင်းသည်မဟုတ်။

အခုနေ ယူဂျင်းက သူ့ကို ဖုန်းတစ်ခါ ပြန်ခေါ်လိုက်တာနဲ့ ဒေါသက ပြေရင်ပြေဦးမှာ။

ဟန်ယူဂျင်း..ဒီအစ်ကိုကြီး မင်းကို လွမ်းပါတယ်ဆိုမှပဲကွာ။




•Star-Crossed Lovers•

ထမင်းစားပွဲအပု တစ်လုံးပေါ်မှာ ဆန်ပြုတ်တစ်ခွက်ရယ် ပဲပြားလိပ်ရယ် ၊ကြက်ပေါင်းရည်ရယ်တင်လိုက်သည်။ ထိုထမင်းစားပွဲ အသေးကို ထယ်ဆန်း မ ယူလိုက်ပြီး သူ့အခန်းထဲ ယူသွားလိုက်တယ်။

𝖲𝗍𝖺𝗋-𝖢𝗋𝗈𝗌𝗌𝖾𝖽 𝖫𝗈𝗏𝖾𝗋𝗌Where stories live. Discover now