•20•

238 32 4
                                    



ယူဂျင်း ပေးခဲ့တဲ့ နက်ကတိုင်ကို လည်ပင်းတစ်ဝိုက်မှာ စည်းနှောင်ပြီးနောက် ကိုယ်လုံးပေါ် မှန်ပေါ်တွင် စစ်ဆေးလိုက်သည်။

ယူဂျင်းပေးတဲ့ နက်ကတိုင်အပြာနုရောင်သည် အနောက်တိုင်း နက်ပြာရောင်ဝတ်စုံနဲ့ လိုက်ဖက်စွာ ရှိနေသေး၏။

ဂယူဘင်း က မှန်ပေါ်မှာ ပေါ်နေတဲ့ ကိုယ့်ပုံရိပ်ကို ကြည့်ပြီး သဘောကျစွာ အသံထွက်တဲ့အထိ ရယ်မော မိလိုက်၏။

မနက်ဖြန် သွားရမယ့် ကျောင်းသားအချင်းချင်း တိုင်ပင်ပြီး ကျင်းပတဲ့ ညစာ စားပွဲဟာ နီးကပ်လို့လာပြီ။

ယူဂျင်းရော ဘယ်လို ပုံစံဝတ်ပြီး လာမှာ ပါလိမ့်လို့ စဉ်းစားမိသွားသည်။

စဉ်းစားကြည့်ရအောင်..အနောက်တိုင်းဝတ်စုံကို ဝတ်လာမည်တော့မဟုတ်ပေ.. အနောက်တိုင်းဝတ်စုံဝတ်ထားတဲ့ဟန်ယူဂျင်းကို မြင်ယောင်ကြည့်တဲ့အခါ ပြုံးမိသွားတော့တယ်။

Boss babyနဲ့တူနေမှာ။

ယူဂျင်းက ပေါ့ပေါ့ပါးပါး ရှပ်အင်္ကျီနှင့် ဂျင်းဘောင်းဘီကို တွဲဝတ်လာမယ်ထင်သည်။

ဘာပဲဝတ်လာလာပါ...ယူဂျင်းဖြစ်နေလို့ကို အရာအားလုံးဟာ လိုက်ဖက်နေမှာ။ ယူဂျင်းက သူ့လက်ကိုတွဲလာရင် ပိုလို့တောင် ပြီးပြည့်စုံပြီး လိုက်ဖက်နေဦးမှာလေ။

ယူဂျင်းဆိုမှ ..အခုချိန် တို့ ယူဂျင်းလေး ဘာတွေများလုပ်နေမှာပါလိမ့်။

ဂယူဘင်းက ကုတင်ပေါ်မှာ ပစ်တင်ထားတဲ့ ဖုန်းကို သွားယူတော့ ချွမ်ရွေ့ဆီက ပို့ထားတဲ့ ဓာတ်ပုံတစ်ပုံကြောင့် ဝင်ကြည့်မိသွားတယ်။

"အော် ..ဒီကောင်ကတော့ အရေးထဲ သူ့ကိုကို နဲ့ ဆယ်လ်ကာရိုက်ထားတဲ့ပုံကို လာပို့ပြီး ကြွားနေတယ်"

ဘာတဲ့..ပို့ထားသေးတဲ့ စာက ဒီနေ့လဲ ကိုကို့နားမှာ အတူတူ တဲ့။

"အမြင်ကတ်စရာ ကြည့်နေ! ဟန်ယူဂျင်းနဲ့ ရည်းစားဖြစ်မှ တစ်မိနစ်တစ််ခါ ပုံတွေပို့ပြမယ် "


You've reached the end of published parts.

⏰ Last updated: Apr 26 ⏰

Add this story to your Library to get notified about new parts!

𝖲𝗍𝖺𝗋-𝖢𝗋𝗈𝗌𝗌𝖾𝖽 𝖫𝗈𝗏𝖾𝗋𝗌Where stories live. Discover now