Title-3

2.5K 317 8
                                    

.liတစ်နေကုန်ပန်းတွေပို့ပြီးလို့အိမ်ပြန်ရောက်တော့အခန်းထဲဝင်ခဲ့လိုက်တယ် အရင်နေ့တွေနဲ့မတူဒီနေ့ဟာညနေဘက်မှပို့တာပြီးသည်...ပို့ရတဲ့နေရာအရမ်းများသည် ရေချိုးဖို့အကျီချွတ်မည်အလုပ်အနောက်ကနေအဖက်ခံလိုက်ရတဲ့ခံစားချက်နဲ့အတူ...
Chae-" သတိရနေခဲ့တာ lili.."
Li-" chae...နင်ငါ့ကိုအမြဲလန့်အောင်လုပ်တာဘဲ ဒီတစ်ခေါက်နင်ပြန်လာတာနောက်ကျတယ်နော်.."
Chae-" ဟုတ်တယ် ‌Appaသင်္ဘောကနိုင်ငံပတ်နေလို့...ငါနင့်ကိုသတိရနေခဲ့တာlili နင်ငါ့ကိုသတိမရဘူးလားဟင် "
Li-" ငါ့မှာသူငယ်ချင်းဆိုလို့နင်ဘဲရှိတာchaeရယ်ငါနင့်ကိုသတိမရဘဲနေပါ့မလား "
Chae-" ဒါပေမယ့်ငါကနင့်ထက်ပိုတယ် ငါ့မှာနင်အဆင်ပြေပါ့မလား တစ်ယောက်တည်းပျင်းနေမလားဆိုတဲ့အကြောင်းကိုအမြဲတွေးနေတာ.."
li-" နင်အမြဲငါ့ကိုချွဲနေတာဘဲchaeရယ် နင်ကကုန်စည်စီးပွားရေးသမားလေ သင်္ဘောတက်တိုင်းပြန်လာရင်နင်ကအဲ့လို."
chae-" မသိဘူးဟာငါနင့်ကိုစောင့်နေတာကြာလှပြီ ဒီနေ့နင်နောက်ကျတယ်.."
Li-" ငါပို့စရာတွေများနေလို့ပါchaeရယ်စိတ်မဆိုးနဲ့နော်..."
Chae-" ပြီးရော..ငါဒီညနင်နဲ့အိပ်မှာ "
Li-" chaeရယ် နင်ဘယ်တုန်းက koreaပြန်ရောက်တိုင်းအိမ်မှာနေလို့ငါနဲ့ဘဲအတူနေပြီး.."
Chae-" ဘာလည်းနင်ကငါ့ကိုငြိုငြင်ပြီပေါ့.."
Li-" မဟုတ်ရပါဘူးရှင် ဒီသူငယ်ချင်းလေးတစ်ယောက်ဘဲရှိတာမငြိုငြင်ရက်ပါဘူး..."
Chae-" ဒါမှ liliကွ.."
...liပါးကိုနမ်းလာတဲ့chaeအနမ်းအားပြုံးပြီးသာလက်ခံလိုက်တယ် chaeအကျင့်ကအမြဲအဲ့လိုဘဲလေ....။
chae-" liliအခုရေချိုးမှာမဟုတ်လားသွားချိုးတော့လေchaeအိမ်ရှေ့မှာအန်တီနဲ့ထမင်းဝိုင်းပြင်ပြီစောင့်နေမယ်..."
li-" အင်းchae ငါရေချိုးပြီးရင်လာခဲ့မယ် "
နောက်ထပ်တစ်ကြိမ်chaeကliပါးကိုထပ်နမ်းကာအခန်းထဲကနေထွက်သွားတယ် အဲ့တော့မှliလည်းအကျီတွေချွတ်ကာရေချိုးခန်းထဲဝင်ခဲ့ပြီးရေချိုးလိုက်တယ် ရေချိုးနေရင်းတောင်မိန်းကလေးjaneရဲ့အပြုံးတွေကိုliပြန်မြင်ယောင်နေမိတယ်...ထူးဆန်းနေသည်မဟုတ်ပါလား....။
.ရေချိုးပြီးတော့ညဝတ်အကျီအပေါ်အောက်ဝမ်းဆက်ဝတ်ကာထမင်းစားဝိုင်းကိုလာခဲ့လိုက်တယ်
Chae-" ချစ်ဖို့ကောင်းနေပါလားlili လာညစာစားကြမယ်.."
Li-" အင်းchae.."
ထမင်းစားတော့liကommaကိုဟင်းတွေထည့်ပေးပြီးchaeကိုဟင်းတွေထည့်ပေးတယ်
chae-" အန်တီလက်ရာလေးကိုလွမ်းနေတာ တစ်နှစ်ပတ်လုံးနီးပါးပင်လယ်စာတွေချည်းဘဲစားနေရတော့ အခုလိုဟင်းတွေမစားရတာတောင်ကြာပြီ "
Limero-" ဒါဆိုများများစားနော်..chaeလေး "
Chae-" nae အန်တီ..."
liတို့ထမင်းစားပြီးတော့liလည်းအခန်းထဲကိုဝင်လာလိုက်ပြီးပြတင်းပေါက်နားထိုင်ကာစာအုပ်ဖတ်ဖို့လုပ်နေတုန်း...
ဒေါက်...ဒေါက်...ဒေါက်...
Chae-" ငါဝင်လာပြီနော်lili..."
Li-" ဝင်လာလေ chae.."
chaeဝင်လာ‌ပြီးliဘေးလာထိုင်ကာနို့ခွက်နှစ်ခွက်လာချ‌တယ်
chae-" ငါနင့်ကိုလွမ်းတယ် lili "
Li-" ငါသိပါတယ် chaeရယ်.."
Chae-" ဒီတစ်ခေါက်သ‌င်္ဘောတက်ရင်ငါနဲ့လိုက်ခဲ့ပါလားliliနင်လည်းငါနဲ့အတူတူဘွဲ့ယူထားတာဘဲလေ..."
liလည်းလက်ထဲကစာအုပ်ကိုပိတ်လိုက်ပြီး...။
li-" နင်လည်းသိတာဘဲ chae..ငါမှာommaကလွဲပြီးနောက်ထပ်တခြားသူမရှိဘူးဆိုတာကိုommaအသက်60ကျော်နေပြီလေ ommaကိုစောင့်ရှောက်ပေးဖို့ငါဘဲရှိတာလေchaeရယ် "
Chae-" ငါနားလည်ပါတယ် liရယ် ဒါပေမယ့်လည်း နင်ပင်ပန်းလွန်းတယ်မဟုတ်လား..."
Li-" ငါမပင်ပန်းပါဘူးchaeရယ် ငါအဆင်ပြေပါတယ် နေ့တိုင်းပန်းပို့နေရတာဘဲရှိတာပါငါအဆင်ပြေပါတယ်.."
Chae-" ငါနင့်ကိုအမြဲသတိရနေတာ..."
li-" ငါရောဘဲchaeရယ် ငါ့မှာအဖော်ဆိုလို့နင်ဘဲရှိတာနင်ကငါ့အချစ်ဆုံးသူငယ်ချင်းဘဲchae...ငါနင့်ကိုအမြဲသတိရပါတယ် "
chaeဟာliကိုဖက်လာပြီး
chae-" ငါငယ်ငယ်ကတည်းကနင့်အနားမှာဘဲရှိချင်ခဲ့တာlili "
li-" ငါလည်းနင့်နဲ့အတူတူရှိချင်ပါတယ်..."
Chae-" ငါဒီတစ်ခေါက်ကkoreaမှာနေရမှာသိပ်မကြာဘူး ဒါပေမယ့်မပူပါနဲ့ငါနောက်နှစ်အတွက်နှစ်ဝက်ဘဲသင်ဘောပေါ်မှာနေရမှာတစ်နှစ်နီးပါးနားချိန်ရှိမှာနောက်နှစ်ကျရင်"
li-".ငါတော့နင့်ကိုသတိရနေတော့မှာဘဲ"
chae-" ငါလည်းနင့်ကိုသတိရတာပေါ့အဲ့တာကြောင့်နင့်အတွက်ငါလက်ဆောင်တွေယူလာတယ် "
Li-" နင်ငယ်ငယ်ကတည်းကငါ့အတွက်ဘဲတွေးပေးနေတယ်chae..."
Chae-" ငါ့မျက်လုံးထဲမှာနင်ဘဲရှိနေတာကိုliliရယ်..ငါနင့်ကိုအရမ်းချစ်တာ"
li-" ကျေးဇူးပါchae...ငါလည်းနင့်ကိုချစ်ပါတယ် "
Chae-" နို့လေးသောက်လိုက်ပါအုံးlili ငါသွားယူစရာရှိလို့.."
Li-" inn inn "
liလည်းchaeယူလာပေးတဲ့နို့ကိုသောက်နေလိုက်ပြီးခနအကြာchaeကအထုပ်တစ်ထုတ်ဆွဲကာliအရှေ့ပြန်လာတယ် အောက်မှာထိုင်လိုက်ကာအထုတ်ကိုဖွင့်နေတော့
li-" ဘာတွေလည်းchae.."
Chae-"နင့်အတွက်ဝယ်လာတာလေ နိုင်ငံပေါင်းစုံရောက်နေတာ နင်နဲ့လိုက်မယ်ထင်တာတွေဝယ်လာတာ.."
li-" လုပ်ပြန်ပြီchae...အများကြီးမဝယ်လာဖို့ပြောထားတယ်လေ "
Chae-" ငါမှမနေနိုင်တာကို..လာ...ဒီကိုလာကြည့် "
liလည်းchaeနဲ့အတူအောက်မှာထိုင်လိုက်တော့
Chae-" ဒါက‌နင်ကြိုက်တဲ့မုန့်တွေ၊ဒါကနင်အကြိုက်အဝတ်အစားတွေ၊ ဒါကနင်ကြိုက်လောက်မယ့်စာအုပ်တွေ၊ကျန်တာကတိုလီမိုလီတွေ နင်သဘောကျမယ်ထင်တာဘဲ "
Li-" ငါသဘောကျပါတယ် ဒါပေမယ့်ငါ့မှာနင့်ကိုပေးစရာဆိုလို့ပန်းပင်တွေရယ်၊စာအုပ်တွေနဲ့သီချင်းတွေဘဲရှိတယ်..."
chae-" ဘာမှာမလိုဘူး နင်ဘဲလိုတယ်လေ...ငါဘက်ကနင့်ကိုပေးချင်လို့ နင်အနားမှာရှိနေရင်ကိုရပြီငါက..."
li-" ငါကအမြဲနင့်အနားမှာရှိနေမှာပါchae.."
chae-" ငါအိပ်ချင်တယ် li အရင်လိုငါ့ကိုသီချင်းဆိုပြပြီးချော့သိပ်ပေးနိုင်မလား "
Li-" ချော့သိပ်မှာပေါ့chaeရယ်..."
liအိပ်ယာပေါ်လှဲလိုက်တော့chaeဟာliကိုဖက်လာတယ် chaeကိုစောင်သေချာခြုံပေးပြီး ကျောပြင်လေးကိုပွတ်ပေးကာသီချင်းလေးငြီးပြီးချော့သိပ်လိုက်တယ် Omma ပြီးရင်liအတွက်ခင်တွယ်ချစ်ခင်ရတဲ့သူကchaeပါဘဲ....ငယ်ငယ်ကတည်းကliနဲ့သာအတူတူရှိလာပြီးအခုချိန်ထိliနဲ့သာအတူတူရှိနေခဲ့တာ...chaeဟာliကိုအရမ်းချစ်ကြောင်းခနခနပြောလေ့ရှိပါတယ်....liတို့နှစ်ယောက်ကညီအမတွေလိုပါဘဲ.....Chaeအဖေဟာကုန်သည်စီးပွားရေးသမားတစ်ယောက်ဖြစ်တဲ့အပြင်နိုင်ငံခြားအနှံ့စီးပွားရေးလုပ်နေတဲ့စီးပွားရေးသမားဖြစ်တယ် သင်္ဘောတွေပိုင်ဆိုင်ထားပြီး မြို့ထဲမှာချမ်းသာတဲ့စားရင်းဝင်တယ်ဆိုရင်လည်းမမှားဘူးပေါ့လေ...ငယ်ငယ်ကတည်းကငွေကြေးပြည့်စုံတဲ့chaeဟာ  သာမာန်လူတန်းစားဖြစ်တဲ့liကိုသာခင်တွယ်သည် နောက်ပြီးchaeအဖေဟာappaရဲ့သူငယ်ချင်းဖြစ်တာကြောင့်chaeအဖေနဲ့အမေဟာliကိုအရမ်းချစ်သည် liမှာလည်းသူငယ်ချင်းဟာchaeတစ်ယောက်ဘဲရှိသလို၊chaeမှာလည်းliတစ်ယောက်တည်းသာရှိသည် တစ်နှစ်မှာတစ်ခါလောက်သာသင်္ဘောနားကာchaeနဲ့တွေ့ရသည်မို့ ဒီအချစ်ဆုံးသူငယ်ချင်းနဲ့liliမခွဲချင်တာမဆန်းပါဘူးလေ...။
#Title-3(end)
#Happy or sadပြီးမှဒါကိုပုံမှန်upနိုင်အောင်လုပ်ပါမယ်အခုကHappy or sadကိုအပြီးသတ်ရေးနေလို့ပါ....။

A heart of the 1970s..Where stories live. Discover now