Story-36

2K 297 8
                                    

One year later
      တစ်နှစ်ကျော်ဆိုတဲ့အချိန်မှာဘာတွေပြောင်းလဲသွားနိုင်လည်း လူတွေလားဒါမှမဟုတ် တို့မမြင်လိုက်ရဘဲသေဆုံးသွားပြီလို့သတ်မှတ်ခြင်းခံလိုက်ရတဲ့ကလေးငယ်ရဲ့နာမည်လား စစ်ပွဲနဲ့ဗုံးကျဲမှုကြောင့်ဘယ်သူမှအသက်ရှင်ခြင်းမရှိဆိုတဲ့ထုတ်ပြန်ခြင်းကတို့နှလုံးသားကိုယိုင်နဲ့စေတယ်ကလေးငယ် ဒါပေမယ့်တို့မယုံဘူးကလေးငယ်ကတို့ဆီပြန်လာမယ်လို့ကျိန်းသေပေါက်ကတိပေးထားခဲ့တာလေ တို့တခြားသူကိုမယုံဘူးကလေးငယ် တို့ချစ်ရတဲ့ကလေးငယ်ကိုဘဲယုံတယ် တခြားသူတွေဘယ်လိုပင်ကလေးငယ်သေဆုံးသွားပြီပြောပြောတို့မယုံခဲ့ ဘာလို့ဆိုတို့နှလုံးသားဟာကလေးငယ်ကြောင့်သာဆက်လက်ရှင်သန်နေခဲ့တာလေ janeသိသည်ကျိန်းသေပေါက်ကလေူငယ်janeဆီပြန်လာအုံးမှာ..ဝိုးတဝါးjaneရဲ့မျှော်လင့်ချက်တွေပေါ့...။
Chae-" jane chaeဒီတစ်ခေါက်သင်္ဘောတက်ရတော့မယ်တစ်ယောက်တည်းအဆင်ပြေပါ့မလား"
     Chaeဟာကလေးငယ်မှာခဲ့တဲ့စကားအတိုင်းjaneကိုအချိန်ပြည့်စောင့်ရှောက်သည် ဒီတစ်ခါတော့သူခရီးသွားရတော့မည်ထင်သည်...janeသူ့ကိုလည်းအားနာလှသည်ကလေးငယ်မရှိတဲ့တစ်နှစ်ကျော်အချိန်တစ်ခုလုံးသူjaneအနားမှာရှိနေခဲ့တာ။
Jane-" သွားလေchae janeကိုစိတ်မပူပါနဲ့ "
Chae-" တကယ်လို့အဆင်ပြေမယ်ဆိုမြို့စားမင်းနဲ့ပြန်နေပါလားjane တစ်ယောက်တည်းနေတာအဆင်ပြေပါ့မလား "
Jane-" ဟင့်အင်းchae အဆင်ပြေပါတယ် ကလေးငယ်ထားသွားတဲ့ဒီခြံကြီးထဲမှာဘဲကလေးငယ်ကိုစောင့်နေချင်တယ် "
Chae-" ပြောမရပါလားjaneရယ်..."
    ဟုတ်တာပေါ့chaeရင်ထဲမှာတောင်liဟာရှိနေတုန်းဆိုတော့janeလိုလူအတွက်တော့မဆန်းပါဘူးလေ,,.။
Jane-" ဘယ်နေ့သွားမှာလည်းchae.."
Chae-" နောက်အပတ်မှပါjane "
Jane-" အင်းပါ chae "
One week later
Chae-" သေချာနေနော်jane chaeစိတ်ချမယ်နော် "
Jane-" ဘာမှမပူနဲ့chae သေချာသာကျန်းမာရေးဂရုစိုက်ပါ "
Chae-" nae ဒါဆိုchaeသွားပြီနော်.."
Jane-"  nae.."
     chaeသင်္ဘောပေါ်တက်ပြီးမကြာမှီဆိပ်ကမ်းကနေစတင်ထွက်ခွာတယ် လည်တိုင်ထပ်မှာပတ်ထားတဲ့မာဖလာအဝါရောင်လေးကိုငုံနမ်းကာမျက်ရည်ကျနေမိသည်။
Chae-" နင်မပါဘဲဒီရေပြင်တွေဆီငါထွက်ခဲ့ရပြီli ငါနင့်ကိုသတိရလိုက်တာ လွမ်းလိုက်ရတာ ဘယ်လိုဘဲဖြစ်ဖြစ်နင်ကငါ့နှလုံးသားထဲမှာအမြဲရှင်သန်နေတာ ချစ်တယ်lalisa..."
     မျက်ရည်တွေနဲ့အတူပင်လယ်ပြင်ကိုကြည့်နေမိသည်။
At jane's side
     jane chaeတို့သင်္ဘောထွက်တာနဲ့မြို့ထဲကမရောက်တာကြာပြီဖြစ်တဲ့အထည်တိုက်ဆီကိုသာလာဖြစ်ခဲ့တယ် ဆိုင်ထဲမှာပစ္စည်းတွေစစ်နေတုန်း
Girl-" ဒါဘဲလိုချင်တာ ဒါမှမရရင်ဘာမှမယူတော့ဘူးunnie,."
Irene-" လိမ်မာပါတယ်ကွယ်သူတို့ကဒါကိုမရောင်းဘူးတဲ့ kimလေးလိမ်မာ‌တယ်နော်"
Girl-" မရဘူးဒါမှဒါဘဲ ဒါkimလိုချင်တဲ့ကွက်တိပုံစံပါဆို..."
      ကြားနေရတဲ့အသံကိုနားစွင့်နေရင်း
Jane-" ဘာအသံတွေလည်း "
Girl-" မမလေးချုပ်ထားတဲ့သီးသန့်ဝတ်စုံတွေထဲကsuitကိုလိုချင်လို့ပါတဲ့ဘယ်လိုရှင်းပြပြမရပါဘူး "
    ဒါကလေးငယ်အတွက်ချုပ်ထားတာမို့janeလုံးဝမရောင်းနိုင် janeချက်ချင်းအရှေ့ထွက်သွားကာ
Jane-" ဒီဝတ်စုံကရောင်းဖို့မဟုတ်ပါဘူး "
Irene-" အာ ဒီကမိန်းကလေးက "
Jane-" ဒီဝတ်စုံကိုချုပ်တဲ့သူပါ.."
Irene-" အာ အဲ့တာဆိုအကူအညီတောင်းပါတယ် ဒီဝတ်စုံလေးရောင်းလို့မရဘူးလားလိုသလာက်ပေးပါမယ်kimလေးကအရမ်းလိုချင်နေလို့ပါ"
Jane-" မရပါဘူးရှင့်ဒါလူတစ်ယောက်အတွက်သီးသန့်ချုပ်ထားတာမို့ရောင်းလို့မရပါဘူးရှင့် "
Girl-" ဒါတိုဘာလို့တင်ထားနေသေးလည်းလူကိုလိုချင်အောင် "
    ထိုနောက်ကျောပေးထားတဲ့မိန်းကလေးပြောစကားကြောင့်ဒေါသထွက်မိသည်။
Jane-" ဒီမှာ ဒါဆိုင်ကအလုပ်ပါတင်မယ်မတင်တာကရောင်းတာမရောင်းတာလည်းကျွန်မတို့အပိုင်းဘဲ "
Girl-" ကျစ် unnieပြန်ရအောင်kimမလိုချင်တော့ဘူး....."
Jane-" ကလေးငယ်..."
     janeဘက်ကိုမျက်မှောင်ကြုံ့ကာကြည့်လာတဲ့မိန်းကလေးကြောင့်janeကြောင်သွားရသည် သူဟာကလေးငယ်ပါ ဆံပင်တိုတာကလွဲရင်ကျန်တာအကုန်ကလေးငယ်အစစ် မျက်ဝန်းနားကမှဲ့တွေလည်တိုင်နားကမှဲ့တွေမှတ်မိတာပေါ့janeအကုန်မှတ်မိတယ်။
      janeအတင့်ရဲစွာဘဲကလေးငယ်ရဲ့ပါးကိုကိုင်လိုက်တော့
Kim-" ဒါဘာလုပ်တာလည်း သူများပါးကို.."
       janeထပ်အဆင့်တက်ကာဖက်လိုက်သည်
Jane-" ကလေးငယ် နောက်ဆုံးတော့ပြန်လာပြီပေါ့နော် တို့စောင့်နေခဲ့တာ.."
Kim-" ဟာ...ဘာလို့လာဖက်နေတာလည်း unnieလုပ်ပါအုံး "
Irene-" ဒီမှာမိန်းကလေးဖယ်ပေးပါအုံး.."
     အသံတွေဆူညံ့နေတာကြောင့်jiဆိုင်ရှေ့ထွက်လာတော့janeဖက်ထားတဲ့မိန်းကလေးကိုမြင်ကာကြောင်သွားသည်
ji-" lisa ပြန်ရောက်လာတာလား.."
Kim-" ဟာရှင်ကပါဘာဖြစ်တာလည်း.."
     ထိုမိန်းကလေးဟာစိတ်ရှုပ်နေဟန်ပင်
kim-" ဒီမှာဘာလို့အဲ့လောက်ဖက်နေရသလည်း လွှတ်ပါ.."
Jane-" တို့လေRuby janeလေ ကလေးငယ် တို့ကိုကြည့်ပါအုံးကွယ် တို့ကိုမမှတ်မိဘူးလားဟင် "
Irene-" ဒီမှာမိန်းကလေးတို့kimလေးအနားကဖယ်ပေးပါ  "
      စကားပြောနေတဲ့မိန်းကလေးဟာlisaအားkimလို့ပြောကာသူ့အနောက်ကိုပို့လိုက်သည်။
Irene-" ရှင်တို့ဘာလို့kimလေးကိုအခုလိုလုပ်နေတာလည်း ကျေးဇူးပြုပြီးခုနကလိုမပြုမူပါနဲ့..လူမှားနေတယ်ထင်တယ်"
Jane-" ကလေးငယ် အဟင့်...အဟင့်..."
     janeနင့်နင့်သီးသီးငိုနေမိတယ် janeဘယ်လိုလုပ်လူမှားနိုင်မလည်း မှတ်မိတာပေါ့အဲ့မျက်ဝန်းတွေ မှဲ့တွေ မျက်နှာလေးနဲ့ခန္ဓာကိုယ်တစ်ခုလုံးကို..janeကချစ်ရသူပါ အခုတော့ကလေးငယ်ကjaneကိုစိမ်းကားစွာကြည့်နေသည် janeနှလုံးသားကခံနိုင်ရည်မရှိဘူးကလေးငယ်ရယ်..။
ji-" jane သတိထားအုံး..."
    လဲကျသွားတဲ့janeခန္ဓာကိုယ်ကိုjiဆွဲပွေ့လိုက်သည်။
kim-" ဘာဖြစ်တာလည်းunnie...."
Irene-" ခနလေးkimလေးunnieကြည့်လိုက်မယ်  ဒီမယ်ကျွန်မကဆရာဝန်ပါတစ်ဆိတ်လောက်သူ့ကိုကြည့်ပေးရမလား "
Ji-" nae jiသူငယ်ချင်းကိုကယ်ပါအုံး "
Irene-" အခန်းထဲတချက်လောက်ရွေ့ပေးကြပါသူ့ကို "
      ဘေးနားမှာရှိတဲ့သူတွေဟာjaneကိုအခန်းထဲခေါ်သွားကြတော့သည်။
#

A heart of the 1970s..Where stories live. Discover now