Title-18

2K 276 6
                                    

        liခန္ဓာကိုယ်ကိုတိုင်းပြီးတော့
Jane-" သွားကြရအောင်lisa....lisaမွေးနေ့အတွက်တို့တွေသွားသောက်ကြ‌တာပေါ့.."
Li-" နေ့လည်ဘက်ကြီးသောက်မလို့လား.."
Jane-" အဲ့တာလည်းဟုတ်သားဘဲ...ဒါဆိုစျေးသွားရအောင်လေ..ညကျရင်ဘာစားကြမလည်း."
Li-" မိန်းကလေးjaneကရောဘာစားချင်လည်း.."
Jane-" ပင်လယ်စာဆိုရင်ရော....ဆိုဂျူနဲ့ဆိုကွက်တိဘဲ...အစပ်လေ..."
li-" မိန်းကလေးjaneသဘောလေ ဒါဆိုစျေးမှာသွားဝယ်ကြတာပေါ့.."
jane-" nae..lisa..."
      မိန်းကလေးjaneနဲ့အတူမြို့စျေးထဲထွက်လာကာပင်လယ်စာဝယ်ကြတယ်ဆိုဂျူနဲ့တခြားဟာတွေဝယ်ကာအိမ်ပြန်ခဲ့ကြတယ်
jane-" ဘယ်ကစလုပ်ရင်ကောင်းမလည်း."
Li-" မိန်းကလေးjaneခနသွားနားလိုက်ပါလားပင်ပန်းနေပြီပေါ့အပြင်သွားထားတာ..."
Jane-" မဟုတ်တာမွေးနေ့ရှင်ကငြိမ်ငြိမ်လေးနေတို့ကချက်ကျွေးချင်လို့ညနေတောင်စောင်းနေပြီလေအခုချက်မှရမယ်..."
Li-" ဒါဆိုliliဝိုင်းကူပေးမယ်နော် "
     မိန်းကလေးjaneကပြုံးကာ
Jane-" ဒါဆိုlisaကပင်လယ်စာတွေကိုရေဆေးပေးနော်...."
Li-" nae...."
      liလည်း ပင်လယ်စာတွေကိုရေဆေးပေးနေကာ မိန်းကလေးjaneကတော့ချက်ဖို့ပြင်နေတယ်...နောက်တော့ မိန်းကလေးjaneကချက်ပြု‌တ်နေပြီး liliကတော့ရေချိုးပြင်ဆင်ရတယ်...ရေချိုးရင်းပင် မိန်းကလေးjaneအကြောင်းတွေးပြီးသာပြုံးနေမိတယ်...ရေချိုးပြီးပြန်ထွက်လာတော့...liလည်းခြံထဲမှာခုံတွေနေရာသေချာချကာသေချာပြင်ဆင်နေတယ်....အိမ်ထဲပြန်ဝင်လာပြီး
li-" ရေသွားချိုးတော့လေမိန်းကလေးjane liliပြင်ထားလိုက်မယ်"
Jane-" ကျေးဇူးနော်lisa တို့ဒါဆိုရေသွားချိုးလိုက်အုံးမယ်.."
li-" nae...."
      မိန်းကလေးjaneရေသွားချိုးတော့liလည်းအကုန်လုံးသေချာထည့်ကာခြံထဲပြန်လာပြီး မိန်းကလေးjaneကိုစောင့်နေခဲ့တယ်...စောင့်နေရင်းပင်..နှင်းဆီပင်တွေနားသွားလိုက်တယ်..မိန်းကလေးjaneကိုပန်းမပေးရတာတောင်တစ်ပတ်လောက်ရှိနေပြီဆေးရုံကဆင်းလာကတည်းကပင်...liလည်းနှင်းဆီပန်းတွေကိုချိုးလိုက်ကာ ပန်းစည်းလုပ်ဖို့ရှိသေး အဆူးကလက်ထဲဝင်သွားကာရုန်းမိသွားတာကြောင့်ပိုဆိုးသွားကာရှရာကြီးဖြစ်သွားသည်
Li-" အ......"
jane-" lisa...."
      မိန်းကလေးjaneဟာliအနားရောက်လာကာliလက်ကိုယူပြီးသူ့နှုတ်ခမ်းပါးနဲ့ငုံထွေးလိုက်တယ်....liနှလုံးသားဟာဗုံးပါက်သလိုပေါက်ကွဲကာမိန်းကလေးjaneကိုငေးကြည့်နေမိတယ်..အဲ့အချိန်liကို့မော့ကြည့်လာတဲ့မိန်းကလေးjaneနဲ့အကြည့်ချင်းဆုံသွားမိတယ်.....အလှဆုံးဘဲအပစ်ကင်းစင်လွန်းတယ်....liကျန်လက်တစ်ဖက်ကနေမိန်းကလေးjaneရဲ့ပါးကိုကိုင်တွယ်လိုက်မိတယ် liတောင်သတိမထားမိလောက်အောင်liစိတ်တွေဟာလွတ်နေခဲ့ပြီ..
li-" liliအဆင်ပြေပါတယ်....";   
     အကြင်နာအကြည့်တွေအဲ့အကြင်အနာအကြည့်တွေကြောင့်liရူး‌နိုင်တယ်။
jane-" lisa.....အာ...."
    မိန်းကလေးjaneကliလက်ကိုလွှတ်ပေးကာသေချာကြည့်ပြီး
Jane-" နက်နေတာဘဲလာဆေးသွားထည့်ကြမယ်...."
Li-" ကိစ္စမရှိပါဘူးliliက ဒီလိုဒဏ်ရာတွေရဖူးနေကြ liliကြောင့်အားနာစရာဖြစ်သွားရပြန်ပြီ  "
Jane-" မဟုတ်တာlisa...."
li-" ဒီမှာ မိန်းကလေးjaneအတွက်ပန်း.."
jane-" လှလိုက်တာ ကျေးဇူးပါlisa..."
     နှစ်ယောက်လုံးဘာပြောရမှန်းမသိဘဲအတော်အတန်တိတ်ဆိတ်နေမိတယ် အရှေ့ကပုပုသေးသေးအမျိုးသမီးလေးကြောင့်liကြာလေအချစ်နွံထဲမှာနစ်လေပါဘဲ,..။
jane-" ...ပင်လယ်စာတွေအေးတော့မယ်စားကြမလားဟင်..."
Li-" အာ...စားကြတာပေါ့.."
    liတို့လည်းပင်လယ်စာစားကာဆိုဂျူသောက်နေရင်းညနက်လာတော့liliဟာမူးနေပြီလေ...။
li-" aigoo ပါးလေးတွေဖောင်းနေတာဘဲပြပါအုံး..."
Jane-" lisa မူးနေပြီလား "
li-" မမူးပါဘူးနော်..ဟဟ...liliမမူးဘူးပါးလေးတွေဖောင်းပြီးဆူနေတဲ့ဒီနှုတ်ခမ်းလေးရယ်...."
Jane-" lisa.အိပ်တော့မလား..."
Li-" chaeyoung yaa အရူးမကြီးလွမ်းလိုက်တာ.."
jane-" chaeyoung......lisa...မူးနေပြီ"
Li-" jane shi.....ဖက်ထုပ်လေးliliအနားမှာနေနော်....liliကြောက်တယ် "
Jane-" အင်းအင်းတို့ကဒီမှာရှိတယ်..."
Li-" ချော့သိပ်ပါ...နော်...."
Jane-" ဒါဆိုတို့lisaကိုအခန်းထဲလိုက်ပို့ပေးမယ်နော်..."
li-" ဒီမှာလေအခန်းထဲရောက်နေပြီကို "
Jane-" lisaမူးနေပြီလာသွားအိပ်မယ်နော်.."
Li-" jane....မိန်းကလေးjane...."
      janeလည်းlisaကိုအခန်းထဲခေါ်ခဲ့ကာ သေချာအိပ်ဖို့လုပ်ပေးရတယ် တကယ်မလွယ်ပါဘူး...။
Three months later
13.6.1970
         liအခုအရာရာပုံမှန်လည်ပတ်နေပြီ မြို့စားမင်းပြန်လာလို့မိန်းကလေးjaneဟာအိမ်ပြန်သွားခဲ့ပြီ ဒီတလောမိန်းကလေးjaneက အသစ်လုပ်ရမယ့်desingတွေရှိလို့အရင်လိုနေ့တိုင်းမတွေ့ဖြစ်ဘဲတစ်ပတ်နှစ်ခါလောက်သာတွေ့ဖြစ်ကြတယ်..မိန်းကလေးjaneကိုအဝေးကငေးကြည့်ရဆာliပင်ပန်းလာသည် liအချစ်ဟာဘာများမှားနေခဲ့သလည်း လူတစ်ဦးကလူတစ်ဦးကိုချစ်တာဘာတွေမှားယွင်းနေလည်းဆိုတာliရှာမတွေ့...ဖြစ်နိုင်မယ်ဆိုမိန်းကလေးjaneထံသို့liအချစ်တွေကိုဝန်ခံချင်ပါသည်...။
Man-" စာလာတယ်ဗျို့.."
Li-" nae ပေးခဲ့ပါ..." 
     liလည်းကြည့်လိုက်တော့chaeဆီကပင်...
     {သို့/lisa
             ပျော်စရာသတင်းဘဲlili ဒီကုန်ရင်ငါကိုရီးယားကိုပြန်ရောက်ပြီင့်အနားမှာကြာကြီးနေနိုင်တော့မယ်lili...ငါင့်ကိုလွမ်းလိုက်တာ..သတိရတယ်liliကုန်ကျရင်ပြန်ရောက်မှာမို့ငါ့ကိုစောင့်နေနော် ချစ်တယ်ငါ့ရဲ့liliလေး...။
                            ချစ်ဖို့အကောင်းဆုံး
                             Park chaeyoung}
li-" အရူးမလေးပြန်လာတော့မှာပေါ့..မိန်းကလေးjaneဆီသွားပြောပြရမယ်."
     liလည်းစက်ဘီးနဲ့မိန်းကလေးjaneရဲ့အထည်တိုက်ဆီလာတော့ မြင်လိုက်ရတာကြောင့်liအပျော်တွေပျောက်သွားတယ် မိန်းကလေးjaneနဲ့ရယ်မောကာစကားပြောနေတဲ့အမျိုးသားတစ်ဦး အဲ့အတိုင်းလေးဘဲသူတို့ကိုအပြင်ကနေကြည့်နေမိတယ်...liကမဖြစ်နိုင်တာကိုမျှော်လင့်နေခဲ့မိတာဘဲ အတူတူရှိခဲ့တဲ့တစ်လျှောက်မိန်းကလေးjaneအခုလိုပြုံးပျော်ကာစကားပြောနေတာliမမြင်ဖူးခဲ့....သူတို့စကားပြောနေကြသည်မှာဆိုင်ရှေ့မှာရပ်နေတဲ့liကိုပြင်မြင်ကြပါ liလည်းစက်ဘီးလေးကိုတွန်းကာအိမ်ပြန်လာခဲ့ပြီးပန်းခင်းထဲထိုင်ကာငိုနေမိတယ် liမသိခင်အချိန်မှာဘဲliဘဝဟာမိန်းကလေးjaneကိုအရမ်းလိုအပ်နေခဲ့ပြီ မရှိမဖြစ်ပေါ့...။

A heart of the 1970s..Where stories live. Discover now