Title-16

1.8K 275 2
                                    

Three days later
24.3.1970
Ommaစျာပနပြီးကတည်းကliliတမိုင်မိုင်တထွေထွေဖြစ်နေမိတယ် ခြံကြီးထဲမှာliliတစ်ယောက်တည်း ဘယ်လိုဘဲဖြစ်ဖြစ်liစိတ်ကိုliသာဖြေလိုက်သည် အရာအားလုံးကဖြစ်ပြီးခဲ့ပြီမဟုတ်လားliလည်းommaကိုအကောင်းဆုံးကုသပေးခဲ့တာဘဲလေ...ဆိုင်ကိုအရင်လိုပြန်ဖွင့်တယ် ဒါပေမယ့်အရင်လိုမဟုတ်တာတော့အရမ်းအလုပ်များတာပါဘဲ တစ်ယောက်တည်းစားရင်းမှတ်ပြီးတစ်ယောက်တည်းစိုက်ပျိုးပြီးတစ်ယောက်တည်းလိုက်ပို့ရတယ် ဒါတွေလုပ်နေရတာမဆန်းဘူးဆိုပေမယ့်အရင်လိုမနက်စာပြင်ပေးနေကြommaမရှိတော့ဘူး၊ liliပြန်လာတိုင်းစောင့်နေမယ့်Ommaမရှိတော့ဘူး၊ အမြဲliကိုစိတ်ပူပေးနေတဲ့ommaမရှိတော့ဘူး ဂရုစိုက်မှုတွေနဲ့နေသားကျနေလို့လားမသိပေမယ့် ommaမရှိတော့liအတွက်အရမ်းခက်ခဲပါတယ်...။
အခုတော့ညဘက်ရောက်နေပြီ လွန်ခဲ့တဲ့တစ်ပတ်ဆေးရုံမှာliliလဲနေကတည်းကchaeပို့လာခဲ့တာကိစ္စတွေရှုပ်လွန်းလို့မဖတ်မိတဲ့စာလေးကိုအခုမှဖွင့်ဖတ်မိတယ်...
{ သို့/Lili
......ငါအန်တီသတင်းကြားတယ်lili ငါနင်နဲ့ထပ်တူဝမ်းနည်းပါတယ် နင်အရမ်းဝမ်းနည်းနေမယ်ဆိုတာလည်းငါသိပါတယ်...Ommaစာပို့လာတယ်lili အန်တီဆုံးသွားလို့နင်မေ့လဲပြီးဆေးရုံတင်ထားတယ်တဲ့ အဲ့အရာကငါ့ရင်ကိုပူလောင်စေတယ်lili ငါ့စိတ်ကိုလည်းကျဥ်းကျပ်စေတယ် အခုချိန်မှာငါင့်အနားရှိနိုင်လို့ငါအရမ်းနေခက်တယ်lili နင်အဆင်ပြေဖို့ကိုငါ့မှာဆုတောင်းပေးရုံကလွဲပြီးတက်နိုင်လို့ ကျေးဇူးပြုပြီးင့်ကိုနင်ဂရုစိုက်ပါlili ဝမ်းနည်းနေတယ်ဆိုပေယ့်လည်းရှေ့ဆက်ရမယ့်လမ်းတွေရှိသေးတယ်လေ....အန်တီကကောင်းမွန်တဲ့တစ်နေရာကနေင့်ကိုကြည့်နေမှာပါ..lili..နင်ကသန်မာပါတယ်lili...အဆင်ပြေအောင်နေပါ ငါပြန်လာရင်ငါင့်ကိုစောင့်ရှောက်ပေးပါမယ်....ကျေးဇူူပြုပြီးlili ငါရင်တွေအရမ်းပူနေတယ်  စာရရင်ငါ့ကိုစာပြန်ပါlili
                          ချစ်လှစွာသော
                        Park Chaeyoung}
li-" chaeရယ်အခုငါ့မှာဘယ်သူမှမရှိတော့ဘူးနင်ကလွဲလို့ "
       liလည်းchaeအတွက်စာလေးရေးကာသေချာသိမ်းပြီး အိပ်ယာပေါ်လှဲလိုက်တယ်....အတွေးတွေဟာမြောလွင့်နေတုန်း နံရံပေါ်အကြည့်ရောက်သွားတယ် Ommaနဲ့liliရိုက်ထားတဲ့ပုံရဲ့ဘေးမှာပုံကြီးချဲ့ထားကာဘောင်သေချာကွတ်ထားတဲ့ဓာတ်ပုံဘောင်ကြီး
မိန်းကလေးjaneနဲ့liliဓာတ်ပုံဆိုင်မှာရိုက်ထားတဲ့ပုံပင်.....မခို့တရို့ပြုံးနေသည့်မိန်းကလေးjaneဟာသိပ်လှသည်...ဒါနဲ့ဒီလောက်ကြီးတဲ့ဒီဓာတ်ပုံကliတောင်မသိဘဲliအခန်းထဲမှာဘယ်လိုဖြစ်လို့နေရာတကျနေရာယူထားရတာလည်း...မိန်းကလေးjaneလာချိတ်ထားတာဖြစ်မည် မဟုတ်ရင်liအခန်းကိုဘယ်သူမှမှဝင်လို့မရတာ ဒါပေမယ့်မသိတာကဘယ်အချိန်မှာလာချိတ်သွားတယ်ဆိုတာပင်....အတွေးတွေနဲ့အတူliမျက်လုံးတွေမှိတ်ကာအိပ်စက်လိုက်တယ်...။
25.3.1970
      liနိုးလာတော့ ပုံမှန်အတိုင်းပြင်ဆင်ကာဆိုင်ဖွင့်သည် မနက်စာစားဖို့လည်းသတိမထားမိဘဲပန်းတွေစစ်နေသည်
တီ...တီ
      ဆိုင်ရှေ့မှာဂျစ်ကားဟွန်းသံကြားလို့လှမ်းကြည့်လိုက်တော့ မိန်းကလေးjaneပင်...liliရှိတဲ့နေရာဆီလာကာ
jane-" ကောင်းသောမနက်ခင်းပါlisa..ညက‌ကောင်းကောင်းအိပ်ပျော်ရဲ့လား.."
Li-" nae အိပ်ပျော်ပါတယ်မိန်းကလေးjane..."
jane-" ဘာစားပြီးပြီလည်းlisa...."
li-" ဘာမှမစာရသေးပါဘူးမိန်းကလေးjane liliပန်းပင်တွေစီနေလို့"
jane-" တို့လည်းဘာမှမစားလာရသေးတာနဲ့အတူတူဘဲတစ်ခုခုစားပြီးမှသွားကြတာပေါ့lisa..."
Li-" nae မိန်းကလေးjaneပြောသလိုဘဲလုပ်ကြတာပေါ့..."
jane-" ကောင်းပြီlisa...."
     liလည်းစက်ဘီးထဲကိုပန်းပင်တွေထည့်ကာဆိုင်ပိတ်ပြီးပန်းလိုက်ပို့ဖို့လုပ်တော့
Jane-" ဒီနေ့တို့ lisaအနောက်မှာထိုင်လိုက်လို့ရမလားဟင် "
     ဘယ်လိုတောင်းဆိုမှုလေးလည်း liအူတွေအသည်းတွေလှိုက်ဖိုသွားစေတယ်....
li-" nae...nae...ရတာပေါ့...."
        မိန်းကလေးjaneကliအနောက်မှာထိုင်ကာ...liလည်းမနက်စာစားဖို့ဖက်ထုပ်ဆိုင်တစ်ခုကိုလာခဲ့လိုက်တယ် ဖက်ထုပ်ဆိုင်ရောက်တော့ဖက်ထုပ်မှာကာနှစ်ယောက်သားထိုင်နေကြတယ်
jane-" lisa အခုအိမ်မှာတစ်ယောက်တည်းအဆင်ပြေရဲ့လား "
li-" ပြေပါတယ် မိန်းကလေးjane..."
Jane-" အကူအညီတောင်းစရာလေးတစ်ခုရှိတယ်..lisa..."
    lisaလည်း မိန်းကလေးjaneကတစ်ခါမှအကူအညီမတောင်းစဖူးတောင်းလာတာကြောင့်....
Li-" ပြောပါမိန်းကလေးjane liဖြစ်နုိင်မယ်ဆိုအကုန်ကူညီပါမယ်"
Jane-" မနေ့ညကoppaကအလုပ်ကိစ္နဲ့အစည်းအဝေးတက်စရာရှိလို့ဂျပန်ကိုခနထွက်သွားတယ်lisa...လကုန်မှပြန်လာမှာ အဲ့တာဒီတလောအတွင်းတစ်ယောက်တည်းနေဖို့အဆင်မပြေလို့lisaအိမ်မှာရက်ပိုင်းလောက်လာနေလို့ရမလားဟင်.....lisa..အဆင်ပြေမှပါ"
       ဟုတ်တာပေါ့ မိန်းကလေးjaneတစ်ယောက်တည်းဘယ်လိုနေရဲမှာလည်း...
li-" ရတာပေါ့ လာနေပါ liလည်းတစ်ယောက်တည်းလေ ဘေးမှာလည်းommaမရှိတော့အခန်းကလွတ်နေတာရှင်းထားတာရှိတယ်....ပြောင်းလာမယ့်အချိန်ကျပြောပါliliဝိုင်းကူပေးပါ့မယ် "
jane-" ဒါဆိုကျေးဇူးပါlisa...ညနေကျရင်ပြောင်းကြတာပေါ့...."
Li-" ကောင်းပါပြီ မိန်းကလေးjane "
     နှစ်ယောက်သာစကားကောင်းနေတုန်း
BOy-" မှာထားတာတွေရပါပြီအရသာရှိရှိသုံးဆောင်ကြပါ "
Li-" nae..."
    liလည်းဖက်ထုပ်စားနေရင်း မိန်းကလေးjaneကိုသာခိုးကြည့်နေမိတယ် မနက်ဖြန်ဆိုတာဘာမှန်းမရေရာတဲ့အချိန်ကြီးမှာliချစ်ရတဲ့မိန်းကလေးjaneအနားမှာliနေချင်မိတယ် မဖြစ်သင့်ဘူးဆိုတာကိုသိပေမယ့်အဲ့အရာတွေကိုliမစဥ်းစားချင်တော့ဘူး liခံစားချက်ကိုသာဦးစားပေးချင်မိသည်...။
jane-" ဒီဆိုင်လေးစားကောင်းတယ်နော်lisa နောက်တစ်ခါထပ်လာရမယ်..."
     liလည်းမိန်းကလေးjaneပန်းကန်ထဲကိုဖက်ထုပ်တည့်ပေးရင်း....
Li-" မိန်းကလေးjaneသဘောကျတယ်ဆိုliliတို့နောက်တစ်ခါလည်းလာစားကြတာပေါ့..."
Jane-" တကယ်နော်lisa..."
li-" မိန်းကလေးjaneသွားချင်တဲ့အချိန်ပြောပါliliလိုက်ပို့ပေးမယ်"
Jane-" ကျေးဇူးပါlisa..."
     မနက်စာကိုကောင်းမွန်စွာသုံးဆောင်ပြီး...ပန်းလိုက်ပို့ခဲ့တယ် ပန်းပို့ပြီးတော့စာတိုက်ကိုလာလိုက်တယ်...
jane-" စာတိုက်ကိုဘာကိစ္စနဲ့လာတာလည်းlisa..."
Li-" chaeဆီစာပို့မလို့လေ သူliဆီကပြန်စာကိုစောင့်နေတာကြာလောက်ပြီထင်တယ် "
jane-" အော်......"
      liလည်းစာတိုက်မှာစာအိတ်အပ်ကာ မိန်းကလေးjaneနဲ့အတူသူ့အိမ်ကအိတ်တွေသွားယူကာliအိမ်ကိုပြန်လာခဲ့တယ် တစ်အိမ်ထဲမှာအတူရှိနေတယ်ဆိုတဲ့အသိနဲ့တင်liရင်ခုန်သံတွေကိုမြန်စေတယ်....။

A heart of the 1970s..Where stories live. Discover now