Title-26

2.1K 297 6
                                    

8.2.1970
     ဒီနေ့သူနဲ့တွေ့တယ် မတွေ့ရတာကြာလို့အရမးလွမ်းနေပေမယ့်သူကတော့ဟိုတစ်ယောက်သင်္ဘောတက်သွားလို့ငိုနေပြန်တယ် janeကလွဲပြီးသူ့ကိုတခြားတစ်ယောက်နဲ့မတွေ့စေချင် janeအတ္တကြီးသွားသလား..ဒါပေမယ့်janeတို့ကဖြစ်နိုင်ပါ့မလား ဒါပေမယ့်မနက်ဖြန်လာခဲ့မယ်ဆိုတဲ့တိကျတဲ့စကားကိုတော့ကြားခဲ့ရလို့ဒီနေအတွက်လုံလောက်ပါတယ်.....။
9.2.1970
     . သူကသူ့အမေကိုအရမ်းချစ်တာဘဲ...janeမိဘကိစ္စကြောင့်ဝမ်းနည်းတုန်းကတောင်သူကဝမ်းနည်းအောင်စကားလမ်းကြောင်းလွှဲပေးသေးတယ် သူကတကယ်ကောင်းမွန်တဲ့လူပါ အဲ့လူသားလေးကိုjaneအပိုင်လို့သတ်မှတ်ချင်မိပါတယ် ခင်ဖို့ကောင်းတယ်ဆိုတဲ့အစား ချစ်ဖို့ကောင်းလွန်းတယ်လို့ပြောချင်ခဲ့တာဒါပေမယ့်ပြောမထွက်ခဲ့ပါဘူး....တကယ်လည်းပြောပြချင်ပါတယ်..။
10.2.1970
       ဒီနေ့မြို့ထဲသွားကာပဲခေါက်ဆွဲသွားစားကြတယ် သူနဲ့သူ့သူငယ်ချင်းအမြဲလာနေကြဆိုင်မို့ဆိုင်ရှင်အန်တီကြီးနဲ့သူ့သူငယ်ချင်းအကြောင်းပြောနေသည်ကိုမနာလိုဖြစ်နေမိသည် janeသည်သူ့ဘဝမှာပထမဆုံးဖြစ်ချင်ခဲ့မိတာ....ပဲခေါက်ဆွဲစားနေတဲ့သူ့ကိုခိုးကြည့်နေမိတာသူသိပါ့မလား သူစားနေတာလေးကိုအမြဲတမ်းအဝေးကဘဲခိုးကြည့်နေခဲ့ရလို့လားမသိပေမယ့် အခုလိုအနီးကပ်အချိန်မှာလည်းရှက်နေမိတယ်....။
14.1.1970
       သူဒီနေ့ဟာ‌သတွေပြောပြနေတာ သိပ်ချစ်ဖို့ကောင်းတာဘဲ...။
16.2.1970
       မနက်ဖြန်သူနားရက်လေjaneဆီမလာဘူးထင်ပါရဲ့.....။
17.2.1970
         ဒီနေ့သူ့အိမ်လိုက်သွားတော့ဖော်ရွေတဲ့သူ့အမေနဲ့တွေ့ရတယ် စိတ်ထဲမှာတော့ကလေးငယ်ကိုအခုလို‌မျိုးမွေးဖွားထားပေးလို့ကျေးဇူးတင်နေမိတာအခါခါ...သူကတော့သူ့သူငယ်ချင်းပို့လာတဲ့စာကိုဖတ်နေလေသတဲ့လေ ပြုံးနေတဲ့သူမျက်နှာလေးကိုကြည့်ကာသူပျော်နေတာအဲ့တစ်ယောက်ကြောင့်ဆိုတဲ့အသိကဒေါသထွက်စေသည် သူကော်ဖီသွားဖျော်တော့အဲ့စာရွက်ကိုဖတ်လိုက်မိတယ်အထဲကစာတွေဟာသာမာန်သူငယ်ချင်းပို့လာတဲ့စာနှင့်ပင်မတူတာကြောင့်janeဆိုးရိမ်သွားရသည် နောက်တော့မသိသလိုနေပြီးသူ့အခန်းကိုကြည့်ချင်လို့စာအုပ်ဖတ်ချင်ကြောင်းပြောကာအခန်းထဲလိုက်ခဲ့တယ် အခန်းထဲသွားတဲ့တစ်လျှောက်လုံးjaneလက်ကိုစုပ််ကိုင်ထားတဲ့လက်ကြောင့်ပျော်နေမိပေတယ်...သူ့အခန်းထဲကဓာတ်ပုံတွေမြင်ရတော့လက်ကိုခပ်တင်းတင်းစုပ်မိသည် သူ့ပါးကိုသူ့သူငယ်ချင်းကနမ်းနေတာပင် သူတို့အတူတူကြီးပျင်းလာကြတာကိုဓာတ်ပုံကြည့်ရင်သိနိုင်သည် နောက်မှဓာတ်ပုံအတူရိုက်ကာသူ့အခန်းထဲမှာချိတ်ထားရမည် ဓာတ်ပုံအတူရိုက်ဖို့ပြောတော့လည်းသူကလက်ခံသည်.....‌သူ့အနားမှာရှိနေရတာသိပ်ပျော်ဖို့ကောင်းတာဘဲ...။
19.2.1970
       ဒီနေ့သူနဲ့အတူတ်ပုံသွားရိုက်တယ် သူ့အကြည့်တွေကြားမှာရှက်နေမိတယ် တကယ်ပါကလေးငယ်ကjaneကိုသိပ်ပြုစားလွန်းနိုင်လွန်းတယ်...ဓာတ်ပုံရမှာအခန်းထဲမှာပုံကြီးချဲ့ပြီးချိတ်ထားပစ်မယ်....။
21.2.1970
     ဒီနေ့သူမလာဘူးသတိရလိုက်တာ ....။
29.2.1970
      သူjaneဆီမလာတာအတော်ကြာပြီjaneလည်းမသွားဖြစ်တာကjiခရီးထွက်သွားတာမို့ဆိုင်မှာရှိနေပေးရတယ်လေ အဲ့တော့သူကိုသွားမတွေ့နိုင်ဘူး ဒီအတောအတွင်းမှာဘာလုပ်နေတာလည်းကလေးငယ်ရယ်...။
17.3.1970
       တစ်လနီးပါးလောက်ပျောက်နေရတဲ့အကြောင်းအရင်းကသူ့အမေဆေးရုံတင်ရလို့တဲ့လေ ဒီမနက်ဘဲဆုံးသွားတယ်တဲ့ သူကသူ့အမေကိုအရမ်းချစ်တာအခုလည်းသတိလစ်နေတယ် ဒီတလအတွင်းသူ့အနားမှာမရှိပေးနိုင်မိလို့ကိုယ့်ကိုကိုယ်အပစ်တင်မိတယ်...ဆေးရုံပေါ်ကသူ့အနားမှာတစ်ချိန်လုံးရှိနေမိတယ်...။
21.3.1970
       ဒီနေ့နိုးလာလာချင်းငိုနေတဲ့သူ့ကိုဖက်ထားပေးမိတယ် သူပျော်နေချိန်သူဝမ်းနည်းချိန်မှန်သမျှjaneသူ့အနားမှာရှိနေချင်တယ်...သူ့ကိုနှစ်သိမ့်ပေးနေမိတယ်...နောက်ဆိုသူ့အနားမှာပိုနေချင်လာတယ်..။
24.3.1970
       jane ကလေးငယ်ကိုအမြဲစိတ်ပူနေမိတယ်...သူတစ်ယောက်တည်းအဆင်ပြေပါ့မလားလို့အမြဲတွေးနေမိတယ် သူ့အမေမရှိတော့အထီးကျန်မှာဆိုးနေတယ် ဒါကြောင့်မို့သူနဲ့သွားနေဖို့ဆုံးဖြတ်လိုက်ပြီ oppaလည်းခရီးသွားနေရတော့အခွင့်အရေးဘဲ...။
25.3.1970
     အခုဒီစာကိုသူ့အိမ်မှာရေးနေတာသိပ်ပျော်ဖို့ကောင်းတာဘဲသူနဲ့တစ်အိမ်ထဲမှာရှိနေရတဲ့အသိစိတ်ကjaneစိတ်ကိုနွေးထွေးစေတယ်....။
26.3.1970
        ဒီနေ့သူ့ကိုမနက်စာသေချာချက်ကျွေးဖြစ်တယ်....သူကဟင်းမချက်တက်ဘူးတဲ့လေ janeကအမြဲချက်ကျွေးမှာပေါ့လို့ပြောချင်တယ် တစ်သက်လုံးအတူရှိနေချင်တယ်လို့ပြောချင်တယ် ဒါပေမယ့်သူjaneအချစ်တွေကိုလက်ခံပါ့မလား janeအဲ့အကြောင်းတွေးတိုင်းတဖြည်းဖြည်းဝေဝါးလာရတယ်..janeသူ့ကိုချစ်တယ် ဒါပေမယ့်...ဖြစ်နိုင်ပါ့မလား...။
27.3.1970
         ဒီနေ့သူ့မွေးနေတဲ့လေ သူ့သူငယ်ချင်းပို့လာတဲ့စာနဲ့လက်ဆောင်တွေကိုတွေ့မှသူ့မွေးနေ့မှန်းသိရတယ် တကယ်စိတ်မကာင်းဖြစ်မိပေမယ့် ဒီနေ့သူနဲ့အမှတ်တရကောင်းတွေအများကြီးပိုင်ဆိုင်ခဲ့ရပါတယ်..။
30.3.1970
        ဒီနေ့သူjaneကိုအမြဲကြည့်ပြီးပြုံးပြနေတယ် သူ့အပြုံးတွေမြင်တိုင်းjaneကြည်နူးမိသလိုအတွေးတွေဝေဝါးနေမိတယ်...။
4.6.1970
         ဒီနေ့oppaကသူ့သူငယ်ချင်းနဲ့janeနဲ့စေ့စပ်ဖို့ပြောထားတဲ့ဟာကိုလက်ခံခဲ့တယ်GD oppaဆိုတာjaneနဲ့ငယ်ငယ်ကတည်းကသိခဲ့တဲ့oppa janeလက်ခံလိုက်မိတယ် ‌oppaပြောထားတာသုံးလလောက်ရှိပြီလေ..ကလေးငယ်ကjaneကိုမချစ်ဘူးလေ janeလည်းဖွင့်ပြောရဲတာမဟုတ်ဘူး janeတို့ဒီလိုတွေ့နေရရင်တောင်လုံလောက်ပါတယ် သူjaneကိုမုန်းသွားမှာjaneသေမလာက်ကြောက်တယ်...။
9.6.1970
       ဒီတလသူ့ကိုမတွေးမိဘူး janeသူ့ကိုတွေ့ရင် စေ့စပ်မယ့်ကိစ္စကိုဖျတ်မိလိုက်မယ်..janeသူ့ကိုအရမ်းချစ်မိသွားခဲ့တယ်လေ ဒီလမ်းကိုရွေးချယ်ရတာလည်းမဖြစ်နိုင်တော့တဲ့janeရဲ့နှလုံးသားရေးကိုအခုအ‌ခြေအနေလေးအတိုင်းတစ်ဖက်သက်အဖြစ်ထာဝရရှိသွားဖို့ပါဘဲ..။

A heart of the 1970s..Where stories live. Discover now