Title-25

2.3K 302 12
                                    

Flash back Diary start
9.11.1969
     janeအဝတ်တိုက်ရဲ့အရှေ့မှာထိုင်ကာ ကော်ဖီသောက်နေရင်းလျှပ်ပျက်မိန်းကလေးတစ်ယောက်ကိုတွေ့လိုက်တယ် စက်ဘီးတစ်ခုလုံးပန်းတွေနဲ့ပြည့်နေကာအပြုံးလှလှနဲ့မိန်းကလေးတစ်ယောက်ဖတ်လက်စသတင်းစာကိုပိတ်ကာထိုမိန်းကလေးကိုကြည့်နေမိတယ် ခပ်မြင့်မြင့်အရပ်နဲ့ဖူဖွေးနေတဲ့အသားအရည်နဲ့လိုက်အောင်ရေညှိမှိုင်းရောင်လေးနဲ့အမဲရောင်‌‌ဂျင်းပွဘောင်းဘိကိုဝတ်ထားသည်သူဝတ်ထားတဲ့ဦးထုပ်လေးကသူ့ကိုပိုချစ်ဖို့ကောင်းစေသည်...ရယ်လိုက်တိုင်းပေါ်လာတဲ့သွားဖွေးဖွေးလေးတွေကjaneငေးယူတဲ့အထိသူအပြုံးလေးနဲ့လိုက်ဖက်လွန်းတယ် လက်ထဲကစာရင်းစာအုပ်လေးနဲ့စာရင်းမှတ်နေပုံလေးကတစ်မျိုးဆွဲဆောင်မှုရှိနေပြန်သည် ပထမဆုံးအကြိမ်လူတစ်ယောက်ကိုငေးဖူးခြင်းပါဘဲ.....နောက်ပြီးပထမဆုံးစတင်ရင်ခုန်ခြင်းဘဲ...။
10.11.1969
        ဒီနေ့သူ့ကိုထပ်တွေ့တယ် သူလာပါ့မလားလို့စောင့်နေမိတာမနက်ပိုင်းကော်ဖီတစ်ခွက်လုံးကုန်သွားတဲ့အထိဘဲ တစ်ကယ်ပါသူ့အကြောင်းကိုနေ့နေ့ညညjaneတွေးနေမိတယ်..သူနဲ့သိချင်တယ်..။
12.11.1969
         သူ့ဒီနေ့လည်းလာတယ် မြို့လည်ခေါင်တည့်တည့်မှာဆိုင်နေရာယူထားပေးတဲ့jiကိုကျေးဇူးတင်မိတယ် အဲ့တာကြောင့်မို့သူ့ကိုနေ့တိုင်းတွေ့နေရတာလေ janeအခုထိသူ့အကြောင်းတွေဘာမှမသိရသေးဘူး..။
14.11.1969
   ji-" ဘာတွေငေးနေတာလည်းRuby.."
Jane-" ဟိုကပန်းတွေနဲ့ကောင်မလေးကိို"
Ji-"ပန်းလိုချင်လို့လား "
Jane-" no သူ့ကို.."
Ji-".what...jane.."
Jane-" ငါတကယ်ပြောတာနော်...ငါနေ့တိုင်းသူ့ကိုထိုင်စောင့်နေတာ.."
      jiကjaneကိုအတော်အကြာထူးဆန်းစွာကြည့်ကာပြန်လည်ပြုံးပြပြီး
Ji-" ဟားးဟားးငါတကယ်မထင်ထားဘူးနင်ကအဲ့လိုဆိုတာ ဒါပေမယ့်ငါမကန့်ကွက်ဘူးနော်.."
jane-" ကျေးဇူးပါji.."
Ji-" သူငယ်ချင်းတွေကြားမှာကျေးဇူးဆိုတာမလိုပါဘူးRuby.."
       မြင်မြင်ချင်းအချစ်ဆိုတာဒါမျိုးလား?..။
1.12.1969
        သူကိုဒီနေ့မုန့်ဆိုင်မှာအမှတ်မထင်တွေ့ခဲ့တယ် သူမုန့်စားနေတာလေးကသိပ်ချစ်ဖို့ကောင်းတာဘဲ janeကြည့်နေတာကိုတောင်မသိလောက်အောင်သူမုန့်စားနေတာပါ.....သူ့နဲ့သိချင်လွန်လို့ရူးတော့မည်...။
12.12.1969
       ဒီတလောသူ့ကိုနေ့တိုင်းတွေ့ရတယ် မိန်းကလေးမဆန်တဲ့သူမကိုjaneရင်ခုန်နေမိပြီ....ဘယ်လိုနည်းနဲ့များသူ့အနားကိုကပ်သင့်သလည်း..?။
30.12.1969
        နှစ်ကူးဖို့မုန့်တွေဝယ်လာပုံဘဲစက်ဘီးစီးနေတဲ့သူ့ပုံလေးကသိပ်ကြည့်လို့ကောင်းတာဘဲဖြစ်နိုင်တာမဖြစ်နိုင်တာjaneမသိချင်ဘူးသူ့အနားမှာjaneရှိချင်တယ်...ဘယ်အချိန်မှသူ့စက်ဘီးအနောက်ကနေသူ့ခါးလေးကိုဖက်ပြီးလိုက်စီးခွင့်ရှိမလည်း....နေ့တိုင်းဆိုင်ထဲကနေသူ့ကိုဘဲစောင့်ကြည့်နေမိတယ်..။
7.1.1970
            သူဒီနေ့janeတို့ဆိုင်ရှေ့ကမဖြတ်ဘူးjaneမှာသူ့ကိုလွမ်းနေရသည် ညတိုင်းသူ့အကြောင်းတွေကာအိပ်ရတဲ့ညတွေအကြောင်း‌သူ့ကိုပြောပြချင်တယ် သူကမိန်းကလေးအချင်းချင်းမို့လက်ခံပါ့မလား သူအစားစားရင်အရမ်းချစ်ဖို့ကောင်းကြောင်းကိုပြောပြချင်သည် janeသူ့ကိုအမြဲခိုးကြည့်မိနေကြောင်းပြောပြချင်ပါသေးတယ်....။
15.1.1970
        ဒီနေ့သူနဲ့စုံခဲ့ရတယ် သူ့ရင်ခွင်ထဲဝင်လုနီးနီးအ‌ခြေအနေမှာအမှတ်တမဲ့သူ့မျက်ဝန်းတွေနဲ့အကြည့်ဆုံမိတယ် သဘောကျတယ်အဲ့အကြည့်တွေ အဲ့နှုတ်ခမ်းဖူးဖူးလေးသိပ်အနုပညာလက်ရာ‌မြောက်တာဘဲသူ့ကိုမွေးပေးတဲ့အဖေနဲ့အမေကိုကျေးဇူးတင်ရမှာပင်.သူ့အပြုံးတွေကjaneအရာအားလုံးကိုမေ့သွားလောက်အောင်ပြုစားနိုင်သည်..janeခံစားချက်တွေကိုဖုံးဖိဖို့ခပ်မာမာစကားလုံးတွေသာပြောပြီးတည်ငြိမ်ချင်ယောင်ဆောင်ကာချေရပြန်သည်.သူjaneခံစားချက်တွေကိုသိသွားရင်janeကိုမုန်းသွားမှာကြောက်တယ်....အဲ့အရာကိုအရာအားလုံးထပ်ကြောက်တယ်..။
16.1.1970
       janeမွေးနေ့တွေဖြတ်သန်းခဲ့သမျှဒီနှစ်ကအပျော်ဆုံးပါဘဲ ဘာလို့ဆိုjaneဆီကိုပန်းတွေလာပို့သူဟာကလေးငယ်ပါဘဲ....သူ့နာမည်နဲ့အတူjaneကိုနေကြာပန်းတစ်ပွင့်ပါလက်ဆောင်ပေးသွားပြီးjaneနာမည်ကိုပါမေးသွားသေးသည်..oppaကိုတကယ်ကျေးဇူးတင်ရမည်lili gardenဆိုတာကြားဖူးပေမယ့်သူဟာအဲ့ဆိုင်ကမှန်းမသိခဲ့...နောက်ပြီးသူ့နာမည်ဟာlalisaတဲ့လေ lisaလို့သာခေါ်မိတယ် စိတ်ထဲမှာတော့သူ့ကိုတွေ့တိုင်းကလေးငယ်လို့သာတနေမိတယ် နုဖက်လွန်းတဲ့မျက်နှာလေးနဲ့လိုက်စွာjaneထက်ငယ်မယ်လို့ထင်တယ်...သူနှုတ်ဖျားကမိန်းကလေးjaneလို့ခေါ်လိုက်တိုင်းjaneရင်ခုန်နေတာသူသိအောင်ပြောပြချင်လိုက်တာ...။
17.7.1970
        သူဒီနေ့janeတို့ဆိုင်ကိုလာတယ်ဒါပေမယ့်တစ်ယောက်တည်းတော့မဟုတ်မိန်းကလေးတစ်နဲ့ပင် စဝင်လာကတည်းထိုမိန်းကလေးနဲ့ကလေးငယ်ဟာပြုံးရွှင်နေသည် ထိုမိန်းကလေးအတွက်အဝတ်အစားတွေရွေးပေးကာသေချာဂရုစိုက်ပေးလိုက်နှင့် janeမနာလိုမိပါသည် ထိုမိန်းကလေးအပြုအမူတွေဟာကလေးအပေါ်သာမာန်ထက်ပိုနေတယ်လို့ထင်မိတယ် နောက်တော့ကလေးလေးအတွက်ချုပ်ထားတဲ့တစ်လုံးတည်းရှိတဲ့ဦးထုပ်ကိုထိုမိန်းကလေးကယူမယ်လုပ်လို့ဝယ်ယူသူပုံစံဖမ်းကာပြန်လုလာရသေး..ကလေးလေးကjaneကိုမှတ်မိနေသား အဲ့မှတ်မိတာလေးကိုဘဲကြည်နူးနေမိပါတယ်..။
18.1.1970
     ဒီနေ့သူ့ဆိုင်မှာပန်းသွားမှာခဲ့တယ်နေ့တိုင်းအတွက်ပေါ့ အဲ့တာမှသူနဲ့တွေ့ရမှာဒါပေမယ့်ဘေးနားမှာရှိနေတဲ့သူ့သူငယ်ချင်းကြောင့်စိတ်ကသိပ်မကြည်တော့ နေကြာပန်းတောင်းတော့လည်းသူကအဲ့ပန်းကိုမရောင်းဘဲjaneကိုပေးချင်လို့ပေးတာပါတဲ့လေ janeလေသူ့အရှေ့ရောက်ရင်ခံစားချက်တွေကိုဖုံးဖိရလွန်းလို့ရူးတော့မယ်.....။
19.1.1970
             ဒီနေ့သူပန်းလာပို့မှာမို့စောင့်နေမိတယ် မနက်စောစောသူ့မျက်နှာလေးကိုတွေ့ရတာဘယ်လောက်ကောင်းတဲ့အ‌ခြေအနေလေးလည်း ပန်းပေးတုန်းကတုန်နေတဲ့လက်တွေကြောင့်သူနေမကောင်းဖြစ်မှာjaneဆိုးရိမ်နေမိတယ် နေ့လည်ကျတော့အသိအန်တီအထည်တိုက်မှာယူစရှိလို့ခနသွားရင်းသူ့ကိုထပ်တွေ့ရတယ်သူ့ဘေးမှာတော့သူ့သူငယ်ချင်းနဲ့ပေါ့ ဘာတွေပြောမှန်းမသိပေမယ့်သူငိုနေတာမို့လက်ကိုင်ပုဝါလေးကိုသူ့ကိုပေးတော့မော့ကြည့်လာတဲ့သူ့မျက်နှာလေးကjaneကိုကြေကွဲစေတယ်အဲ့တာအပြင်ဘေးဖက်ကာချော့နေတဲ့မိန်းကလေးကြောင့်ပိုဆိုးမိတယ် တကယ်ဘဲ အဲ့မိန်းကလေးကိုမနာလိုမိတယ် ကလေးလေးအနားမှာသူကဘာလို့တောက်လျှောက်ရှိနေရတာလည်း janeတကယ်မနာလိုမိတယ်...။
20.1.1970
       ဒီနေ့လည်းသူလာတယ်ပန်းပို့ရင်းလက်ကိုင်ပုဝါပြန်ပေးတော့janeလက်မခံမိ သူ့ဆီမှာjaneပိုင်တဲ့အရာလေးတွေထားချင်တယ်...သူ့သူငယ်ချင်းကိုချစ်ကြောင်းနဲ့သူ့သူငယ်ချင်းကိုမိသားစုတစ်ခုလိုချစ်ကြောင်းပြန်ဖြေနေပုံကစကားစပြောတက်တဲ့ကလေးကဖြေနေသလိုပင် သိပ်ချစ်ဖို့ကောင်းသည် janeနဲ့စာအုပ်အတူဖတ်ဖို့ပြောတော့သူမအားဘူးနဲ့တူပါရဲ့ အဲ့တာကြောင့်ပန်းပင်တွေအကြောင်းပြကာသူ့ကိုjaneဆီလာစေချင်မိသည် ဒီ့ထက်ပိုပြီးသူနဲ့ရင်းနှီးချင်သည်.....။
21.1.1970
   ဒီနေ့သူပန်းလာပို့ပေမယ့်မျက်နှာလေးမမြင်ရခဲ့ဘူးဒီနေ့သူ့ကိုလွမ်းတယ်။
23.1.1970
       သူနဲ့မတွေ့ရတာဒီနေ့နဲ့ဆိုသုံးရက်ရှိပြီ  သူလာပို့ပေးတဲ့ပန်းတွေကိုသာကြည့်နေမိတယ် တကယ်ဘဲjaneကိုလွမ်းလောက်အောင်ပြုစားနိုင်တယ်....။
24.1.1970
        Partyမှာသူ့ကိုတွေ့တော့သိပ်ပျော်မိတာဘဲအရင်နေ့တွေနဲ့မတူလှလွန်းလို့janeအကြည့်တွေမခွာနိုင်ခဲ့ဘူး အကအတူကတုန်းကဆိုအကြည့်လွှဲနေတဲ့သူ့မျက်ဝန်းတွေကိုကြည့်နေချင်ခဲ့တာ သူ့စကားတွေကြောင့်janeရှက်မိပါတယ် သူရဲ့အကြည့်စူးစူးတွေကြောင့်janeနှလုံးသားတစ်ခုလုံးအရည်ပျော်ကျနေရပြီ ဟိုမိန်းကလေးကိုဖက်ပြီးကနေတဲ့အခါjaneဝမ်းနည်းမိတယ်...အဲ့တစ်ယောက်နဲ့janeဟာသူ့အတွက်ဘာမှမယှဥ်နိုင်ဘူးလို့ခံစားရလို့ပါ...။
#Title-25(end)

A heart of the 1970s..Where stories live. Discover now