part(9)

38K 3.2K 397
                                    

''ဒါက ဘယ်ကိုလဲ မြဇ္ဇူမောင် ''

ကားသော့အားယူပြီးဂိုထောင်ထဲရှိ ကားအားထုတ်ကာ တစ်နေရာသွားရန်ပြန်နေသော သားဖြစ်သူကြောင့် ဦးမြဇ္ဇူ ကားအရှေ့မှ ပိတ်ရပ်လိုက်ပြီးမေးလိုက်လေသည်။

မောင် သည် ဒေါက်တာလေး နယ်ပြန်သွားတယ်ဟု သိပြီးကတည်းက ဘယ်လိုမှနေလို့မရတော့တာကြောင့် ဒေါက်တာလေးနောက် လိုက်သွားရန်သာပြင်ရလေတော့သည်။ မောင် ဒေါက်တာလေး၏နောက်သို့ လိုက် ရန် ကားထုတ်နေစဥ် ကားရှေ့ပိတ်ရပ်ကာ မေးလာသည့် ဒယ်ဒီကြောင့် မျက်ခုံးတွေတွန့်သွားကာ ကားရပ်လိုက်လေသည်။

'' မင်းကိုမေးနေတယ်လေ မြဇ္ဇူမောင် ဒါကဘယ်ကိုလဲ လို့ ''

''ကျုပ်ရှေ့ကဖယ်..!''

မောင်ဒယ်ဒီ့ကို တစ်ခွန်းတည်း ပြောကာ စူးစူးရဲရဲသာစိုက်ကြည့်လိုက်လေသည်။

''မင်းကိုငါမေးနေတယ်လေ...''

'' ဒယ်ဒီ ဘယ်တုန်းက ကျုပ်ကိုအဲ့လောက်ဂရုစိုက်တတ်သွားတာလဲ။ ''

''မြဇ္ဇူမောင်!''

'' ခုမှ အရမ်းစိုးရိမ်နေသလိုလို အပိုတွေလုပ်မနေပါနဲ့ဗျာ..။''

''တောက်.!မြဇ္ဇူမောင် ''

''အချိန်တန်ရင်ပြန်လာမယ် ''

မောင်တစ်ခွန်းတည်းသာပြောလိုက်ပြီး ကားနောက်ပြန်ဆုတ်ကာ ဒယ်ဒီ့အားကွေ့ပြီးအရှိန်နဲ့သာမောင်းထွက်သွားလေသည်။

မောင် ၄ နာရီလောက်ကားမောင်းအပြီးမှာတော့ ဒေါက်တာတို့မြို့ငယ်လေးကိုရောက်လာလေသည်။

မောင် ဆေးခန်းကဆရာမ ပြောလိုက်သည့်အတိုင်း ဒေါက်တာ၏လိပ်စာအား ရှာလိုက်တော့ ခဏ တာရပ်ကွက်တစ်ပတ်ကားပတ်မောင်းအကြာတွင်တော့ ပန်းပင်လေးတွေ ပတ်ပတ်လည်ကာရံထားသည့် နှစ်ထပ်တိုက် လှလှလေး၏ အရှေ့တွင် ကားရပ်လိုက်လေသည်။
မောင်ခြံတံခါးအားခေါက်လိုက်တော့ အိမ်ထဲရှိ မြန်မာဆန်ဆန်အဝတ်အစားနှင့် ဆံပင်အားနောက်တွဲလေးထုံးကာ ကျက်သရေရှိရှိလှသည့်အန်တီတစ်ယောက်ထွက်လာလေသည်။

''ဘယ်သူနဲ့တွေ့ချင်လို့လဲကွယ်..။''

''ဒါ ဒေါက်တာမင်းဆက်နွယ်တို့အိမ်လားမသိဘူး။''

''မောင့်''ရဲ့ဒေါက်တာလေး....(Completed)Where stories live. Discover now