part(25)

29.8K 2.2K 51
                                    

နှာဖျားဝလေးတွင်လွန့်လွန့်လူးကာကျည်စယ်နေသော ပျင်းရှရှကော်ဖီနံ့လေးကြောင့် ဆက် နှာခေါင်းလေးကို တရှုံ့ ရှုံ့ လုပ်ကာ ခေါင်းလေးကိုဘယ်၊ညာ လှည့်ပြီး လက်ဖမိုးလေးတစ်ဖက်နှင့်မျက်လုံးလေးများကိုအသာပွတ်လိုက်လေသည်။ မျက်လုံးလေးကို ပွတ်ပြီး အသာဖွင့်ကြည့်မိတော့ အပြာရောင်လိုက်ကာစည်းလေးများနှင့်အလှဆင်ထားသည့် ပြတင်းပေါက်လေးမှတဆင့် ဖြာကျလာသော နေရောင်ခြည်စူးစူးကြောင့် မျက်လုံးလေးကိုချက်ချင်း ပြန်မှိတ်လိုက်ပြီး အပျင်း​ကျောလေးဆန့်လိုက်လေသည်။ မီးဖိုချောင် က ဇွန်းသံ တွေကြောင့်ဆက်မျက်လုံးစုံမှိတ်ရင်း ဘေးဘက်လေးကို အသာစမ်းမိတော့ လွတ်နေပြီး အေးစက်နေသည့် အိပ်ယာခင်းလေးကြောင့် မောင် ထသွားမှန်းဆက်သိလိုက်သည်။ ဆက် မျက်လုံးကိုအတင်းစုံမှိတ် ပြီးရင်ဘတ်ပေါ်က စောင်လေးအား အသာဆွဲရင်း ခေါင်းမှူးခြုံကာ ပြန်လှည့်အိပ်ရန်ပြင်လိုက်တော့ နှာခေါင်းဝလေးသို့ ထပ်မံရောက်ရှိလာသည့် ခရေပန်း နံ့သင်းသင်းလေးကြောင့်ငေါက်ခနဲ ထကာ မျက်လုံးလေးဖွင့်လိုက်လေတာ့သည်။

'' အွန်း...မောင့်...''

ဆက် အိပ်ချင်မူးတူးရုပ်လေးနှင့်စောင်ပုံလေးထဲကနေ မောင့်ကိုသာ ခေါ်နေလေတော့သည်။

'' နိုးပြီလား ဒေါက်တာ...မောင်ကော်ဖီဖျော်ထားပေးတယ်...မျက်နှာသစ်ပြီးသောက်လိုက်နော်...''

'' မောင့်....''

''ဗျာ...''

''ကိုယ့်ဆီလာအုံး...''

အိပ်ယာထဲကနေ လက်လေးယက်ခေါ်ကာ လက်ကိုဆန့်ပေးနေသည့်ဒေါက်တာလေးကြောင့် မောင် ခေါင်းလေးခါပြီး ပြုံးလိုက်ကာ အနားတိုးကပ်သွားလိုက်လေသည်။

'' ကဲ လာပြီဗျာ ''

မောင် ဒေါက်တာ့၏နံဘေး ကုတင်ဘေးလေးမှာ မတ်တပ်ရပ်ပြီးပြောလိုက်တော့ ဒေါက်တာမှ မောင့်ခါးကို တင်းနေအောင်ဖက်ပြီး မောင့် ဗိုက်ပေါ်မှီလာလေသည်။

'' မောင်..ကိုယ်အိပ်ချင်သေးလို့...''

မောင် သည် ကလေးလေးတစ်ယောက်လို မိမိခါးလေးအားဖက်ပြီး အိပ်ချင်မူးတူးလေးနှင့် စကားတွေပြောနေသည့်ဒေါက်တာလေးကြောင့် ပြုံးကာ ဒေါက်တာ့ခေါင်းလေးအားလက်ကလေးနှင့်အသာ ပွတ်ပေးလိုက်သည်။

''မောင့်''ရဲ့ဒေါက်တာလေး....(Completed)Where stories live. Discover now