part(11)

35.7K 3.1K 241
                                    

'' မင်းကလူဆိုးလေးပဲ မောင် ''တဲ့

မောင်နားကြားများမှားသွားလေလားလို့တောင်ထင်မိပေမဲ့ သေချာပါသည်။ ဒေါက်တာ ကျွန်တော့်အားခေါ်လိုက်သည်မှာ ''မောင် '' တဲ့လေ...။

မောင်နှုတ်ခမ်းထက်တွင် အပြုံးလေးတစ်ပွင့်နှင့်အတူ ဒေါက်တာလေးအားငေးကြည့်နေမိသည်။

'' ကိုယ့်မျက်နှာမှာဘာပေနေလို့လဲ ''

''ဟမ်...''

'' ကိုယ့်မျက်နှာမှာ ဘာပေနေလို့လဲ လို့....''

'' ဟင့်အင်း...''

'' မသိပါဘူး မင်းကကြည့်နေတော့ ကိုယ့်မျက်နှာမှာ ဘာများပေနေလို့လဲလို့ ...''

'' ဒေါက်တာ...''

''ဟင်...''

ဆက် သည် မိမိနာမည်အားခေါ်ပြီး ဘာမှဆက်ပြောမလာသည့် ကောင်လေးကြောင့် လှည့်ကြည့်မိတော့ မိမိမျက်နှာကိုသာ တစ်မေ့တစ်မော စိုက်ကြည့်နေလေသည်။ မိမိအားစိုက်ကြည့်နေသည့် ထိုကောင်လေးကြောင့် ဆက်၏မျက်လုံးလေးတွေ ဂနာမငြိမ်ဖြစ်ကာ တံတွေးလေးသာမြိုချမိသွားသည်။

'' ဒေါက်တာ...''

မောင်သည် မိမိဘက်အားလှည့်လာပြီး မိမိမျက်လုံးအားရှောင်ကာ ဂနာမငြိမ်ဖြစ်နေသည့် ဒေါက်တာလေးကြောင့် အောက်ချထားသည့် ဒေါက်တာလေး၏လက်ဖမိုးလေးအား အသာဆုပ်ကိုင်ကာ ဒေါက်တာ့မျက်နှာလေးအား ထပ်မံ စိုက်ကြည့်လိုက်လေသည်။

'' ဒေါက်တာ ကျွန်တော့်မျက်လုံးကိုကြည့်။ ''

ဆက် သည် မိမိရှေ့ရှိကောင်လေးထံမှထွက်ပေါ်လာသောအမိန့်သံမသက်ရောက်ပေမဲ့သြရှရှဖြစ်နေသည့် အသံလေးကြောင့် မျက်ဝန်းလေးများအားပြန်ကြည့်မိတော့...မိမိ၏ နှုတ်ခမ်းထပ်သို့ စိုက်ကြည့်နေပြန်သည့်ကောင်လေး၏ မျက်ဝန်းတွေကြောင့် ဘယ်ဘက်ရင်အုံလေးဆီမှ စည်းချက်လိုက်ထွက်ပေါ်လာသော ရင်ခုန်သံလေးနှင့်အတူ အောက်နှုတ်ခမ်းလေးသာယောင်ပြီးကိုက်မိသွားလေသည်။

တဖြည်းဖြည်းနီးကပ်လာသည့်လူဆိုးကောင်လေး၏ မျက်နှာကြောင့် ဆက်ဘာလုပ်ရမှန်းမသိ...။ ဆက် အတင်းထပြေးလိုက်ချင်ပေမဲ့ ငြို့အားတစ်ခုလို ငြို့ချက်တွေနှင့် တွေတွေလေးစိုက်ကြည့်နေသည့်ကောင်လေး၏အကြည့်တွေကြောင့် ထောင်ချောက်တစ်ခုနယ်...ဆက်၏ခြေထောက်များလှုပ်၍ပင်မရတော့...။

''မောင့်''ရဲ့ဒေါက်တာလေး....(Completed)Where stories live. Discover now