part(24)

30.4K 2.3K 114
                                    

ထိန်ထိန်သာနေသည့် လမင်းကြီး၏လရောင်လေး နှင့် တိုက်ခတ်လာသော ညလေညှင်း အေးအေးကြောင့် အေးချမ်းနေပေမဲ့ ကိုဆက်မှာတော့ ဝရန်တာမှာ ထိုင်ရင်းချွေးပြန်နေလေသည်။
မောင် ကခက်တည်တည်နှင့်သူ့အိမ်သူ့ယာလို ဆက်ကုတင်ပေါ်တွင်တက်အ်ိပ်နေလေ၏။ ဆက်မှာတော့ အသားမကျသေးသည့် အခြေအနေကြောင့် မနေတတ်စွာ ဝရန်မှာသာထိုင်ကျန်ခဲ့ရင်း ချွေးပြန်နေလေသည်။
ဆက် မောင့်ကို လှည့်ကြည့်ပြန်တော့လည်း မောင်က အပေါ်ထပ် အင်္ကျီတောင်ချွတ်ပြီး ဆက်ခေါင်းအုံးလေးကို ဖက်အိပ်နေလေသည်။
ဆက် ဘေးနားပဲ ဝင်အိပ်ရမလို လို..၊မအိပ်ရမလိုလိုနဲ့...၊ဘာလုပ်ရမှန်းမသိတာကြောင့် ဝရန်တာတွင်သာထိုင်နေ၏။
ဒီအခြေအနေကို ဆက်မရင်းနှီး၍ မဟုတ်ပါ။ ဆက် ဆီလိုက်လာတုန်းကပင် တစ်ကုတင်တည်းတူတူ အိပ်ဖူးသည်ဆိုပေမဲ့..ခုအခြေနေကြီးကတော့ ဆက် ရှက်နေသလိုလို..မဝံ့မရဲဖြစ်နေလေသည်။

'' ဒေါက်တာ..မအိပ်ဘဲ တစ်ချိန်လုံးအဲ့တိုင်းပဲထိုင်ကြည့်နေတော့မှာလား...''

မောင် ဒေါက်တာ အနေခက်မှာဆိုးလို့အရင်အိပ်ခြင်ယောင်ဆောင်နေပေး ပေမဲ့..ခုထိလာမအိပ်ဘဲ...ဝရန်တာကနေ မိမိအားစိုက်ကြည့်နေသည့် ဒေါက်တာ့ကြောင့် ပြောလိုက်လေသည်။

'' ဟင်..ကိုယ်..ဟိုလေ မအိပ်ချင်သေးလို့..''

ဆက်၏ စကားကြောင့် မောင်ကုတင်ပေါ်ကနေ ငေါက်ခနဲ ထထိုင်လိုက်လေသည်။

'' သေချာလားဒေါက်တာ မအိပ်ချင်သေးတာ...''

မောင် ဆက်ရှေ့မှာ မတ်တပ်ရပ်လိုက်ပြီး လိုက်ပိုက်ကာ မေးလိုက်၏။ မောင့်ပုံစံက အပေါ်ထပ် အင်္ကျီကို ချွတ်ထားတာကြောင့် စွတ်ကျယ် အဖြူလေးတစ်ထည်နဲ့သာ ဖြစ်သည်။ ခြေချိတ်ရပ်ကာ လက်ပိုက်ထားတာကြောင့် လက်မောင်း ကြွက်သား များကလည်း တောင့်တောင့် တင်းတင်းပေါ်နေပြီး လက်မှသွေးကြော စိမ်းလေးများကလည်း ပြိုင်းပြိုင်း ထနေလေသည်။ မောင့်ပုံစံကိုကြည့်မိတော့ ဆက် ပါးပြင်တစ်ခုလုံးရဲတက်လာကာ...အကြည့်လွှဲလိုက်လေသည်။

'' အင်း...ဟိုနည်းနည်းပူလို့လေ.. ။ဒီမှာကအေးတယ်..အဲ့ဒါကြောင့်...''

''မောင့်''ရဲ့ဒေါက်တာလေး....(Completed)Where stories live. Discover now