'' သားမောင် တစ်မနက်ခင်းလုံးထလိုက် ၊ထိုင်လိုက်နဲ့ ဘာဖြစ်နေတာလဲကွယ်...။ဒီနေ့အပြင်မသွားဘူးလား။ ''
နွယ်သည် ဧည့်ခန်းထဲတွင် ထလိုက် ၊ ထိုင်လိုက်နှင့် ဂနာမငြိမ်ဖြစ်နေသည့်သားမောင် ကြောင့် ကြည့်မနေနိုင်တော့ ၍ မေးလိုက်လေတော့သည်။
'' အင်း....။ဘယ်လိုပြောရမလဲ။ ကျွန်တော်ဘယ်သွားရမှန်းမသိလို့ ...။''
'' အရင်နေ့တွေက မနက်စာစားပြီးတာနဲ့ အပြင်ထွက်နေကြပါ..''
'' ဟုတ်တယ် ။ဒီနေ့သွားစရာမရှိလို့ ..''
မောင် မနေ့က ဒေါက်တာလေးအား ''အကြောင်းမရှိဘဲမလာတော့ပါဘူး'' ဟုကတိပေးခဲ့တာကြောင့် သွားလို့လည်းမဖြစ်ပေ...။မသွားဘဲ လည်းမနေနိုင်တာကြောင့် မနက်စာစားပြီးကတည်းက ဧည်းခန်းထဲတွင် သွားရနိုးမသွားရနိုးနှင့်ထိုင် လိုက် ၊ထလိုက်နှင်ါသာ တစ်ယောက်တည်း ယောက်ယက်ခတ်နေလေတော့သည်။
'' ကဲ ဒါဖြင့် အန်တီနွယ့်ကို အပင်ကူစိုက်ပေးမလား ။''
''အပင်...''
''အင်း ''
''ဘာပင်လဲ။ ''
''နှင်းဆီပင်လေးတွေပါ ။အန်တီနွယ် အရောင်ကွဲလေးတွေတွေ့လို့ ထပ်ပျိုးမလို့။''
'' အင်း ရတယ်လေ။ ကျွန်တော်လည်း လုပ်စရာမှ မရှိဘဲ။ ''
မောင်အန်တီနွယ့်အားခေါင်းည်တ်ပြလိုက်ပြီး ပန်းပင်ကူစိုက်ပေးရန်သာ သဘောတူလိုက်သည်။ မောင် နှင့် အန်တီနွယ်၏ဆက်ဆံရေးသည် အရင်ကလောက် တော့ မတင်းမာတော့ပေ...။မောင် အန်တီနွယ့် အားရင်ဖွင့်ပြီးကတည်းက အန်တီနွယ်နှင့်ပိုပြီးရင်းနှီးလာသလို ခံစားလာရသည်။ ဒါတွေကလည်း ဒေါက်တာကြောင့်ထင်ပါရဲ့ ။မောင် ဒေါက်တာပြောသလို အကောင်းမြင်တဲ့စိတ်လေးနှင့်ကြည့်တတ်နေပြီ ထင်ပါတယ်...။.
'' ကြီးမေရေ ယဥ့်ကို ပျိုးပင်လေးတွေ လာပို့ခိုင်းလိုက်ပါအုံး ။နွယ်နဲ့သား ခြံထဲမှာပဲစောင့်နေမယ်နော် ''
''ဟင်...အော် ...အင်း''
ကြီးမေ သည် အရင်ကမျက်နှာချင်းဆိုင်ဖို့ပင်မလွယ်ကူသည့် သားမောင်နှင့်နွယ်က သစ်ပင်တူတူစိုက်မယ်ပြောတာကြောင့် တံမြတ်စည်းလေးကိုင်ပြီး ကြောင်ပြီးသာကျန်ခဲ့လေသည်။
YOU ARE READING
''မောင့်''ရဲ့ဒေါက်တာလေး....(Completed)
Romanceချစ်ခင်မြတ်နိုး အားကိုးရတဲ့... ချစ်သူစကား တန်ဖိုးထားပါ့မယ်.. အဆိုးအကောင်း အကျိုးအကြောင်း.. ပိုင်းခြားဆုံးဖြတ် ဝေဖန်တတ်အောင်.. လမ်းပြဆောင်တဲ့ မင်းကကြယ်တစ်ပွင့်.. ဖြစ်လင့်သော်ငြား မှောင်သောညများမှာ.. တစ်ခြားအားကိုး ထပ်မရှာမိပါပဲ.. ဒီကြယ်ပွင့်လေး...