part (20)

33.4K 2.5K 230
                                    

'' ဒေါက်တာ ပြန်တော့မလို့လား ''

'' သြော်..ဟုတ်ဆရာမ။ ကျွန်တော်ပြန်တော့မယ် ။ဆေးခန်းသော့ ဆရာမပဲ သိမ်းထားလိုက်နော်''

'' ဟုတ်ကဲ့ဒေါက်တာ...''

'' မနက်ဖြန် ကနုတ် က မနက်ပိုင်းလာမှာဆရာမ ..။ကျွန်တော် နေ့လည်ပိုင်း မှလာခဲ့ပါမယ်နော် ။''

'' ဟုတ်ကဲ့ပါ ဒေါက်တာ ''

ဆက် ဆရာမလေးအား နှုတ်ဆက်လိုက်ပြီး အိတ်လေးကို ဘေးလွယ်လိုက်ကာ ထမင်းချိုင့်လေး ဆွဲပြီး အိမ်ပြန်ခဲ့သည်။

ဒီနေ့လည်း တစ်နေကုန် လူဆိုးကောင်လေး ၏အရိပ်အယောင်ပင် မတွေ့ရသေးပါ....။ဆက် ဆေးခန်းမှာထဲကနေ၍ သူလာနေကြလမ်းလေးအားမသိမသာလေး လှမ်းမျှော်တတ်နေပြီ...။ ခုလမ်း တိုက်ခန်းသို့သာ ခြေထောက်တွေက လှမ်းနေပေမဲ့ မျက်လုံးလေးတွေကတော့မောင် ဆိုသည်ါကောင်လေး အား မသိမသာလေး ပတ်ရှာတတ်နေပြီ .....။

ဆက် အရင်ကလို လူဆိုးကောင်လေးအား တွေ့မလား ဆိုသည့် အတွေးလေးနှင့်ဟိုဟို ဒီဒီ လိုက်ကြည့်နေပေမဲ့ အရိပ်အယောင်လေးတောင် မမြင်ရတာကြောင့် သက်ပြင်းလေးသာ ချလိုက်ပြီး တိုက်ခန်းဆီသို့ ခက်မြန်မြန်လေးသာ ထွက်ခဲ့သည်။
ထိုကောင်လေးအား မမြင်ရတာ ...ဒီနေ့နဲ့ ဆို ၅ရက်နဲ့ ၈နာရီ ရှိပြီ.....။

ဆက် တိုက်ခန်းတံခါးလေး အား အသာဖွင့်လိုက်ပြီး ဘေးလွယ်အိတ်လေးချကာ ထမင်းချိုင့်လေးကို အရင်ဆေးပြီး မှောက်လိုက်သည်။ ညစာစားဖို့ မနက်ကကြော်ခဲ့သည့် ကြက်သားလေးအား ပူအောင် ပြန်နွေး လိုက်ပြီး ကန်ရွက်ရွက်ကြော်လေး တစ်ခွက်ကြော်လိုက်သည်။ ဆက် အားလုံးပြီးတော့ ခဏလေးထိုင်ကာ..ရေလေးတစ်ခွက်သောက်လိုက်ပြီး ရေချိုးခန်းထဲ ဝင်လိုက်လေသည်။

* နေများမကောင်းလို့လား....? မဖြစ်နိုင်ပါဘူးနေမကောင်းရင် ငါ့ဆီကိုလာမှာပေါ့...။
ဒါဖြင့်...ဘာဖြစ်လို့မလာတာပါလိမ့်....။ဆက် မင်းဘယ်တုန်းကအဲ့လောက်ထိတောင် ဒီကောင်လေးကို ဂရုစိုက်တတ်သွားတာလဲ။ *

ဆက် ရေပန်းအောက် တွင် ထိုင်ရင်း ဟိုတွေး ဒီတွေးနှင့် အတွေးများစွာဖြင့်သာ....

''မောင့်''ရဲ့ဒေါက်တာလေး....(Completed)Where stories live. Discover now