part(28)

26.9K 2.2K 130
                                    

'' မေကြီး ...မေကြီး သားတောင်းပန်ပါတယ်။ မေကြီးရယ်...သားကို တံခါးလေးပဲ ဖွင့်ပေးပါ...။သား ရှင်းပြပါရစေ မေကြီးရယ် ဟင့် ...''

ကိုဆက် ပါးပေါ်မှာ မျက်ရည်တွေနဲ့သာ မေကြီး အခန်းတံခါးကို တဒုန်းဒုန်း ထုနေမိသည်။

မောင့် ဖေဖေ ပြန်သွားပြီးကတည်းက ကိုဆက်ကို တစ်ချက်ပင်လှည့်မကြည့်ဘဲ အိမ်ခန်းထဲသို့ မျက်ရည်တွေနဲ့ ဝင်သွားသည့် မေကြီးကြောင့် ကိုဆက် လည်း မျက်ရည်တွေနဲ့သာ အခန်းတံခါးဖွင့်ဖို့ ပြောနေလေသည်။

'' သား ကိုဆက် သားမေကြီးကို ခဏလေး ဖြစ်ဖြစ် ၊ ခဏလေးပါ သားရယ် ခဏလေး လွှတ်ထားပေးလိုက်ပါနော် ...။''

'' ဟင့် ဖေကြီး ...''

နောက်ကနေ ကိုဆက် အားအတင်းဆွဲကာ ချော့မော့ပြောလာတဲ့ ဖေကြီးကြောင့် ကိုဆ ဆက် ဖေကြီးကို ဖက်ပြီးသာ ငိုနေမိလေတော့သည်။

'' မငိုပါနဲ့သား ရယ် ....။သားမေကြီးကိုခဏလောက် အချိန်ပေးလိုက်ပါ ။သား သွားနားတော့နော် ...''

'' အဟင့် မေကြီးက သားကို .. သားကိုတောင်မမြင်ချင်တော့ဘူးထင်တယ် ။သားကို ရွံသွားပြီထင်တယ်။ မေးကြီးသားကို ရိုက်ချင်ရင် ရိုက်လိုက်ပါ။ အဲလိုကြီးတော့မနေပါနဲ့...''

'' မဟုတ်တာ သားရယ် ။သားကိုသူမွေးထားတာပါ ။တိတ်နော် သားမေကြီး ပူထူသွားလို့နေမှာပါ အချိန်လေးပေးလိုက်နော်။ ''

ကိုဆက် ဖေကြီးစကားကြောင့် ပါးပေါ်ကမျက်ရည်လေးတွေကိုအသာသုတ်ပြီး ခေါင်းလေးညိတ်ပြလိုက်လေသည်။

'' အဟင့်...ဖေကြီး ''

ဆက် ဖေကြီး မျက်နှာအား မော့ကြည့်ပြီး ထပ်ငိုမိတော့ ဖေကြီးက ခေါင်းလေးသာ ခါပြပြီး ဆက်ပါးပေါ်ကထပ်မံစီးကျလာသော မျက်ရည်လေးများကို အသာ သုတ်ပေးလေသည်။

ဆက် ဘာမှဆက်မပြောတော့ပါဘဲ မေကြီး အခန်းတံခါးလေးကိုလှည့်ကြည့် လှည့်ကြည့်နဲ့သာ အပေါ်ထပ်သို့တက်ခဲ့လေသည်။

'' ဂျောက်!''

ဆက် အခန်းထဲရောက်ရောက်ချင်း အခန်းတံခါးလေးအား ပိတ်လိုက်ပြီး ထိုနေရာမှာပင် အရုပ်ကြိုးပြတ်ထိုင်ချကာ ဒူးလေး နှစ်ဖက်ပေါ်မျက်နှာလေးအပ်ပြီး တစ်ဝငိုချလိုက်လေတော့သည်။

''မောင့်''ရဲ့ဒေါက်တာလေး....(Completed)Where stories live. Discover now