ဇာတ်သိမ်းပိုင်း

49.1K 2.6K 312
                                    

ညလေညှင်းလေးက တသွင်သွင် တိုက်ခက်နေပေမဲ့ ဆက် ရင်ထဲက ပူလောင်မှုတွေကိုတော့ ဖြေလျှော့ပေးနိုင်ချင်း မရှိပေ....။
ဆက် မောင့်ကို လွမ်းပါသည်။ မောင် ဆိုတဲ့ နာမ်စားလေးကို တီးတွတ်ရွတ်ဆိုလိုကရုံဖြင့် ဆက် ၏ ဟိုးရင်ဘက် နက်နက်ရှိုင်းရှိုင်းထဲကထိ မောင့်ကို လွမ်းပါသည်။ ဆက်မောင့်ကို လွမ်းနေပေမဲ့ ဆက်မောင့်ကိုတော့မတွေ့ချင်ပါ...။ကိုယ် မပိုင်ဆိုင်ရမှန်းသိတဲ့ လူတစ်ယောက်ကို ဆက်တွေ့ပြီး မပူလောင်ချင်တော့ပေ...။ဆက် ခုမှဆေးခန်းက ပြန်လာပေမဲ့...ပင်ပန်းမှုရော၊ မောင့်ကို လွမ်းနေတဲ့ စိတ်ကြောင့်ပါ့ ခြေလှမ်းတို့လေးကန်နေလေသည်။

'' ဒေါက်တာ...''

ဆက် ကိုယ့်အတွေးနဲ့ကိုယ် လမ်းလျှောက်နေရင်း နောက်ဘက်က ကြားလိုက်ရတဲ့အသံကြောင့် ဆက် ရင်ထဲ ဒိန်းကနဲနေအောင်ဖြစ်သွားလေသည်။ သေချာတာပေါ့ ဒါ နှစ်ယောက်မရှိတဲ့ မောင့် ရဲ့ အသံလေးပါ။ဆက် မောင့်ခေါ်သံကိုကြားပေမဲ့နောက်သို့လှည့်မကြည့်မိအောင်သာ စိတ်ကိုတင်းရင်း ဆက်လျှောက်လေတော့သည်။

''ဒေါက်တာ...''

'' အ့ !''

ဆက် မကြားချင်ယောင်ဆောင်ပြီး ဆက်လျှောက်မိတော့ နောက်ကအပြေးလိုက်ပြီး လက်ကို အတင်း လိုက်ဆွဲသည့်မောင့်ကြောင့်ဆက် လက်ကလေး နာသွားသောကြောင့်အော်မိသွားလေသည်။

'' မောင် ခေါ်နေတာမကြားဘူးလား ဒေါက်တာ ''

'' လွှတ် ငါ့လက်ကို ''

ဆက် မောင့်ကို တစ်ချက်မှမကြည့်ဘဲ လက်ကိုအတင်းရုန်းလေတော့သည်။

'' မောင် ​တို့စကားပြောရအောင် ဒေါက်တာ ''

'' ငါ့မှာ မင်းနဲ့ ​ပြောစရာဘာအကြောင်းမှုမရှိဘူး ''

''မောင့်မှာရှိတယ်...။မောင်ပြောစရာရှိတယ် ''

'' ငါနားမထောင်ချင်ဘူး..''

'' မောင့်တို့နှစ်ယောက်အကြောင်းပဲ ဒေါက်တာနားထောင်ရမှာပေါ့ ''

'' မင်းနဲ့ငါနဲ့ ဘာမှမဆိုင်တော့ဘဲ ''

'' ဒေါက်တာ..!''

မောင့် အော်သံကြောင့် ဆက်လည်း မောင့်ကို အကြည့်စိမ်းစိမ်းတွေနဲ့စိုက်ကြည့်လိုက်လေသည်။

''မောင့်''ရဲ့ဒေါက်တာလေး....(Completed)Where stories live. Discover now