part(17)

32K 2.7K 156
                                    

'' ဟပေါ်တော်မူကြီး လာပြီဟေ့! ''

'' ဟိတ်ကောင်မြဇ္ဇူ မင်းကလည်းကွာ ခုမှပဲလာတော့တယ် ''

မောင် လက်ဖက်ရည်ဆိုင်ထဲသို့ဝင်ယုံရှိသေး မာန် နှင့်သီဟ သည်မောင့်အားမြင်သည်နှင့် လှမ်းအော်ကာ ပြောနေသောကြောင့် မောင်သည် ထိုနှစ်ကောင်အား လက်ကလေးပြပြီးတစ်ချက်ပြုံးကာလက်ဖက်ရည်မှာပြီးဝင်ထိုင်လိုက်လေသည်။

'' မင်းဆိုတဲ့ကောင်ကလည်းကွာ ခုမှမျက်နှာလေးဖူးရတော့တယ် ...။ပြောစမ်းပါအုံး ဘယ်တွေပျောက်နေတာလဲ ။လက်ဖက်ရည်ဆိုင်လည်း မထိုင်တာကြာနေပြီနော်ဟေ့ကောင် ''

''ဒီလိုပါပဲကွာ ။''

''ဟေ့ကောင်မင်းအကြောင်းမသိတာမှတ်လို့ အချင်းချင်းတွေလာလျှိုမနေနဲ့ မင်းဟိုဒေါက်တာလေးနောက်ကိုတစ်ကောက်ကောက် လိုက်နေတယ်ဆို ''

'' အမယ် ညတိုင်းလဲ သီချင်းတွေသွားသွားဆိုနေတယ်လို့လဲကြားတယ် ''

''ဟ မင်းတို့ဟာကလည်းသိလှချည်လား ။''

'' သိဆို ငါတို့က မစုံစမ်းလည်းကြားနေရတာကိုကွ ''

မောင် မာန်နှင့် သီဟ အား တစ်ခွန်းလေးသာပြန်ပြောလိုက်ပြီး လက်ဖက်ရည်လေးကိုသာအေးအေးဆေးဆေး သောက်နေလေသည်။

'' ဒါဖြင့်မင်းဒယ်ဒီလည်း သိလောက်ရောပေါ့....''

'' ဆိုပါတော့ ...။ဒါပေမယ့် ဘယ်သူဘယ်ဝါရယ်တော့မသိလောက်ဘူး ..။သူကဘယ်တုန်းက ငါ့ကိစ္စကိုဂရုစိုက်ဖူးလို့လဲ ။သူ့အလုပ်တွေသာ အရေးကြီးတာပါကွာ။ ''

မောင် မျက်ခုံးလေးအား တွန့်ပြီးမဲ့ပြုံးလေးပြုံးကာ လက်ဖက်ရည်သာဆက်သောက်နေလေသည်။

'' ဟ...မင်းဒယ်ဒီသာ ဒေါက်တာကိုမင်းကြိုက်နေမှန်းသိသွားရင် လွယ်မှာ မဟုတ်တော့ဘူး မြဇ္ဇူ။ မင်းတကယ်ကြီးကြိုက်သွားတာလားအဲ့ဒေါက်တာကို....''

''မဟုတ်ဘူး...။''

''ဟေ..! ဒါဆိုမင်းက မင်းဒယ်ဒီကိုရွဲ့ချင်တာနဲ့ပဲ...''

'' ကျစ်...မဟုတ်ဘူးဆိုတာ ကြိုက်တာမဟုတ်ဘူးလို့ပြောတာ။ချစ်တာ။ငါဒေါက်တာ့ကိုမြတ်မြတ်နိုးနိုးနဲ့ကိုချစ်တာ။ ''

''မောင့်''ရဲ့ဒေါက်တာလေး....(Completed)Where stories live. Discover now