part(27)

26.1K 2.1K 106
                                    

'' ကိုဆက် သားဘာဖြစ်နေတာလဲ။ အလုပ်ဆင်းရတာ ပင်ပန်းနေလို့လား။ ထမင်းလည်းသိပ်မစားဘူး ။သားကိုကြည့်ရတာ အရင်လိုတက်တက်ကြွကြွ လည်းမရှိဘူး ''

ထမင်းစားပြီးကတည်းက ခြံထဲဆင်းထိုင်ပြီး တစ်ယောက်တည်း အတွေးပေါင်းစုံနှင့် ထိုင်ငေးနေသည့်ကိုဆက်ကြောင့် ဖေကြီးက ပန်းပင်တွေရေလောင်းရင်းပြောလာလေသည်။

'' မဟုတ်ပါဘူးဖေကြီးရဲ့ သားက ဒီအတိုင်း..''

'' သားဖေကြီးကိုပြောစရာရှိလို့လား ''

ပန်းပင်တွေကိုရေလောင်းနေရင်း ရေပုံးလေးချကာကိုဆက်ထိုင်နေသည့်ခရေပင်ကြီးအောက်သို့လျှောက်လာကာ ကိုဆက်ရှေ့ရပ်ပြီးမေးလာသည့်ဖေကြီးအား ကိုဆက်မော့ကြည့်ပြီးပြုံးပြုံး လေးနဲ့ခေါင်းလေးသာအသာ ခါ ပြလိုက်လေသည်။ ဆက်ခေါင်းလေး ခါပြတော့ ကိုဆက်ကို ဖေကြီးကပြုံးပြီကြည့်ကာ ကိုဆက်ဘေးဝင်ထိုင်လိုက်လေသည်။

'' သားမေကြီးကို မသိစေချင်ဘူးလား ''

''ဟင်မဟုတ်ပါဘူးဖေကြီးရဲ့ ''

ဖေကြီးစကားလေးကို ခေါင်းလေးတစ်ခါခါနဲ့ဆက်ခွန်းတုန့်ပြန်လိုက်ပြီး ကိုဆက်ရော ဖေကြီးပါ ဘာစကားမှဆက်မပြောတော့တာကြောင့် လေထုက တိတ်ဆိတ်ငြိမ်သက်သွားလေသည်။

'' ဖေကြီး...''

ကိုဆက် တော်တော်ကြာအောင်အတွေးလွန်နေပြီးမှ ဖေကြီးကိုခေါ်လိုက်လေသည်။

'' အင်း...ပြောလေ ကိုဆက်ရဲ့ ''

ဖေကြီးက စကားလမ်းဖွင့်ပေးလိုက်တော့ ဆက် ပြုံးပြုံးလေးနဲ့ မေးရမလား မမေးရမလား စဥ်းစားနေလေသည်။

'' ဟိုလေ...ဖေကြီး..မေးကြီးကိုဘာလ်ို့ချစ်တာလဲဟင် ''

ဆက် စကားကြောင့် ဖေကြီးက ဆက်ကို မျက်ခုံးလေးကျုံ့ကာ ပြုံးပြုံးလေး ကြည့်လာလေသည်။

'' ဟောဗျာ ဒီကလေး ဘာတွေလာမေးနေပါလ်ိမ့်..''

'' သားသိချင်လို့ပါ ဖေကြီးရဲ့..''

'' အွန်း...ဘယ်လိုပြောရပါ့မလဲ ။ဖေကြီးကတော့ မင်းရဲ့မေကြီးဖြစ်နေလို့ကိုချစ်တာ...။မလွန်းဖြူမှ မလွန်းဖြူပေါ့။ လွန်းဖြူဆိုတဲ့ကောင်မလေး မှမဟုတ်ရင်မဖြစ်လောက်အောင်ပေါ့...။အဓိက ကတော့ မလွန်းဖြူဖြစ်နေလို့ဖေကြီးကချစ်တာ...''

''မောင့်''ရဲ့ဒေါက်တာလေး....(Completed)Where stories live. Discover now