DB-101

3.4K 572 18
                                    

အိမ်ရှေ့စံမိဖုရားလောင်း-၁၁

မနက်ခင်းညီလာခံသည် စောစီးစွာ ပြီးသည်။ အိမ်ရှေ့စံ၏ မင်္ဂလာပွဲရက်က နီးလာပြီမို့ လူတိုင်းက အင်ပါယာနန်းတော်သို့ ပြဿနာ အရှုပ်အထွေးများ မယူဆောင်ရဲကြပေ။ ဧကရာဇ်ကြီးက လွန်စွာမှ စိတ်ကြည်နေချိန်တွင် သူတို့လည်း အရှုပ်ထွေးဖြစ်အောင် မလုပ်ဖို့ သတိထားနေရသည်။ မင်းကြီး စိတ်ကြည်နေချိန် ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက အဆတစ်ထောင် နာမည်သာတည့်!

ညီလာခံက ပြန်ကြွလာသည့် ဧကရာဇ်ကြီးသည် ထုံးစံအတိုင်း ကြင်ယာတော်မင်းသား၏ အဆောင်တော်သို့ ခြေဦးလှည့် သည်။ ထိုအဆောင်တွင်သာ နေ့စာ၊ ညစာ အတူစား၍ အိပ်စက်ရာတွင်လည်း အတူတူ။ တစ်ခါတစ်ရံ တော့လည်း မင်းကြီး၏ အိပ်ဆောင်ရာမှာ အတူအိပ်စက်ကြသည်။

ဝမ်ယောလ် ရောက်သွားသည့်အခါ အဆောင်တော်နောက်ရှိ ဥယျာဥ်ထဲသို့သာ အလျင်သွားသည်။ ဥယျာဥ်အဝင်ဝတည်းက သူ၏ မျောက်မင်းသားတော်နှစ်ပါး၏ အသံစာစာကို အရင်ကြားလိုက်ရသည်။

အငြင်းသံများ ပိုများသည်။ ကြည့်ရတာတော့ ဝမ်အွန်းက စာပြန်စစ်နေပြီ ထင်သည်။ ထို့သို့ တွေးခိုက် မရှေးမနှောင်းမှာပင် ဝမ်အွန်း၏ လေသံတည်တည်က ထွက်လာသည်။

" ဒီအမှတ်လောက်လေးနဲ့ ဘယ်လို အတန်းကျော်လာခဲ့တာလဲ .... ဟမ်...."

" ခမည်းတော်ကလည်း စာပေပဲ မဟုတ်ဘူးလေဗျာ၊ သားတော်တို့က စာပေညံ့နေ ရင်တောင် တိုက်ခိုက်ရေး၊ မဟာဗျူဟာနဲ့ ကုန်သွယ် ကူးသန်းရောင်းဝယ်မူ အတက်ပညာတွေမှာတော့ ထိပ်ပဲလေ!"

နောက်တစ်ယောက်လည်း သံယောင်လိုက်၍ ထောက်ခံလိုက်သေး၏ ။ " အမှန်ပဲ ခမည်းတော် ရဲ့!"

" မင်းတို့ ကိုယ့် အမျိုးသားစာပေကိုမှ လိုက်မမှီရင် ဒီနိုင်ငံရဲ့ နိုင်ငံသားဖြစ်ထိုက်တယ် ထင်နေကြသေးသလား? မင်းတို့က သာမာန်လူတောင် မဟုတ်ဘူးနော် ... ရှင်း !!! ယင်း!!!"

ယင်းက ငိုမဲ့မဲ့ လေသံဖြင့် :

" ခမည်းတော်ကလည်း စာပြန်ကျက်ရင် ရပြီမလား ... ခု မနက်စာ ကျွေးပါတော့ဗျ ! ဦးရီးတော်က ပြောတယ် မနက်စာက အရေးကြီးဆုံးပဲတဲ့ !"

Dragon's Blade   [ Season-2 ] Tempat cerita menjadi hidup. Temukan sekarang