DB-57

11.5K 1.8K 103
                                    

ကြင်ယာတော် ခေါ်ဆောင်ခံရသော ၁၀ ရက်မြောက်နေ့ ။

နေ့တစ်နေ့၏ အချိန်တိတိကျကျ အတိုင်း ဘတ်ဟျွန်းအတွက် နေ့လယ်စာက ရောက်လို့လာသည်။ ဂျုံကျိုကဲ့သို့သော ပြစ်ပြစ်နှစ်နှစ်နှင့် တစ်ပန်းကန်၊ အသီးအနှံများနှင့် နွားနို့ပူပူနွေးနွေး တစ်ခွက်လည်း ပါဝင်သည်။ ကြည့်လိုက်သည်နှင့် အာဟာရဓာတ် အပြည့်အဝရအောင် စီစဉ်ပေးထားကြောင်း သိသာလှသည်။

ဒီအစားစားတွေကို သူရဲရဲဝင့်ဝင့် စားနိုင်အောင် တောင်ပိုင်းအင်ပါယာရဲ့ ဓလေ့နည်းအတိုင်း နန်းတွင်းသူတွေက အဆိပ် မရှိကြောင်း သူရှေ့မှာတင် ဆန်းစစ်ပြပေးလေသည်။ အနောက်ပိုင်းအင်ပါယာက တစ်ဖက်နိုင်ငံရဲ့ ကြင်ယာတော်လေးရဲ့ အဆိပ်ပြီးနေမှုကို မသိသေး။ အမွှာမင်းသားတို့ မမွေးမီ အဆိပ်ခပ်ခံရမှုမှာလည်း ဆေးမှီသွား၍သာ သိကြ၏။ အဆိပ်ပြီးနေသော ကိုယ်ခန္ဓာအကြောင်းကိုတော့ တောင်ပိုင်းအင်ပါယာက မပေါက်ကြားအောင် ထိန်းချုပ်ပေးခဲ့လေသည်ကြောင့်။

ဘတ်ဟျွန်းသည် အစားစာတွေကို မထိသေး။ ၁၀ ရက်မြောက်သည့်တိုင် သူ အစားစာတွေကို မငြင်းဆန်ပဲ စားသောက်သည်။ စစ်ဖြစ်တော့မှာ သိပေမဲ့လည်း အရှင်ဝမ်ယောလ်က ချက်ချင်းကြီး လာခေါ်လို့ မရသေးသည်ကိုတော့ သိသည်မို့ အနည်းဆုံးတော့ သူနဲ့ ဗြောလေး ကျန်းမာရေးအတွက် အစားသောက် ကောင်းကောင်းစားသည်။ ကောင်းကောင်းအိပ်သည်။

ရန်သူ့အကျဉ်းစံထဲမှာမို့ မကြာမီရောက်လာမည့် ဗြောလေးကို သူမိုက်မဲစွာ တောင်းပန်ချင်သေးသည်။ အန္တရာယ်ကင်းသည့် နေရာရောက်မှသာ ဗြောလေးကို သူစိတ်ချလက်ချ မွေးစေချင်သည်။ မီးဖွားတယ်ဆိုတည်းက ကိုယ်လိုချင်သလို မရဘူးဆိုတာ သိသည်။ ကလေးကတော့ သူ့အချိန်တန်ရင် ရောက်လာမှာပဲ။ သူ့စိုးရိမ်မှုကို သိသည့်အလား ဗြောလေးသည် ယခုရက်တွင်း သိပ်တောင် လှုပ်လှုပ်ရှားရှား မရှိပါလေ။ သူလည်းရက်တွေကျော်လွန်နေပြီမို့ စိုးရိမ်ကာ ဗိုက်ကိုကိုင်လိုက်လျင် ခေါင်းသေးသေးလေးက သူ့လက်တွင်း တိုးဝှေ့လာတာကို ခံစားရမှ စိတ်သက်သာရာ ရသွားသည်။

ဘတ်ဟျွန်း ယခုထိ အစားအသောက်ကို မထိသေးတာကြောင့် နေ့လယ်စာ လာဆက်သသူတွေက ဒူးတွေ မသိမသာ တုန်ရင်နေသည်။ လွန်ခဲ့တဲ့နှစ်ရက်က ဘတ်ဟျွန်းကို အစားသောက် ပို့ဆောင်သည့် နန်းတွင်းသူများသည် ပေါ့လျော့စွာ ချက်ပြုတ်ကြသည်ကြောင့် ငါးပေါင်းဟင်းမှာ ငါးညှိနံ့တွေ စွဲကပ်နေကာ ဘတ်ဟျွန်းကို မသက်မသာအော့အန်စေခဲ့သည်။ သေချာပေါက် ထိုလူတွေသည် နောက်နေ့ကို အသက်မမှီတော့ပေ။

Dragon's Blade   [ Season-2 ] Where stories live. Discover now