DB-78

9.5K 1.7K 155
                                    

" ထိုက်ချီ ပြည့်ရှင် ခစားကြောင်းပါ အရှင်းမင်းကြီး ..."

ဝမ်ယောလ်က အဆောင်တော်ပြန်မည့် အကြံကို ခေတ္တရပ်လိုက်ရင်း ခစား ဝင်တွေ့ ပါသော ထိုက်ချီ ပြည့်ရှင်ကို စောင့်စား လိုက်သည်။

ရှည်လျားသော ခန်းမလျှောက်လမ်းတစ်လျောက် မာန်ဝင့်ချီချက် ဝင်လာသူသည် သူ၏ ငယ်ပေါင်းကြီးဖော် ဟုတ်မနေခဲ့။ ထိုသူ၏ ကိုယ်ပွားတစ်ခုလို ဖြစ်နေသည့် သားတော် ထိုက်ခွန်းသာ ဖြစ်နေခဲ့သည်။

ထိုက်ခွန်းက ဝမ်ယောလ်ကို အရိုအသေ ပေးပြီးတာနဲ့ စာချွန်လွှာကို ဆက်သ လိုက်လေသည်။

"ခမည်းတော်က စာချွန်လွှာ ဆက်သ လိုက်ပါတယ် ဧကရာဇ်မင်း "

" ကောင်းပြီ ... သူ ကျန်းမာတယ်မလား "

" ဟုတ်ကဲ့ မာပါတယ်။ ကျေးလက်မှာပဲ အနားယူရင်း ကုန်ဆုံးမယ်လို့ ဆိုပါတယ် "

ဝမ်ယောလ်က ထိုက်ချီ တော်ဝင်မိသားစု၏ အတွင်းရေးကို ရေးရေး သိနှင့်တာမို့ များများ စားစား မမေးတော့။

" ခရီးပန်းလာခဲ့ပြီမို့ ... အနားယူပါဦး "

ဝမ်ယောလ်က စာချွန်လွှာကို ယူလာခိုင်းရင်း အရင် ကြွနှင့်သည်။

ဝမ်ဂျွန်ကတော့ တမင် ကျန်ရစ်ကာ သူ့နောင်တော်နှင့် စကားပြောနေခဲ့သည်။

" နောင်တော် မလာနိုင်တော့ဘူး ထင်နေတာ"

" ငါ့ခမည်းတော် အနားယူပြီလေ ... ကျန်တဲ့ တာဝန် ငါပဲ လုပ်မှာပေါ့ "

ထိုက်ခွန်း၏ ပြည့်ရှင်မင်းဟူသော အရိပ်အရောင်များ တောက်ပနေမူကို ဝမ်ဂျွန် မြင်တွေ့နေရသည်။ ထိုက်ခွန်းကတော့ အယောက်တစ်ရာမှာ တစ်ယောက်တောင် မရှိနိုင်သည့် အာဂ လူသားထဲမှာ ပါဝင်သည်။

လွန်ခဲ့တဲ့ တစ်နှစ်အတွင်းမှာပဲ မာနကြီးမား လွန်း၍ ခက်ထန်သော ထိုက်ချီဘုရင်ကို  ထီးနန်းစွန့်စေခဲ့ကာ ထိုက်ခွန်းက ထီးနန်းကို အာဏာပြသိမ်းစရာမလိုပဲ အရိုက်အရာ ဆက်ခံခဲ့ရသည်။

" ဘာရင်းလိုက်ရသလဲ နောင်တော် "

ထိုက်ခွန်းက မိုးကောင်ကင်ကြီးကို မျှော်ကြည့်ရင်း ဖြေဆိုသည်။

Dragon's Blade   [ Season-2 ] Tempat cerita menjadi hidup. Temukan sekarang