DB-35

22.9K 2K 159
                                    


နံရံအပြည့် ပွင့်လန်းနေသည့် ပွင့်ဖက်နက်နက်တို့ကို ကြည့်ရင်း ဂင်ဂျုံဒဲ တစ်ယောက် စိတ်မကြည်မလင် ဖြစ်နေသည်။ ဒီသမားတော် ဂင် အိမ်ကို ရောက်ရင် သူဒီပန်းတွေကို မြင်တိုင်း သဘောမကျ ဖြစ်ရသည်။ ထိုအဆိပ်ပန်းတွေကို အဲ့ဒီ့ သမားတော်က ဘာကြောင့် အခုထိ စိုက်ပျိူးထားရတာလဲ။ အရှင်မင်းကြီးကပါ ခွင့်ပြုထားသည့် ထိုအဆိပ်ပန်းတွေကို သူ တစ်ကယ် မကြိုက်ပါ။

" ဒီမှာ .. ခင်များ မှာတဲ့ ဆေး !"

လက်ထဲ ထိုးပေးလာသည့် ဆေးထုတ်ကို ဂျုံဒဲ အလျင်အမြန် ကိုင်ယူလိုက်ရသည်။

ဆေးထုတ်ပေးလာသည့် သမားတော်ဂင်သည်လည်း သူ့ကို မြင်ရတာ မသက်မသာဖြစ်ရသည်ထင်။ မျက်မှောင်ကို ကြုတ်လို့။ ဝတ်ကျေတန်းကျေ နှုတ်ဆက်ပြီး သူအလုပ် အတိုင်း ဆေးပင်တွေ လိုက်ပျိုးနေသည်။

" ဒီမှာ... သမားတော် ဂင်
မေးချင်တာ ရှိလို့.... အဲ့ဒီ့ ပန်းတွေကို ခင်များ ဘာအတွက်နဲ့ အခုထိ စိုက်ထားရတာလဲ "

" ကျွန်တော် ပြောပြီးပါရော... ကျွန်တော် အဲ့ဒီ့အပင်နဲ့ ပက်သတ်ပြီး လေ့လာစရာ ရှိနေလို့ပါဆို !!"

" အဆိပ်က အဆိပ်ပဲပေါ့... ဘာကို ထပ်လေ့လာစရာ ရှိသေးလို့လဲ "

မင်ဆော့သည် အပင်တွေ မြေသြာဇာထည့်ရင်းက သူ့ကို စကားရပ်များနေသော စစ်သူကြီးကို မော့ကြည့်ရတော့သည်။ ထိုလူသည် မမူးလည်းပဲ ရစ်တက်လေသလား။

" ကျွန်တော် ပြောပြတော့ရော ခင်များက ဆေးပညာအကြောင်း ဘာသိလို့လဲ "

" အောင်မာ.... ကျုပ်လည်း ဆေးမြစ်၊ ဆေးဥနဲ့ အဆိပ်တွေကြောင်းတော့ နှံနှံစပ်စပ် သိပါတယ်နော်"

မင်ဆော့သည် ထပ်မပြောလိုတော့၍ ခေါင်းသာခါပြီး လုပ်လက်စကို ဆက်လုပ်ရတော့သည်။ ထို စစ်သူကြီး၏ အမေဖြစ်သူသည် သူကုသပေးနေရသည့် လူမမာ တစ်ဦးပေမို့ သူ့အိမ်အတွင်းသိူ့ စစ်သူကြီးဂင်၏ အဝင်အထွက်သည် မျက်စိနောက်လောက်အောင်ကို ရှိတက်လာသည်။ ဆေးကုန်လို့ လာယူလျင် အစေခံတို့ကို လာယူခိုင်းလို့ ရပါရဲ့နှင့် ဘာကြောင့်များ အလွန် စကားများလွန်းသော စစ်သူကြီးကိုယ်တိုင် လာယူရတာလဲ၊ ထိုစစ်သူကြီးသည် မူးနေတုန်းပဲ အရည်မရ အဖတ်မရ ပြောတက်သည်မဟုတ်၊ ပုံမှန်ချိန်၌လည်း ပြောတက်သည်။

Dragon's Blade   [ Season-2 ] Where stories live. Discover now