DB-41

25K 2.1K 60
                                    

ဖြေးဖြေးမှန်မှန် သွားနေသော တော်ဝင်မြင်းလှည်းကြီး၏ အတွင်းတွင် ဖြစ်သည်။ ဂျွန်လေး၏ ခရီးသို့ လိုက်ပို့ကြသော ခမည်းတော်နှစ်ပါးသည် တိတ်ဆိတ်လျက် ရှိနေကြသည်။ အမှန်မှာ ခမည်းတော်ဝမ်အွန်းသည် အိပ်ပျော်နေလျက် တစ်ယောက်သော ခမည်းတော်မင်းကြီး၏ ပုခုံးထက်၌ ငြိမ်သက်စွာ မှီလျက်အိပ်ပျော်နေခြင်း ဖြစ်သည်။

မြင်းလှည်းကြီး၏ အတွင်းဘက်ကျသော အနောက်ခန်းတွင်မှု မင်းသားလေးနှစ်ပါးအား ကလေးထိန်းသူနာပြုတို့က အသီးသီး ဂရုတစိုက် ပွေ့ချီထားလျက် ရှိကြသည်။ အိပ်ပျော်နေကြသော တော်ဝင်မင်းသားတို့ကြောင့်ရော၊ ကြင်ယာတော်ကြောင့်ပါ ဝမ်ဂျွန်နှင့် ဝမ်ယောလ်သည် ဘာမှမပြောဖြစ်ကြပေ။ မှာကြားစရာတို့ ၊ ဆွေးနွေးစရာတို့ ရှိသေးသော်ငြား တိတ်ဆိတ်စွာပင် လိုက်လာကြသည်။

မွန်းတည့်ချိန်သို့ ရောက်တာနှင့် ဝမ်ယောလ်သည် ခရီးတစ်ထောက် နားခွင့်ပြုသည်။ အမွှာမင်းသားလေး တို့သည်လည်း မြင်းလှည်းရပ်သည်နှင့် အိမ်မက်ကမ္ဘာကနေ လှုပ်နိုးခံရသလို အဲကနဲ ထအော်တော့သည်။

ကလေးတွေနိုးတာနှင့် ဝမ်ယောလ်အပါအဝင် မြင်းလှည်းပေါ်က လူအားလုံးသည် မောင်းထုတ်ခြင်း ခံရတော့သည်။ ဝမ်ယောလ်သည် သူ့ကိုပါ မြင်းလှည်းအပြင် မောင်းထုတ်လိုက်ခြင်းအတွက် စိတ်မကြည်ချင်။ နေ့လယ်စာ တည့်ခင်းကျွေးမွေးသည်ကိုပင် သူမထိချင်သေး။ မြင်းလှည်းတံခါးဝနား ခပ်တည်တည်နှင့် ရပ်စောင့်နေ၏။

မကြာလိုက်သော အချိန်တစ်ခုတွင် ဘတ်ဟျွန်း၏ ခေါ်သံထွက်လာခဲ့သည်။

" အထိန်းတော်ကြီး... "

" ကျွန်တော်မျိုး လာပါပြီ.. "

" နေနေ... ကိုယ်တော်ပဲ သွားမယ်.. "

ဝမ်ယောလ်သည် ထိုအခွင့်အရေးကို စောင့်နေသူပြီပြီ အထိန်းတော်ကြီးကို တားပြီးတာနှင့် ချက်ချင်းပင် မြင်းလှည်းအတွင်းသို့ ဝင်သွားလေသည်။

" အရှင်... "

" ဝမ်အွန်း... ဘာဖြစ်လို့လဲ ။ ကိုယ်တော် ဘာလုပ်ပေးရမလဲ"

ဘတ်ဟျွန်းသည် ယင်းလေးအား အခင်းပေါ် ပြန်ချပေးလိုက်သည်။ ပြန့်ကျဲနေသော ဆံနွယ်တွေကို လက်နဲ့ စုစည်းပြီး ဆိုလာသည်။

Dragon's Blade   [ Season-2 ] Where stories live. Discover now