DB -16

30.2K 2.3K 184
                                    

သမားတော်ဂင်သည် ကန်စွန်းဥလေးတွေကို သေချာ အခွံခွာပေးရင်း ပန်းကန်ပေါ် တင်ပေးထားသည်၊၊ သူ့ရှေ့က တူတော်မောင်၏ အားပါးတရ စားသောက်နေမူကို ကြည့်ရင်း သူက အလိုလို  ဗိုက်ပြည့်နေချင်သည်၊၊ 

" ဦးရီးတော်လည်း စားဦးလေ ..."

" မင်းသားလေးပဲ စားပါ၊၊ ဦးရီးတော်က ပွဲတော်က စားပွဲနဲ့တင် ဗိုက်တင်းနေလို့ "

" ဟွန့် !  ဦးရီးတော့်လည်း ကျွန်တော်က အတူတူ စားနိုင်အောင်လို့ အချိုပွဲတောင် လျော့စားခဲ့တာကို"

နှုတ်ခမ်းထော်ကာ စိတ်ကောက်သည့် အမူအရာ ပြချင်နေသည့် တူတော်သည် မျက်စိရှေ့တွင်ပဲ တစ်ဖြည်းဖြည်း အရွယ်ရောက်လို့ လာနေပြီ ၊၊

" ဒီမွေးနေ့ကို ပျော်ရဲ့လား ... ဂျွန်လေး"

ကန်စွန်းဥ စားနေရင်း ခေါင်းတစ်ဆက်ဆက် ငြိမ့်ပြလာသည့် ဂျွန်လေးသည် မည်မျှပျော်ရွှင်နေမှန်း အပြုံးမျက်ဝန်းတွေက သက်သေပင် ဖြစ်သည်၊၊

" အပျော်ဆုံးနေ့လို့ ပြောလို့ရတယ် ..
ကျွန်တော်ရဲ့ မိသားစုတွေ အကုန်
ကျွန်တော့်ကို မွေးနေ့ဆုတောင်းပေးကြတာ၊၊
လက်ဆောင်တွေ ပေးကြတာက
ထင်ထားတာထက် အရမ်းပျော်ဖို့ကောင်းတာပဲ"

ဂင်မင်ဆော့ ခေါင်းငြိမ့်ရင်း ဆက်နားထောင်မိသည်၊၊

" ပြီးတော့လေ .. ကျွန်တော် ခမည်းတော် ဝမ်အွန်းနဲ့ အိပ်ချင်တယ်လို့ ပြောတော့ မင်းကြီးက အတူအိပ်နိုင်အောင် စီမံပေးတယ်သိလား.. "

" ဟင် .. ဘယ်လို စီမံပေးတာလဲ?
မင်းသားလေးက အသက်၇ နှစ်တောင်ရှိပြီကို
ကြင်ယာတော်အဆောင်ထဲ ညအိပ်လို့မရတော့ဘူး မလား!"

" ဟုတ်တယ်လေ၊၊ မရတော့ဘူး၊၊
အဲ့တာကြောင့် မင်းကြီးက ကျွန်တော်တို့ သုံးယောက် အတူအိပ်ရင် ရတယ်ဆိုပြီး ပြောလာတာ..."

" အဲ့ဒီ့တော့ မင်းသားတို့ သုံးယောက်က မင်းကြီးအိပ်ဆောင်မှာ အတူ အိပ်ကြမယ်ပေါ့ !"

" ဟုတ်ပါတယ်ဆို ၊၊ ဝါးး အရမ်းပျော်ဖို့ကောင်းမှာပဲ၊၊ ကျွန်တော့် မိဘနှစ်ပါးလုံးနဲ့ အတူအိပ်ရတော့မှာ"

Dragon's Blade   [ Season-2 ] Where stories live. Discover now