DB-18

32.1K 2.3K 118
                                    


" မင်း အခုထိ ဝန်မခံသေးဘူးဆို မင်းမိသားစုတွေကို တစ်ယောက်ချင်းစိ မင်းရှေ့မှာ သတ်ပြမယ်!"

ရာဇမာန် ပြင်းလှသည့် အာဏာရှင်အသံ၊၊

မြေအောက်အကျဉ်းစခန်းသည် မကြာခင်အချိန်အတွင်း သွေးညှိနံ့တွေ ရတော့မည်ကို ခံစားမိနေသည်၊၊ သို့အတွက် ဝမ်အင်မင်းသားသည် အမျက်တော်ကြီးနေဆဲ မင်းကြီးအား စိတ်လျော့ပါရန် တိုက်တွန်းမှု ပြုရသည်၊၊

မင်းကြီး၏ ထိုမျှလောက် ဒေါသတကြီး ခက်ထန်ပြုမှုသည်က လွန်ခဲ့သော ဆယ်စုနှစ်ကျော်က ဖြစ်သည်၊၊ မိခင်မယ်တော် ဆုံးပါးသွားရသည့် အခြေအနေမှစ၍ ခက်ထန်ပြောင်းလဲ ခဲ့ရပေမဲ့ မင်းဘုရင်အဖြစ် နန်းတက်ချိန်မှာတော့ ပြည်သူ အတွက် စဉ်းစားပေးသည့် မင်းဘုရင်ဟူ၍ စိတ်လျော့ကာ ပြုမှုတက်သည်၊၊ ဒေါသအလျောက် ပြုမှုသည်က ရှားသည်၊၊

သံကြိုးပေါင်းများစွာနှင့် ထိန်းချုပ်ခံထားရသော အကျဉ်းသားသည် သူ့ရှေ့တည့်တည့် အိမ်သူသက်ထား၏ လည်ပင်းဓားထောက်လျက် အနေအထားကို မတက်သာစွာပဲ ကြည့်နေရသည်၊၊

" ကျွန်တော်မျိူး အမှားပါ ... ကျေးဇူးပြုပြီး ကျွန်တော့်ကိုပဲ သတ်ပါ !!! "

" တိတ်စမ်း! ခွေးကောင် !!!
ငါကိုယ်တော်ကြားချင်တာ မင်းတို့နောက်ကွယ်က ဘယ်သူဘယ်ဝါဆိုတာ .. မင်း မတောင်းဆိုလဲ မင်းကိုသတ်ဖို့ စီစဉ် ပြီးသား... ရာရာစစ ငါ့သွေးသားကို လုပ်ကြံတဲ့ ကောင်တွေ အရှင်မထားဘူး!!"

ဝမ်ဂျွန် မွေးနေ့ပွဲတော်မတိုင်ခင် အတွင်းလူတွေသာ ဖြေရှင်းလိုက်ရသည့် အရေးတော်ပုံသည် မထင်မှတ်ထားပဲ ကြီးမားခဲ့သည်၊၊ မွေးနေ့ပွဲမှ နေ၍ မင်းကြီးကို လုပ်ကြံမည်ဟု ခန့်မှန်း ထားခဲ့သော်ငြား သူတို့၏ အဓိကပစ်မှတ်မှာ ဝမ်ဂျွန်မင်းသား ဖြစ်နေခဲ့သည်၊၊

သွေးသားကို ထိလာ၍ ဒေါသမထိန်းနိုင်သော မင်းကြီးသည် ဝမ်အင်နှင့် ဆယ်ဟွန်းတို့ ဦးဆောင်သော တပ်ဖွဲ့နောက် သူ၏ ကိုယ်ရံတော် တပ်ဖွဲ့နှင့် တိတ်တဆိတ် လိုက်ပါ လာသည်၊၊ ပုန်ကန်မည့် တပ်သားတွေ အားလုံး ချေမှုန်း ပြီးချိန် အရှင်ဖမ်းမိသော တပ်သားတို့မှာ ကိုယ့်ဘာသာ အဆုံးစီရင်၍ နောက်ကွယ်လူကို မဖော်ထုတ်သွားပေ၊၊ တစ်ဦးတည်းသော ကျန်ရစ်သူကိုဖြင့် နန်းတွင်း မြေအောက် အကျဉ်းထောင်ထံ ပို့ထားရသည်၊၊ လာရောက် လုပ်ကြံခြင်း မရှိအောင် အထူးကြပ်မက်ထားသလို ထိုသူ၏ မိသားစု တွေကိုပါ ဖမ်းယူထားသည်၊၊

Dragon's Blade   [ Season-2 ] Where stories live. Discover now