DB-6

30.7K 2.5K 265
                                    


နေဝင်ရီတရော အချိန် ။

မြစ်ကမ်းနဲ့ဝေးရာမှာ ရှိနေတဲ့ ဆေးဆရာအိမ်လေးက
ဆီမီးထိန်ထိန်နဲ့ ညဘက်ကူးနေချိန်တောင် လူမမာ
တွေကို ကုသပေးနေရတုန်း ။

မင်ဆော့အနားမှာ ဘတ်ခဟျွန်းက အပ်တွေမီးကင်ပေး၊
လိုအပ်ဆေးတွေ ကျိုပေးရင်း အကူအညီပေးနေသည်။

ညနေစောင်းလောက်မှာ ရောက်လာသည့် မန်ချူး
အမျိုးသားနှစ်ယောက် ။ တစ်ယောက်က ခါးနာ
ဝေဒနာကြောင့် မင်ဆော့ဆီမှာ အပ်စိုက်ကုသဖို့
ရောက်လာကြသည် ။ ဘတ်ဆန်းကို စရောက်တုန်းက
ထိုမန်ချူးမိသားစုရဲ့ အကူအညီနဲ့ မင်ဆော့တို့
အနေအစားချောင်လည်ခဲ့သည်။

တစ်ခြားတော့မဟုတ် ။ ခါးနာဝေဒနာ ခံစားနေရတဲ့
မန်ချူးအမျိုးသားလေးက ဘတ်ခဟျွန်းလိုမျိုး
အမျိုးသားကိုယ်ဝန်ဆောင်နိုင်တဲ့ သူ ဖြစ်နေတာ
ကြောင့် ။ ဟန်နိုင်ငံဘက်မှာလည်း အမျိုးသား
ကိုယ်ဝန်ဆောင်တွေ ရှိကြောင်း သိမှ သူတို့အတွက်
အသက်ရှုချောင်စရာ ဖြစ်ခဲ့သည် ။

ဂိုလျောဘက်က ဆိုလျင်တော့ ဘတ်ခဟျွန်း
တစ်ယောက်တည်းသာ ရှိမည်ထင် ။

မင်ဆော့ အပ်စိုက်ပေးနေတုန်း Baekhyun က
ခြံထဲ လှမ်းထားတဲ့ အဝတ်တွေသွားသိမ်းနေသည်။
Baekhyun အဝတ်တွေ သိမ်းနေတုန်း အရှေ့မှာ
ကန့်လန့် ကန့်လန့်နဲ့ ဂျွန်ကြောင့် စ်ိတ်မရှည်ဖြစ်လာသည်။

" အာပါး....ကျန်တာ သား သိမ်းခဲ့မယ် !!
အားပါး အပေါ်တက်တော့..သွားတော့ "

" ဂျွန်လေး...မင်း ဘာဖြစ်နေတာတုန်း ...
မင်း အဝတ်တွေ သိမ်းရင် ခေါက်လာမှာမဟုတ်ဘူး
ဖယ်စမ်းပါ..... "

" အဖေ လို့ !!! သွားပါဆို "

" ဂျွန် ...!!! "

Baekhyun ကို အတင်းတွန်းပို့နေတဲ့ ဂျွန်ကြောင့်
ခေါက်သိမ်းထားတဲ့ အဝတ်တွေလည်းဖရိုဖရဲနဲ့
ဖြစ်ကုန်သည် ။

ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ သားအဖနှစ်ယောက်ကြား
Minseok ပါရောက်လာခဲ့သည် ။

" ဟုတ်တယ်...Baekhyun..
အိမ်ပေါ်တက်ပြီး ဆီမီးတွေ သွားထွန်းလိုက်
ငါနဲ့ ဂျွန်လေး အဝတ်တွေသိမ်းခဲ့မယ် "

Dragon's Blade   [ Season-2 ] Dove le storie prendono vita. Scoprilo ora