Chapter 9

498 124 3
                                    

Zawgyi

Author: Gong Zi Yu Ge

ရှန်ကျင်းထျန်က ကားထဲကနေ စိတ်ပျက်လက်ပျက်နဲ့ထွက်လာခဲ့တယ် သူကားထဲကထွက်ထွက်ချင်း အပြင်ဘက်ကအပူက သူ့ဆီဟပ်လာတယ် သူကြယ်သီးတွေကိုမြန်မြန်တပ်လိုက်ပြီးတော့ ရန်ချွီးချီရဲ့ကားမောင်းထွက်သွားတာကိုကြည့်နေလိုက်တယ်

ကားထဲကair conက အရမ်းအေးတယ် အဲ့ဒါကစိတ်လှုပ်ရှားတာရဲ့ ပုံမှန်ဇီဝကမ္မတုံ့ပြန်မှုဘဲ! အဲ့ဒါက ရန်ချွီးချီထင်သလိုလုံးဝမဟုတ်ဘူး!

ဒီအထင်လွဲမှုက တကယ်ရှက်စရာကောင်းတယ် သူကတပ်မက်မှုကိုမလွန်ဆန်နိုင်တဲ့ သူငယ်နှပ်စားလေးမဟုတ်ဘူး သူက*1လေ! သူ့"*ခေါင်း"က အခြား1တစ်ယောက်အတွက် မမြင့်တက်လာသင့်ဘူးလေ!

(*I think ခေါင်းmean d*ck)

မဒမ်ရန်က သူ့ညီအမတွေကိုလိုက်ပို့နေတုန်းမှာ ရန်ချွီးချီရဲ့ကားလာနေတာကိုမြင်လိုက်ရတယ် သူ့ညီအမတွေကိုပို့ပြီးတော့ သူမကရန်ချွီးချီနောက်အပေါ်ထပ်ကိုချက်ချင်းလိုက်သွားတယ် "ဘယ်လိုတောင်မြန်တာလဲ မင်းသူ့ကိုသေချာအိမ်ပို့ပေးလိုက်ရဲ့လား?"

ရန်ချွီးချီက "အမ်း"လို့ပြောပြီးတော့ သူ့အခန်းဆီဆက်လျှောက်သွားတယ်

မဒမ်ရန်က ပြောလိုက်တယ် "ခဏလေးစောင့်ဦး မင်းကိုပြောစရာရှိသေးတယ်"

သူတို့၂ယောက်လုံး စာကြည့်ခန်းဆီသွားလိုက်ကြတယ်

မဒမ်ရန် : "မင်း ရှောင်ကျင်းပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲထဲမှာ ရင်းနှီးမြှုပ်နှံထားတယ်လို့ငါကြားတယ် ဟုတ်လား?"

"အဲ့ဒါက ကျွန်တော်တို့ကုမ္ပဏီရဲ့ဒီနှစ်အတွက် အဓိဇာတ်ကားprojectလေ" ရန်ချွီးချီကပြောလိုက်တယ် "အမေဘာပြောမလို့လဲဆိုတာကျွန်တော်သိတယ် ကျွန်တော်အမြဲတမ်း ကိုယ်ရေးကိုယ်တာနဲ့အလုပ်ကိုသပ်သပ်စီခွဲထားပါတယ် သရုပ်ဆောင်တာက ထုတ်လုပ်သူနဲ့ဒါရိုက်တာရဲ့လုပ်ပိုင်ခွင့်ပါ ကျွန်တော်နှောင့်ယှက်မှာမဟုတ်ဘူးစိတ်မပူပါနဲ့ "

"ကောင်းတာပေါ့ " မဒမ်ရန်က စိတ်ချမ်းသာသွားတယ် "ရှောင်ကျင်းမှာ အခုအိမ်ကိစ္စဖြေရှင်းစရာအများကြီးရှိနေတယ် ဒါ့ကြောင့်သူ့ကိုကူညီရမယ်လေ သူcomebackလုပ်ဖို့ကြိုးစားနေရတာသနားစရာကောင်းတယ် သူကသရုပ်ဆောင်ရတာကိုအမုန်းဆုံးဘဲ ဒါပေမဲ့အခုသူနေထိုင်ဖို့ သူမကြိုက်တာကိုလုပ်နေရတယ် မင်းသူ့ကိုမကြိုက်ဘူးဆိုရင်တောင် သူ့ကိုအရှက်မရစေနဲ့ ဘယ်လိုဘဲဖြစ်ဖြစ် မင်းတို့ကအတူတူကြီးပြင်းလာကြတာဘဲလေ အခုသူအခက်အခဲကြုံနေတော့ ငါတို့သူ့ကိုကူညီဖို့ကြိုးစားရမယ်လေ"

မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Zawgyi)Where stories live. Discover now