Chapter 11

469 125 1
                                    

Zawgyi

Author: Gong Zi Yu Ge

သူတို့ကဇာတ်ညွှန်းအတိုင်းစာသားတွေကိုဖတ်နေပေမဲ့လည်း ရှန်ကျင်းထျန်ရဲ့လေသံနဲ့စိတ်ခံစားမှုပါတဲ့အသံကိုကြားနေရတယ် သူတို့ရဲ့အခြေခံစကေးတွေကခိုင်မာပေမဲ့ သူတို့ကလေ့မကျင့်ဖြစ်တာကြာပြီဖြစ်တဲ့အတွက် သူတို့အသံတွေကသိပ်ပြီးအခြေအနေမကောင်းကြဘူး သူတို့ကဘယ်လိုမှရှန်ကျင်းထျန်နဲ့မယှဉ်နိုင်ကြဘူးဖြစ်နေတယ်

*ရန်လီဇီက မူလတုန်းကမောက်မာနေပေမဲ့ အခုတော့ရှန်ကျင်းထျန်ကိုကြည့်ဖို့သူမခေါင်းကိုလှည့်လိုက်တယ် သူမဘေးမှာထိုင်နေတဲ့ပိုင်ချင်းကွမ်က သူမခေါင်းနောက်ဘက်ကိုဘဲတစ်ချိန်လုံးမြင်နေရတယ် ဆံညှပ်တစ်ခုကိုသူမခေါင်းပေါ်တွယ်ထားတယ် ပုံစံကသစ်ခွပန်းပုံရိုးရိုးရှင်းရှင်းလေးဖြစ်ပေမဲ့အရမ်းလှလွန်းလို့ ပိုင်ချင်းကွမ်ရဲ့စိတ်ကမရိုးမယွဖြစ်နေတယ် (*အခုပိုင်းစပြီး ရန်လီဇီလို့သုံးသွားပါမယ် e tranမှာလည်းပြောင်းသွားလို့ပါ)

ဝူးဝူးဝူးဝူး သူလည်းအဲ့ဒါကိုပန်ချင်တယ်

ချင်းကွမ်"ကောင်းရွေ့က သတိပေးလိုက်တယ် "မင်းအလှည့်ဘဲ"

ပိုင်ချင်းကွမ်က သူ့အာရုံကိုပြန်စုစည်းလိုက်တယ် သူကစိတ်လှုပ်ရှားနေလို့လျှာခေါက်သွားတယ် "ငါ့အကိုတော်ကသိတယ်လို့မထင်ဘူး.......သူကဆန့်ကျင်ဘက်လိင်ကိုမကြိုက်ဘူးဆိုတာ....."

အဲ့ဒီစာကြောင်းမဟုတ်ဘူး အပေါ်ကစာကြောင်း"ကောင်းရွေ့က ထောက်ပြလိုက်တယ်

လူတိုင်းက ပိုင်ချင်းကွမ်ကိုရှက်သွေးဖြာသွားစေတဲ့ရယ်သံသေးသေးလေးတွေထွက်လာခဲ့တယ်

သေစမ်း သူတကယ်ကြီးရှန်ကျင်းထျန်ကိုရှုံးသွားတာဘဲ!ပိုင်ချင်းကွမ်က သူ့ရင်ဘတ်ကိုကော့လိုက်ပြီးမတ်မတ်ထိုင်လိုက်ပြီးတော့ ရှန်ကျင်းထျန်နဲ့အဆုံးထိယှဉ်ပြိုင်ဖို့ သူ့ကိုယ်သူသတိပေးလိုက်တယ်!

ကောင်းရွေ့က အစည်းအဝေးကိုအရမ်းစိတ်ကျေနပ်နေတယ် လူတိုင်းကအကောင်းဆုံးဖြစ်ဖို့မျှော်လင့်နေပြီးတော့ တက်ကြွမှုတွေအပြည့်ဖြစ်နေကြတယ် အဓိကဇာတ်ဝင်ခန်းကတော့ ပိုင်ချင်းကွမ်နဲ့ရှန်ကျင်းထျန်ကြားက အခန်းတွေဖြစ်တယ် သူတို့ကဇာတ်လမ်းထဲက တကယ့်လူတွေလိုမျိုးကြည့်ရတာတအားစိတ်ဝင်စားဖို့ကောင်းတယ်

မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Zawgyi)Where stories live. Discover now