Chapter 21

466 107 2
                                    

Zawgyi

Author: Gong Zi Yu Ge

ရန်ချွီးချီက မဒမ်ရန်ရဲ့ရယ်သံကိုမကြားရသေးခင် ခဏလောက်တောင့်သွားတယ် သူနည်းနည်းရှက်နေမိတယ် သူကမျက်နှာသေနဲ့ဘဲ တံခါးကနေဖြတ်လာတော့ gymအခန်းထဲမှာအခြားသူတစ်ယောက်ရှိနေတာကိုမြင်လိုက်ရတယ်

ရှန်ကျင်းထျန်က ထိုင်ထလုပ်နေတာဖြစ်တယ် နည်းပြလီက သူ့အမေကိုအဲ့လောက်ပွင့်ပွင့်လင်းလင်းပြောလိမ့်မယ်လို့လည်း သူမထင်ဘူး

ရှန်ကျင်းထျန်က ထပ်ပြီးသည်းမခံနိုင်တော့ဘူး သူ့ခြေထောက်တွေကတုန်ရီနေပြီး ပြုတ်ထွက်တော့မလိုဖြစ်နေပြီ ချွေးသီးချွေးပေါက်တွေက သူ့ပါးပေါ်ကနေစီးကျနေတယ်

ရန်ချွီးချီက မျက်နှာသေနဲ့ဘဲဝင်လာလိုက်တယ် မဒမ်ရန်က သူ့ကိုမြင်တော့ အပြုံးတစ်ခုနဲ့အော်ခေါ်လိုက်တယ် "ချွီးချီ ပြန်ရောက်ပြီ"

အမ်း"ရန်ချွီးချီက မတုန့်ဆိုင်းဘဲ အပြေးစက်ဆီတန်းသွားလိုက်တယ် နားကြပ်တပ်လိုက်ပြီး အပြေးစက်ပေါ်ကTv screenကိုသတင်းလိုင်းဘက်ပြောင်းလိုက်တယ် သတင်းအသစ်တွေကအဆက်မပြတ်ထုတ်လွှင့်နေပေမဲ့လည်း သူကရှန်ကျင်းထျန် မြေပေါ်ထိုင်ချလိုက်ပြီး သက်ပြင်းချလိုက်တဲ့အသံကို မရှင်းမလင်းကြားနေရတယ်

အဲ့ဒီအသံက သူ့အတွက်ထူးဆန်းနေတယ် အဲ့ဒါကအရမ်းလွတ်လပ်နေတဲ့အပြုအမူဖြစ်တယ် သူကနားကြပ်ရဲ့အသံကိုမျက်နှာသေနဲ့ဘဲ မြှင့်လိုက်ပြီး သတင်းကြည့်ရင်း အပြေးလေ့ကျင့်ခန်းစလုပ်ခဲ့တယ်

ရှန်ကျင်းထျန်က မြေပေါ်မှာထိုင်ရင်းအသက်ရှုနေတယ် သူ့လက်ကိုယမ်းရင်းပြောလိုက်တယ် "ကျွန်တော်နားပါရစေ အနားယူမယ် ထပ်မလုပ်နိုင်တော့ဘူး"

နည်းပြလီက ပြုံးရင်းထိုင်ချလိုက်ပြီး သူ့ရဲ့နာကျင်နေတဲ့ကြွက်သားတွေကိုညှစ်လိုက်တယ် ရှန်ကျင်းထျန်က ချွေးတွေနဲ့ရွှဲနေပြီး ချိုသာတဲ့ပုံရိပ်တစ်ခုလိုတည်ရှိနေတယ် သူ့နှုတ်ခမ်းအရောင်က ပိုပြီးတော့တောင်နှင်းဆီရောင်သန်းနေတယ်

အနုပညာရှင်ကတော့ အနုပညာရှင်ပါဘဲ အခြားအနုပညာရှင်တွေအများကြီးထဲမှာ ရှန်ကျင်းထျန်က သိပ်မထူးချွန်ဘူးဆိုပေမဲ့ တကယ့်အပြင်မှာတော့ သူကသာမန်လူတစ်ယောက်ထက်ပိုပြီးတော့ကြည့်ကောင်းတယ် သူ့မှာချွေးထွက်လာတာနဲ့တောက်ပစိုရွှန်းနေတဲ့ အသားအရေကောင်းရှိတယ် သူ့ပုံစံက သေးသွယ်တယ် သူ့ခြေထောက်တွေကရှည်ပြီးတော့ ဖြောင့်တန်းနေတယ် ပြီးတော့ သူက အမွှေးအမျှင်လည်းပါးတယ်

မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Zawgyi)Where stories live. Discover now