Chapter 19

475 115 1
                                    

Zawgyi

Author: Gong Zi Yu Ge

ရှန်ကျင်းထျန်က သူ့မျက်ခုံးတွေမြှင့်တက်သွားပြီးတော့ ပြုံးလိုက်တယ် သူကနေ့လည်စာဘူးကိုအနီးကပ်ကြည့်လိုက်သည် "ငါမင်းစားတာမတွေ့မိဘူး မင်းနည်းနည်းစားချင်လား?"

အနုပညာရှင်ဖြစ်လာကတည်းက ပိုင်ချင်းကွမ်က သိပ်မစားဖြစ်တော့ဘူး အခုဇာတ်ကားအသစ်ရိုက်တော့မယ်ဆိုတော့ သူက ကင်မကာရှေ့မှာကြည့်ကောင်းပြီး ကြွက်သားတွေပေါ်အောင်လို့dietစလုပ်နေခဲ့ပြီးဖြစ်တယ်

ရိုက်ကူးရေးအဖွဲ့က ဝေတဲ့အစားအသောက်တွေကတော်တော်လေး ကောင်းမွန်တယ် အညိုရောင်စွပ်ပြုတ်ထဲက ဝက်သားလုံးပေါင်းရယ် နံရိုးချိုချဉ်ရယ် ပူပူနွေးနွေးစွတ်ပြုတ်ရယ် ပြီးတော့ သူ့အကြိုက် ကြာစွယ်ကြော်ရယ်ဖြစ်တယ်

ပိုင်ချင်းကွမ်က တံတွေးပြန်မျိုချလိုက်ရင်းပြောလိုက်တယ် "ငါအရမ်းမဆာပါဘူး မင်းစားလေ ငါ့အတွက်စိတ်မပူပါနဲ့"သူစားပါစေ စားစမ်း စားစမ်း မင်းမျက်နှာကြီးဝပြဲလာတဲ့အထိစားလိုက်စမ်း!ရှေ့လျှောက်ဇာတ်ကားရိုက်ရင် သူက ရှန်ကျင်းထျန်ကို ပိုစားဖို့ပြောဦးမှာ!

ဟိုး ဟိုး ဟိုး!

ရှန်ကျင်းထျန်က တူကိုင်ရင်းပြောလိုက်တယ် "ငါတကယ်ဗိုက်ဆာနေပြီ"

ပိုင်ချင်းကွမ်က သူစားနေတာကိုစောင့်ကြည့်ရင်း သူ့ကိုဂရုတစိုက်မေးလိုက်တယ် "ငါ မင်းအေးဂျင့်ကဝတ်စုံငှားဖို့phခေါ်နေတာကို ကြားမိလိုက်တယ် မင်းလိုချင်ရင် ငါကူညီပေးရမလား?"

ပိုင်ချင်းကွမ်ရဲ့အသံက နွဦေးမှာ ချစ်ခင်နေကြတဲ့ စုံတွဲတစ်တွဲရဲ့ လမ်းလျှောက်ရင်းတီးတိုးပြောနေကြတဲ့ အသံလိုမျိုး ကြည်လင်တည်ငြိမ်နေတယ် သူကနတ်သားလေးလို့ ဘယ်သူကမထင်မိဘဲနေနိုင်မှာလဲ

ရှန်ကျင်းထျန်က စိတ်ရှုပ်သွားတယ်

လူတိုင်းက လရောင်ဖြူလေးကိုချစ်ကြတယ်ရဲ့ မူလဝတ္ထုမှာ ပိုင်ချင်းကွမ်က သူ့ကိုဘယ်လောက်မုန်းနေတယ်ဆိုတာဖော်ပြမထားဘူး ရှန်ကျင်းထျန်ကြောင့် အခက်အခဲတွေဘယ်လောက်ခံစားရပါစေ ပိုင်ချင်းကွမ်က သူ့ရဲ့ဂုဏ်သိက္ခာကိုထိန်းသိမ်းထားတယ် သူက ရှန်ကျင်းထျန်အကြောင်း ဘာမှမကောင်းမပြောဖူးဘူး သူ့ပရိတ်သတ်ဖြစ်တဲ့ Black moonlight ကြောင့်သာ အဖြစ်အပျက်တွေကရှုပ်ထွေးနေတာဖြစ်တယ် လရောင်ဖြူလေးက အဲ့ဒီကိစ္စတွေမှာဘယ်တော့မှမပါဝင်ဘူး သူက*ချုံယောင်ရဲ့ပြဇာတ်ထဲက မင်းသမီးတွေလိုမျိုး ကြင်နာသနားတတ်တယ်!
(*Qiong Yao=ချုံယောင်ဆိုတဲ့စာရေးဆရာရဲ့drama တွေမှာမင်းသမီးက ကြင်နာသနားပြီးတော့ စိတ်နှလုံးနူးညံ့နေတဲ့သူပါ)

မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Zawgyi)Where stories live. Discover now