Zawgyi
Author: / Gong Zi Yu Ge
Chapter 53: အိမ်ရှေ့စံနဲ့လီရှု
အားရှု အားရှု"
လီရှုကအိပ်ယာပေါ်ကထထိုင်လိုက်တယ်။ အမှောင်ထဲမှာ သူ့ခေါင်းအုံးအောက်က ဓားမြှောင်ကိုဆွဲယူလိုက်တယ်။
"ဘယ်သူလဲ?"ငါပါ"
ဟဲလန်ဘီက နူးညံ့စွာပြောလိုက်တယ်။လီရှုကဖယောင်းတိုင်ထွန်းလိုက်ပြီး တံခါးကိုပြေးဖွင့်လိုက်တယ်။ ဟဲလန်ဘီက ဝင်လာတော့ စားပွဲပေါ်ကဓားမြှောင်ကိုတွေ့တဲ့အခါတောင့်ခဲသွားတယ်။ အိမ်ရှေ့စံကနန်းချခံထားရစဉ်မှာ လီရှုကအစွန်းမှာရပ်တည်နေရတယ်။ သူ့ကြည့်ရတာတစ်ရက်ကလေးမှကောင်းကောင်းအိပ်မပျော်ပုံပေါ်တယ်။
နင်ကြားပြီးပြီလား?"
ဟဲလန်ဘီက သူမဖုံးကွယ်ထားတဲ့အဝတ်ကိုဖယ်လိုက်ရင်းပျော်ရွှင်တဲ့အကြည့်တစ်ခုပေးလာတယ်။
"*အကိုတော်မင်းသားကို အရှေ့တရုတ်ပင်လယ်ရဲ့ဘုရင်အဖြစ်ချီးမြှင့်လိုက်ပြီတဲ့၊ သူ့နေရမဲ့နယ်မြေက မင်းသားတွေကြားမှာအချမ်းသာဆုံးတဲ့"(*ကျိုးရင်းကိုပြောတာပါ)
လီရှုခဏလောက်တောင့်ခဲသွားပြီး သူ့မျက်လုံးတွေကတောက်ပလာပြီးမေးလိုက်တယ်။
"အင်ပါယာမင်းကြီးက အိမ်ရှေ့စံကိုလွှတ်ပေးမှာလား?"ဟဲလန်ဘီကခေါင်းညိတ်ပြလိုက်တယ်။ သူမကလီရှုဘယ်လိုပျော်နေတာလဲဆိုတာမြင်လိုက်ရတော့ သူမကမျက်ရည်ဝဲလာမိတယ်။
"အကိုတော်မင်းသားကို မနက်ဖြန်သူ့ရဲ့အကျယ်ချုပ်နယ်မြေဆီစေလွှတ်တော့မှာ၊ အဲ့ဒါမိုင်ပေါင်းထောင်ပေါင်းများစွာဝေးကွာတယ်၊ နင်အရမ်းပျော်နေတာကိုငါစိတ်မကောင်းပေမဲ့ နင်သူ့ကိုထပ်ပြီးဘယ်တော့မှမတွေ့ရလောက်တော့မှာကိုငါစိုးရိမ်မိတယ်"နန်းတော်ကအရမ်းအန္တာရယ်များတယ်၊ သူ့နေရမဲ့နေရာဆီရောက်သွားရင် သူ့ကိုဘယ်သူမှအန္တာရယ်မပေးနိုင်တော့ဘူး၊ သူအသက်ရှင်နေသရွေ့ တစ်နေ့တော့ငါသူ့ကိုတွေ့နိုင်လိမ့်မယ်လို့ယုံကြည်တယ်"
လီရှုကသံသယဖြစ်မိနေတယ်။
"အရင်ရက်တွေတုန်းကဘဲ သူကသေရတော့မှာလို့နင်ကြားခဲ့တာမဟုတ်လား?"
YOU ARE READING
မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Zawgyi)
RomanceZawgyi version of your rival in love gets prettier every day