Chapter 46

446 117 4
                                    

Zawgyi

Author:  / Gong Zi Yu Ge

Chapter 46: ရုတ်တရက်ပေါက်ကွဲထွက်ခြင်း

ရိုက်ကွင်းရောက်တော့ လူတိုင်းကရှန်ကျင်းထျန်ရဲ့အခြေအနေကိုစိတ်ပူနေကြတယ်။

မင်းအဆင်ပြေရဲ့လား?"
ပိုင်ချင်းကွမ်က မေးလာတယ်။

အဖျားကျသွားပါပြီ"
ရှန်ကျင်းထျန်ကပြောလိုက်တယ်။
"ငါ့ပါးစပ်ကနာနေရုံပါဘဲ၊ ပြီးတော့ငါစားတဲ့အခါဘာမှအရသာမရဘူးဖြစ်နေတာလေ"

ပိုင်ချင်းကွမ်က ပြုံးရင်းပြောလိုက်တယ်။
"မင်းနေမကောင်းဖြစ်တဲ့အခါအဲ့လိုဘဲလေ၊ ရက်အနည်းငယ်လောက်စောင့်လိုက်၊ ပိုကောင်းလာလိမ့်မယ်"

ရှန်ကျင်းထျန်: "ငါမင်းကိုကျေးဇူးမတင်ရသေးဘူး၊ မင်းသာငါ့ကိုလက်မလှမ်းလိုက်ရင် ငါဘယ်အထဲကိုလဲကျသွားမလဲမသိတော့ဘူး"

ပိုင်ချင်းကွမ်: "အဲ့ဒါကအရမ်းကြောက်စရာကောင်းတာဘဲ၊ မင်းအဆင်ပြေတော့ငါဝမ်းသာပါတယ်၊ ငါမနေ့ကမင်းကိုလာတွေ့ချင်ခဲ့ပေမဲ့ ရိုက်ကူးရေးပြီးသွားတော့သန်းခေါင်ကျော်နေပြီလေ၊ မင်းအနားယူတာထိခိုက်မှာစိုးလို့ ငါအးမလာခဲ့တာ"

ပိုင်ချင်းကွမ်က သူ့ကိုဒီလောက်ဂရုစိုက်ဖို့ဆိုတာမလွယ်ကူဘူး။ သူကအရမ်းကြင်နာတဲ့နှလုံးသားဂှိတာဘဲ။ ရှန်ကျင်းထျန်က သူ့ကိုကြည့်နေတော့ ပိုင်ချင်းကွမ်က ပြန်ကြည့်လိုက်ပြီးနှစ်ယောက်စလုံးရယ်မိသွားတယ်။

ဒါရိုက်တာကောင်းက ရှန်ကျင်းထျန်ကခံနိုင်ရည်မရှိမှာစိုးရိမ်တာကြောင့် ဒီနေ့ရိုက်ကူးရမဲ့စိတ်ထိခိုက်စရာsceneတွေကိုမနက်ဖြန်ကိုရွှေ့လိုက်တယ်။ ဒီနေ့ရှန်ကျင်းထျန်မှာရိုက်ကူးစရာsceneနည်းနည်းဘဲရှိတယ်။

အူလှိုက်သည်းလှိုက်အဖြစ်ရဆုံးsceneက ရှန်ကျင်းထျန်အဝတ်ဝတ်နေတာကိုရိုက်ကူးရတဲ့အခန်းဘဲ။ သူက သူ့ဝတ်ရုံကိုကြယ်သီးတွေဖြုတ်နေရင်း ပြုံးလိုက်ပြီးဒါရိုက်တာကောင်းနဲ့အခြားသူတွေကိုပြောလိုက်တယ်။
"အခုကျွန်တော်က ကျွန်တော်တို့အဖွဲ့အတွက်အားသွင်းပေးနေရတဲ့ယောက်ျားဖြစ်နေပြီလား?"

မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Zawgyi)Where stories live. Discover now