Chapter 56

479 119 12
                                    

Zawgyi

Author:  / Gong Zi Yu Ge

Chapter 56: ငါ့လက်မောင်းတွေထဲမှာမင်းကိုပွေ့ထားမယ်

ပရိုမိုးရှင်းဆင်းရတဲ့နှစ်ရက်ကအရမ်းပင်ပန်းနေခဲ့ပေမဲ့လည်း လူတွေအများကြီးကသူ့နောက်ကိုလိုက်ပြီးချစ်ပေးနေတာကြောင့် သူကပိုပြီးတော့တောင်တောက်ပနေတယ်လို့သူခံစားမိတယ်။ သူ့ပရိတ်သတ်တွေရဲ့အချစ်တွေကသူ့အတွက်တော့ အားဆေးဖြစ်တယ်။

နန်ချန်းမှာ ထိုင်းမှိုင်းအေးစက်နေတဲ့နေ့တစ်ရက်ဖြစ်ခဲ့တယ်။ လီမေ့လန်ကခရီးစဉ်ကိုကြည့်လိုက်ရင်းမေးလာတယ်။
"နင်တစ်ယောက်ယောက်နဲ့ချိန်းထားတာလား?"

ရှန်ကျင်းထျန်ကခေါင်းညိမ့်ပြလိုက်ရင်း:
အန်တီဖန်းလေ

လီမေ့လန်: ရန်ချွီးချီရဲ့အမေလား?"

ရှန်ကျင်းထျန်က ခေါင်းညိတ်ပြလိုက်ရင်းပြုံးပြလိုက်ပြီး
"အန်တီဖန်းက အမြဲကျွန်တော့်ကိုအရမ်းဂရုစိုက်တာ၊ သူမနဲ့မတွေ့ရတာတော်တော်ကြာပြီ၊ သူမကိုအရမ်းလွမ်းနေပြီ......"

လီမေ့လန်: ရန်ချွီးချီရောလာမှာလား?"

ရှန်ကျင်းထျန်ကရယ်လိုက်ရင်း
"ဘာလို့အဲ့ဒါကိုမေးတာလဲ?"

လီမေ့လန်ကရယ်လိုက်ရင်း
"သိသာပါတယ်၊ အခုဒရာမာကအရမ်းနာမည်ကြီးနေပြီဆိုတော့ နင့်ရဲ့ဂုဏ်ကမရှိမဖြစ်ဖြစ်နေပြီလေ၊ ဘောစ့်တစ်ယောက်အနေနဲ့ ကြီးမြတ်တဲ့သူရဲကောင်းဖြစ်တဲ့နင့်ကိုဆုပေးသင့်တယ်လေ၊ အဲ့ဒါကပုံမှန်ဘဲမဟုတ်လား?ဟားဟားဟားဟား "
သူမကနောက်ပြောရုံဘဲဖြစ်တယ်။ ရန်ချွီးချီကဘယ်လိုအေးစက်တယ်ဆိုတာသူမအသိဆုံးဘဲ။ ဆောင်းဦးရေကန်တစ်ကန်ကတောင် သူ့လောက်အေးစက်မှာမဟုတ်ဘူး။

နင်အဲ့ဒီရောက်တဲ့အခါ ဂရုစိုက်နော် ၊ ဘယ်သူမှတွေ့မသွားစေနဲ့"
လီမေ့လန်ကရှင်းပြလိုက်တယ်။ ရှန်ကျင်းထျန်ကသူတို့တွေ့မဲ့စားသောက်ဆိုင်ကိုသူမကိုပြလိုက်တော့ သူမခေါင်းကိုသူမပြန်ရိုက်ရင်း
"ပြသနာမရှိဘူး ၊ ဒီစားသောက်ဆိုင်ကအရမ်းဈေးကြီးလွန်းလို့ လူအများစုကသွားဖို့မတတ်နိုင်ကြဘူးရယ်"

မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Zawgyi)Where stories live. Discover now