Chapter 16

468 127 1
                                    

Zawgyi

Author: Gong Zi Yu Ge

ရန်ယောင်ရွှမ်းက ရှန်ကျင်းထျန်ရဲ့အခန်းရှေ့မှာရပ်နေရင်ရင်း တံခါးခေါက်ရမလားလို့တွေဝေနေခဲ့တယ် ရှန်ကျင်းထျန်က အခုသူ့တက်တူးကိုဖျက်ပစလိုကပေမဲ့ သူ့အကိုကြီးအပေါ်ခံစားချက်တွေရှိနေတုန်းဘဲ ရှန်ကျင်းထျန်က အခုတွေဝေနေတဲ့အချိန်ကိုရောက်နေတယ်လို့သူထင်မိတယ် ဒီလိုအချိန်မှာ သူပြောင်းလဲမှုကိုစောင့်ကြည့်နေသင့်လား ဒါမှမဟုတ် သူတွန်းအားပေးသင့်လား?

ရှန်ကျင်းထျန် သူ့အကိုပေါ်ဘယ်လောက်ဘဲခံစားချက်ရှိရှိ သေချာတာတစ်ခုကတော့ ရှန်ကျင်းထျန်ရဲ့မျက်လုံးထဲမှာသူမရှိဘူး

သူ့ခေါင်းပေါ်ကမီးရောင်ကဖြာကျနေပြီး သူကြိုက်နေတဲ့လူကတော့ဒီတံခါးရဲ့အခြားတစ်ဖက်မှာရှိနေပေမဲ့ သူမဝင်သွားရဲခဲ့ဘူး

ရန်ချီးချီ: မင်းအိပ်မပျော်ဖြစ်နေတာလား?ဘာလို့ဒီမှာရပ်နေတာလဲ?"

ရန်ယောင်ရွှမ်းက သူ့ခေါင်းကိုအလန့်တကြားလှည့်ကြည့်လိုက်တော့ ရန်ချွီးချီက သပ်ရပ်စွာဝတ်ဆင်ထားပြီး သူ့ကိုကြည့်နေတယ်

ရန်ယောင်ရွှမ်း: ဘာမှမဟုတ်ပါဘူး..... အကိုအပြင်သွားမလို့လား?"

ရန်ချွီးချီက ခေါင်းညိတ်ပြလိုက်ပြီး သူ့ကိုစိုက်ကြည့်နေတယ် "*လောင်အာ မင်းအခုဘာလုပ်ချင်နေတာလဲ?"

(*Lao er = မိသားစုထဲမှာဒုတိယအကြီးဆုံးလူကိုခေါ်တာပါတဲ့ but ဒီနေရာမှာတော့အဲ့လိုသဘောမျိုးသုံးတာမဟုတ်ပါဘူးတဲ့ အိုင်လည်းသိပ်မလည်ပါဘူးတဲ့😂)

ညီအကိုနှစ်ယောက်ကြားကဆက်ဆံရေးက မကြာခဏရှုပ်ထွေးနေတယ် ရန်ချွီးချီကပြောလိုက်တယ် :"အဲ့ဒီအကြောင်းစဉ်းစားနေတာရပ်လိုက်တော့ မင်းပျင်းနေရင် ကုမ္ပဏီကို လာပြီးအလုပ်လာလုပ်လှည့် ငါမင်းအတွက်အလုပ်သင်တစ်ခုစီစဉ်ပေးမယ် "

န်ယောင်ရွှမ်းက စကားပြောမလို့လုပ်ပေမဲ့ သူ့စကားလုံးတွေကိုပြန်မြိုချလိုက်တယ်

သူ့အကိုကြီးက သူ့အဖေနဲ့တူတယ် အထူးသဖြင့် သူ့ရဲ့တကယ့်အဖေကတစ်နေ့လုံးအလုပ်များနေပြီး သူတို့ကိုတွေ့ဖို့အချိန်မရှိတဲ့အတွက်ကြောင့်ဖြစ်တယ် ရန်ချွီးချီက သူ့နေရာမှာဝင်လိုက်ပြီး အဖေတစ်ယောက်ရဲ့တာဝန်တဝက်ကိုခွဲဝေယူခဲ့တယ် သူတို့ကအသက်အနည်းငယ်ကွာတာကြောင့် သူအကိုကြီးကိုသူတကယ်မွေးထဲကကြောက်ရတယ် ရန်ချွီးချီက သူ့အပေါ်မှာစည်းကမ်းတင်းကြပ်လို့ သူတကယ်အလေးအနေက်ပြောပြီဆိုရင် ရန်ယောင်ရွှမ်းက ပြန်မပြောရဲဘူး

မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Zawgyi)Where stories live. Discover now