Chapter 35

549 126 1
                                    

Zawgyi

Author: Gong Zi Yu Ge

Chapter 35: ကျေဇူးပြုပြီးငါ့ကိုမွေးရာပါသရုပ်ဆောင်ကောင်းတဲ့သူလို့ခေါ်ပေးပါ

ဓာတ်လှေကားရဲ့ထောင့်မှာရပ်နေရင်း ကောင်းချောင်ကofficial trailerကိုကြည့်နေတယ်။ သာယာနာပျော်ဖွယ်ကောင်းတဲ့ပုလွေသံကိုကြားနေရတယ်။ သူကြည့်ပြီးသွားတာနဲ့ သူခေါင်းမော့လာပြီးရန်ချွီးချီကိုပြောလိုက်တယ်။
"အချက်အလက်တွေနဲ့တုန့်ပြန်ချက်တွေကအရမ်းကောင်းတယ်....."

ရန်ချွီးချီ: အာ"

သူတို့ကုမ္ပဏီမှာအချက်အလက်တွေကောက်ယူရမှာအထူးပြုတဲ့သူတွေရှိတယ်။ သူတို့ကလူထုထင်မြင်ချက်တွေကိုသုတေသနပြုလုပ်ခဲ့ပြီး trailerမလွှင့်ခင်အချိန်ကြာထဲကခန့်မှန်းချက်တွေပေးထားခဲ့ကြတယ်။ ခန့်မှန်းရလဒ်တွေကအရမ်းကောင်းမွန်ပေမဲ့လည်း ဒီနေ့ရလဒ်တွေကတော့လုံးဝမထင်မိစရာဖြစ်လာခဲလတယ်။

ရိုက်ကွင်းအလည်လာခြင်းရဲ့အင်တာဗျူးတွေနဲ့မီဒီယာတွေရဲ့အင်တာဗျူးတွေကတစ်ချိန်ထဲမှာထုတ်လွှင့်ခဲ့တယ်။ ရှန်ကျင်းထျန်နဲ့ပိုင်ချင်းကွမ်ရဲ့ရိုက်ကူးမှုပြီးသွားတော့ အခြားလူတွေရဲ့အင်တာဗျူးတွေကပြီးသွားပြီဖြစ်တာကြောင့် မီဒီယာတွေကသူတို့ကိုစိတ်လှုပ်ရှားစွာစောင့်နေကြတယ်။

ဒါကဒီနေ့အင်တာဗျူးဂဲ့highlightဘဲ! ပိုင်ချင်းကွမ်နဲ့ရှန်ကျင်းထျန်ကအတူတူမတ်တပ်ရပ်နေရုံနဲ့တင်လူတိုင်းရဲ့အာရုံစိုက်နှုကိုဆွဲဆောင်နိုင်တယ်။ ဒီနေ့သူတို့သရုပ်ဆောင်ခဲ့တဲ့အပြိုင်သရုပ်ဆောင်ခန်းကပိုပြီးတောင်ရူးသွပ်ဖွယ်ကောင်းတယ်!

ရှန်ကျင်းထျန်က အရင်တုန်းကအသံကိုလေ့ကျင့်ခဲ့တာကြောင့်သူ့အသံရဲ့အနေအထားကိုသေချာဂရုစိုက်ထိန်းသိမ်းထားတယ်။ သူ့လည်ချောင်းကအတော်လည်းအားနည်းနေပြီးသူ့အသံကအက်ကွဲနေတယ်။ သူကဒီနေ့အခန်းတွေအများကြီးရိုက်ကူးခဲ့ရတာကြောင့်သူ့အသံအိုးကပင်ပန်းနေတာကြောင့်သူ့အသံကသြရှရှစဖြစ်လာတယ်။ သူကရေတစ်လုတ်လောက်သောက်ပြီး ဝန်ထမ်းတွေရဲ့လမ်းညွှန်မှုအောက်မှာအင်တာဗျူးတဲ့နေရာကိုသွားရင်းနဲ့ ကားထဲကထွက်လာတဲ့ပိုင်ချင်းကွမ်နဲ့ထိပ်တိုက်တွေ့ခဲ့တယ်။

မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Zawgyi)Where stories live. Discover now