မြင်မြင်သမျှက စိမ်းစိမ်းစိုစိုရှိလှသော ဂေါချန်းမြို့ကလေးက အေးချမ်းငြိမ်သက်စွာ အနားယူနေသော ညနေစောင်းအချိန်ဖြစ်သည်။
" ညှစ်ထား သူငယ်ချင်း...အားတင်းထား "
" မရတော့ဘူး!! ငါမရတော့ဘူး "
" ခေါင်းထွက်နေပြီ အစ်မ နည်းနည်းထပ်ကြိုးစားပါဦး "
တစ်မြို့လုံး၌ တစ်ခုတည်းသာရှိသော ဆေးရုံကြီး၏အပြင်ဘက်တွင် ဆရာ၀န်နှင့်သူနာပြုတို့ ဟိုဟိုဒီဒီပြေးလွှားနေချိန် မွေးခန်းထဲမှ ဆရာ၀န်မနှင့် သူနာပြုဆရာမတို့၏ ရင်ဘတ်ထဲတွင်လည်း နှလုံးခုန်သံတို့ ပြေးလွှားနေကြသည်။
လမပြည့်သေးပဲမွေးလာမည့် ကလေးလေးအတွက် ရင်တထိတ်ထိတ်။ နှလုံးရောဂါအခံရှိနေသည့် မိခင်အတွက် ရင်တထိတ်ထိတ်။
" အူငဲ!!! "
" မွေးပြီဟဲ့ နင့်သားလေးမွေးပြီ "
" အမလေး အင်္ဂါလည်းစုံတယ် "
" ဟင်းး "
" သူငယ်ချင်း!!! "
မွေးခန်းထဲမှ သူနာပြုဆရာမလေးရဲ့ အော်သံနက်ကြီးကြောင့် ကလေးလေးရဲ့ ငိုသံက ပို၍ကျယ်လောင်သွားသည်။
ဂေါချန်းမြို့ကလေးကတော့ တိတ်ဆိတ်လျက်၊ ငြိမ်သက်လျက်။
#...🐻...#
" ကင်မ် ထယ် ယောင်း "
" ဆုတောင်းတိုင်း ပြည့်၀ရမယ်ဆိုတဲ့ အဓိပ္ပါယ်ရတဲ့ ယောင်း...မေမေ့ရဲ့ယောင်းကလေး...ကျန်းမာစွာနဲ့ မွေးဖွားလာနိုင်ဖို့ မေမေဆုတောင်းပါတယ် "
ကလေးလေးကို ရင်၀ယ်ပိုက်ထားရင်း ဒိုင်ယာရီစာအုပ်ကလေးကိုလည်း တစ်ဖက်ကကိုင်ထားသော သူနာပြုဆရာမလေးသည် ညိုးငယ်သောခြေလှမ်းတို့ဖြင့် ဆေးရုံ၀န်းထဲမှထွက်လာသည်။