Part : 12 🐻

286 53 37
                                    

" အဟမ်း "

ဧည့်ခန်းမကြီးထဲတွင် ညီညီညာညာ တန်းစီလျက် မတ်တပ်ရပ်နေကြသော အိမ်အစေများရှေ့၌ j.m ၏ လည်ချောင်းရှင်းသံက ရှင်းလင်းစွာ ထွက်ပေါ်လာသည်။

" ဒါက အကုန်လုံးပဲပေါ့ "

" ဟုတ်ပါတယ် သခင်လေး Park "

အိမ်တော်ထိန်းကြီးဟုန်းက j.m ၏ အမေးစကားကို ရိုသေစွာ အဖြေပြန်ပေးလိုက်သည်။

j.m က ရှုတည်တည် မျက်နှာထားဖြင့် အိမ်အစေများရှိရာသို့ မျက်လုံးတစ်ချက်ဝေ့ကြည့်လိုက်ပြီး ခေါင်းတငြိမ့်ငြိမ့်လုပ်ကာ လမ်းဆက်လျှောက်နေသည်။ တစ်ချက်တစ်ချက်တွင် j.m ၏ အကြည့်က အပေါ်ထပ်သို့သွားရာ လှေကားဆီသို့ ရောက်ရောက်သွားတတ်သည်။

အိမ်အစေများကတော့ j.m ကို မော့ကြည့်ဖို့ရာ မရဲကြသဖြင့် ခေါင်းငုံ့ထားရင်းဖြင့်သာ တဒေါက်ဒေါက်မြည်နေသော သူ၏ ရှူးဖိနပ်အသံကို နားစိုက်ထောင်‌နေကြသည်။ ခဏကြာသည့်အခါ j.m ၏ ရှူးဖိနပ်သံမှာ ရပ်သွားပြီး အထိန်းတော်ကြီးဟုန်းကို ခပ်တိုးတိုး အမိန့်ပေးလိုက်သည့်အသံကို ကြားလိုက်ရသည်။

" Tae ကို သွားခေါ်လာစမ်းပါဗျာ "

ယောင်းသည် အိပ်ရာမနိုးသေးတာလည်း မဟုတ်ပါဘဲ အခုထိ အောက်ထပ်ကို ဆင်းမလာသေးသဖြင့် j.m စိတ်မရှည်ချင်တော့ပါ။ ဒီအိမ်ကို ရောက်ပြီးတာနှင့် အရင်ဆုံးလုပ်ရမည့် ကိစ္စတစ်ခုရှိသည်ဆိုတာကို ယောင်းလည်းအသိပင်။ ထိုကိစ္စကို ဟိုမှာကတည်းက သူတို့နှစ်ယောက်စလုံး ခေါင်းချင်းဆိုင် တိုင်မင်ခဲ့ကြပြီးသားဖြစ်သည်။

သို့သော် ယောင်းသည် ဒီကို ရောက်ကတည်းက ကူကယ်ရာမဲ့နေသည်။ လေဆိပ်ကနေထွက်လာပြီးကတည်းက တစ်ယောက်တည်း ပြုံးလိုက် မဲ့လိုက် ‌ခေါင်းတွေခါလိုက် ခေါင်းတွေငြိမ့်လိုက်ဖြင့် ဂဏာမငြိမ်ဖြစ်လို့နေပါသည်။

" ဘရို "

" အေး လာ "

ယောင်းက j.m ၏ ဘေးတွင် လျော့တိလျော့ရဲပုံစံဖြင့် လာရပ်လိုက်သည်။ j.m သည် ယောင်း၏ပုံစံကိုကြည့်ကာ သက်ပြင်းချမိသည်။ အခုအချိန်သည် လျော့တိလျော့ရဲ လုပ်ရမည့်အချိန်မဟုတ်။ သူတို့တိုင်မင်ထားသည့်ကိစ္စမှာ ဒီမှာရှိနေသည့်အချိန် အတောအတွင်း သူတို့နှစ်ယောက်၏ အကြောင်းတွေကို သူတို့ ဒယ်ဒီတို့ဆီ သတင်းမပို့ဖို့အတွက် အိမ်တော်ထိန်းကြီးနှင့် အိမ်အကူအားလုံးကို စည်းရုံးသလိုနှင့် ခြိမ်းခြောက်ထားဖို့ဖြစ်သည်။

ယောင်းWhere stories live. Discover now