Part : 8 🐻

316 49 22
                                    

" ကိုကိုလေး ကိုကိုလေး အိမ်မှာ ဧည့်သည်တွေရောက်နေတယ် "

" ယောင်းလား....ဘာဖြစ်တယ် သေချာမကြားရဘူး "

ဆန်စက်တွေနားရောက်နေတုန်း အိမ်ကဖုန်းဆက်တယ်ဆိုတာကြောင့် ယွန်းဂီက အရေးတကြီးကိုင်လိုက်သည်။ စက်သံတွေဆူညံနေတဲ့ကြားထဲ ဖုန်းထဲက ယောင်းရဲ့အသံလေးကလည်း ခိုးပြီးပြောရသလို တိုးတိုးလေးမို့ ယွန်းဂီကောင်းကောင်းမကြားရဘဲ ဖြစ်နေသည်။

" အိမ်မှာလေ အိမ်မှာ ဧည့်သည်ရောက်နေတယ်လို့ "

" အိမ်မှာ.....ဘာဖြစ်လို့လဲ "

" ကိုကိုလေးကလည်း!!! "

" ခဏလေး ခဏလေး ကိုကိုလေး အပြင်ထွက်လိုက်ဦးမယ် ကိုင်ထားနော် "

ယွန်းဂီက အပြင်ဘက်ကို အပြေးတပိုင်းထွက်လိုက်သည်။ စက်တွေရဲ့ဆူညံသံက တော်တော်ဝေးဝေးထိရောက်တာကြောင့် ယွန်းဂီကလည်း တော်တော်ဝေးဝေးအထိကို ပြေးထွက်လိုက်ရပြီး ဖုန်းကိုပြန်ပြောလိုက်သောအခါ ဖုန်းကမကျသေးသော်လည်း ယောင်းကလေးရဲ့အသံကို မကြားရတော့ပါ။

" ဟဲလို....ယောင်းရေ... "

ဘာကြောင့်မှန်းမသိ စိတ်ထဲမှာ ခံစားချက်မကောင်းဖြစ်သွားသည်။ ထို့ကြောင့် ယွန်းဂီက ဘေးအိမ်က မမအွန်ဂျောင်းတို့အမေဆီ ချက်ချင်းပဲလှမ်းဆက်လိုက်သည်။ စိတ်လောနေတာကြောင့် ဖုန်းဝင်ဖို့စောင့်ရတဲ့ စက္ကန့်အပိုင်းအခြားလေးကိုပင် ကြာလွန်းသည်ဟုထင်မိနေပါသည်။

" ဟဲလို အန်တီမီနာ "

" အေး ဘယ်သူလဲ "

" ကျနော်ပါ ယွန်းဂီ...အန်တီမီနာ ကျနော်တို့ အိမ်ဘက် ခဏသွားပေးလို့ရလား...အိမ်မှာတစ်ခုခုများ ဖြစ်နေလားလို့ "

" ယွန်းဂီလေး အတော်ပဲ မင်းတို့အိမ်ရှေ့မယ်သူဌေးကားကြီးရပ်ထားတာ အိမ်ထဲလည်း ဝတ်စုံအပြည့်နဲ့ ယောကျ်ားကြီးတွေ ဝင်သွားကြတယ် မင်းတို့ ဆွေမျိုးတွေဘာတွေများလား "

အန်တီမီနာရဲ့ စကားဆုံးတာနှင့် ယွန်းဂီက စက်ရုံဝန်းထဲကနေ အပြင်ဘက်လမ်းမဆီသို့ အမြန်ဆုံးထွက်ခဲ့ပြီးဖြစ်နေသည်။ သူတို့မှာ ပိုက်ဆံချမ်းသာတဲ့ဆွေမျိုးမပြောပါနှင့် ရိုးရိုးတန်းတန်းဆွေမျိုးသားချင်းပင် တစ်ယောက်မှ မရှိတော့ပါ။ သူတို့ဆီကို လာဖူးခဲ့သော ကားအကောင်းစားကြီးဆိုသည်မှာ ငယ်ငယ်က တွေ့ဖူးခဲ့တဲ့ ယောင်းကိုလာခေါ်တဲ့ ကားကြီးအပြင်မရှိပါ။

ယောင်းWhere stories live. Discover now