Part : 7 🐻

279 41 9
                                    

"ယောင်းရေ ထတော့နော် "

"၅ မိနစ် ၅ မိနစ်ပဲ"

" ၅မိနစ်တွေများနေပြီ အခုမထရင်မမီတော့ဘူး ကိုကိုလေးက မစောင့်ဘူးနော် ကိုယ့်ဘာသာလမ်းလျှောက်သွားရမယ် "

" ဟာ ကိုကိုလေးကလည်း "

ဂေါချန်းမြို့လေး၏ မနက်ခင်းသည် ကောင်းကင်ပေါ်မှာ နေလုံးကြီးစတင်ထွက်ပေါ်ခြင်းနှင့် အစပြုသလို ယွန်းဂီတို့အိမ်၏ မနက်ခင်းသည်လည်း ယောင်းကိုအိပ်ရာနိုးသောအသံဖြင့် အစပြုရလေ့ရှိသည်။ 

ယောင်းက အိပ်ပုတ်ကြီးသည်ဟု မဆိုနိုင်သော်လည်း ညညဆိုတော်တော်နှင့်မအိပ်သောကြောင့် မနက်ဆိုလျှင် နိုးရခက်လှသည်။ ယောင်းရဲ့ ၅ မိနစ်တွေကိုသာ ယုံယုံကြည်ကြည်နှင့်စောင့်ပေးနေလျှင် မိနစ် ၅၀ ပင်ကမည်မဟုတ်သောကြောင့် ယွန်းဂီက ယောင်းကို ထိုကဲ့သို့ ခြိမ်းခြောက်စကားလေးဖြင့် နိုးရတတ်ပါသည်။

" ရော့ ရေချိုးပါတစ်ခါတည်းချိုုး "

" နည်းနည်းအေးတယ် "

" ရေပူလုပ်ပေးထားပါတယ်ခင်ဗျာ "

မထချင်ထချင် ထလိုက်ရသောကြောင့် စူပုတ်ပုတ်ဖြစ်နေသော ကလေးလေးရဲ့ ရုပ်ကလေးက ချက်ချင်းကျေနပ်သွားတဲ့ရုပ်ကလေး ဖြစ်သွားသည်။ ဤသည်ကို ယွန်းဂီက အသည်းယားစွာဖြင့် ယောင်းရဲ့ခေါင်းလေးကို တစ်ချက်လှမ်းပုတ်လိုက်သည်။

" မကြာနဲ့နော် ၁၅ မိနစ်ပဲစောင့်မှာ "

" ဟုတ်ကဲ့ ဟုတ်ကဲ့ "

ရေချိုးခန်းဘက်ကို ပြေးဝင်သွားတဲ့ ယောင်းက လမ်းမှာ နွားနို့ခွက်ကိုင်လာသည့် သူ့မေမေသူနာပြုကို ဝင်တိုက်မလို ဖြစ်သွားသဖြင့် သူနာပြုဆရာမလေးမှာ လက်ထဲမှ နွားနို့ခွက်ကို အမြန်ထိန်းကာ ရှောင်လိုက်ရသည်။

" အော် ဒီကလေး "

" ဖိုးဖိုးအတွက်မလား မေမေ ကျနော်လုပ်ပေးလိုက်မယ် "

ယွန်းဂီက သူ့အမေလက်ထဲမှ နွားနို့ခွက်ကို လှမ်းယူရင်း ပြောလိုက်သည်။ ပြီးနောက် သူတို့အခန်းရဲ့မျက်နှာချင်းဆိုင်က အဖိုးဖြစ်သူရဲ့ အခန်းထဲသို့ ခြေသံခပ်ဖော့ဖော့နင်းကာ ဝင်လိုက်သည်။ အဖိုးက နိုးနေပြီဖြစ်သော်လည်း ထိုင်ခုံပေါ်တွင်ထိုင်ကာ ပြန်မှိန်းနေသောကြောင့် ယွန်းဂီက အဖိုးရဲ့လက်ဖမိုးလေးကို ခပ်ဖွဖွဆုပ်ကိုင်လိုက်ရင်းက အသံပြုလိုက်သည်။

ယောင်းWhere stories live. Discover now