အခန်း (၁)

45.6K 961 15
                                    

အခန်း (၁)

နာရီနိုးစက်သံ ကြားတော့ ခင်မင်း နိုးလာသည်။ ဆောင်းမနက်ပေမယ့် အပြင်မှာ နေရောင်က စူးစူးလက်နေခဲ့ပြီ။ ပြတင်းပေါက်မှန်သားပြင်ကို ဖောက်ပြီး အခန်းနံရံမှာ လာထင်နေသည့် နေရောင်ကွက်လေးကို သူမ ငေးနေမိသည်။

ဒီနေ့ ပထမဆုံး အလုပ်သွားရမည့်နေ့ဖြစ်သည်ကို စဥ်းစားရင်း သူမ အိပ်ယာက ဖြေးဖြေးညင်ညင် လူးလဲ ထလိုက်သည်။

ပြီးခဲ့သည့် ကုမ္ပဏီက အလုပ်ထွက်ပြီး ခင်မင်း နားနေခဲ့သည်မှာ တစ်လ ကျော်ကျော်လောက် ရှိပြီ ဖြစ်သည်။ ဒေါ်လေးကတော့ သူမကို နောက်ထပ် ကုမ္ပဏီအလုပ် မလုပ်စေချင်တော့ပေ။

''ဝန်ထမ်းအလုပ်ဆိုတာ ပင်ပန်းပါတယ် သမီးရယ်။ ဒေါ်လေးတို့မှာလည်း ရှိတဲ့ စီးပွားရေးလေးနဲ့ စားသောက်ဖို့ ထက်တောင် ပိုလျှံနေသေးတာပဲ။ အိမ်မှာပဲ နေပါကွယ်" တဲ့။

ခင်မင်းကတော့ အလုပ်က ထွက်ကာစမို့ stress ပိနေခဲ့သမျှကို အတိုးချ နားရင်း ဒေါ်လေး ဖွင့်ထားသည့် အထည်ဆိုင်မှာ တစ်ခါတလေ ကူထိုင်ပေးတတ်သည်။ ခု အလုပ်ကို ခင်မင်း တိုက်ဆိုင်စွာ ရရှိခဲ့ခြင်းပင်။

ဒေါ်လေး၏ မိတ်ဆွေတစ်ယောက်က ခင်မင်း မေးလ်ထဲကို job announcement တစ်ခု လှမ်း ပို့ပေးသောကြောင့် လျှောက်ဖြစ်ခဲ့ခြင်းပင်။

ဒေါ်လေးကို မေးကြည့်တော့ အထည်ဆိုင်မှာ သူ့အမျိုးသမီးအတွက် ပိုးထည်စ လာဝယ်ရင်း ခင်မင်း အကြောင်း စကားစပ်မိသွားသည် ဟု ဆိုသည်။

''ဟော ကိုနိုင်တို့ မလာတာကြာပြီနော် လာကြ ဝင်ကြပါရှင့်"

''ဟုတ်တယ် မမဝါ၊ ဒီနေ့တောင် ကျွန်တော် အားတုန်း လိုက်ပို့ရတာ"

''ကျွန်မလည်း သူ အားမယ့်နေ့ပဲ စောင့်ပြီး လာရတာ မမဝါရေ ၊ မမဝါ ဆိုင်ကလည်း နည်းနည်း ဝေးတော့ ကျွန်မ တစ်ယောက်တည်း မလာဖြစ်တာ ။ နေကောင်းကြရဲ့လား ၊ အရောင်းအဝယ်ရော အဆင်ပြေရဲ့လားရှင့်"

''အရောင်းအဝယ်လည်း အဆင်ပြေတယ်။ လူလည်း ခုတလော သိပ်မပန်းဘူး မနုရွှေ၊ တူမလေးက ဆိုင် ကူထိုင်ပေးလို့လေ"

ဖွဲ့နှောင်ရစ်သည် [ Complete ]Where stories live. Discover now