အခန်း (၂)

13.1K 666 6
                                    

အခန်း (၂)

''ဟုတ်တယ်၊ မနက်ဖြန်က စပြီး ဒေါ်ခင်မင်းရှိန်က MD ရဲ့ Secretary အနေနဲ့ တာဝန်ထမ်းဆောင်ရမယ်"

တအံ့တသြဖြင့် ခင်မင်း ဘာစကားမှ မဆိုနိုင်ပဲ သူ့ရှေ့မှာ ထိုင်နေတဲ့လူကို ကြောင်ပြီး ကြည့်နေမိသည်။
ဘယ်လိုမိန်းကလေးလဲ။ တစ်သက်လုံး သာမန်ဆန်တဲ့ လူမှုဘဝဖြင့် နေလာခဲ့သမျှ သူနှင့်ဆုံမှ တစ်ခုပြီး တစ်ခု ထူးဆန်းတာတွေပဲ ကြုံနေရသလိုပင်။ ဒါတောင် နှစ်ဆယ့်လေးနာရီပြည့်အောင် မပတ်သက်ရသေး။
ပင့်သက်လေး ခိုးရှိုက်ရင်း အေးအေးလူလူဆန်စွာ ခင်မင်းစကားပြောလိုက်သည်။

''ဟို  ၊ ကျွန်မ အလုပ်လျှောက်ကတည်းက HR Manager Position နဲ့ပါ။ ကျွန်မကို ခန့်ခဲ့တာလည်း HR Manager ပဲမို့ HR နဲ့ဆိုင်တဲ့ ရာထူးနဲ့ တာဝန်ကိုပဲ ကျွန်မ ထမ်းဆောင်ပါမယ်"

''မရဘူးဆိုရင်ရော"

''မရဘူးဆိုတာ ဘာလို့လဲရှင်၊ HR ကနေ Secretary ပြောင်းလုပ်ရမယ်ဆိုတာ အဓိပ္ပါယ်ရော ရှိလို့လား။ ဒါမှမဟုတ် ကျွန်မကို ဌာနပြောင်းခန့်ရတဲ့ အကြောင်း ခိုင်လုံတဲ့ အကြောင်းပြချက် တစ်ခုခု ပြောပါလား"

''ရှင်းနေတာပဲလေ၊ကိုယ်နဲ့ အနီးကပ်ရှိနေစေချင်လို့"

''ဒီမှာ     ၊ဘော့စ် က ကျွန်မထက် အပုံကြီး အသက်ငယ်မှာပဲ။ ကျွန်မကို စကားပြောရင် ကိုယ် မဟုတ်ပဲ တခြားနာမ်စား ပြောင်းသုံးလို့ မရဘူးလား"

''ဘယ်သူ့ကိုမဆို ဒီနာမ်စားပဲ သုံးတာ၊ ဘာလဲ   ၊ ပြောင်းသုံးပေးရမလား၊ ပြောင်းသုံးပေးရင် ဘာပြန်ပေးမလဲ"

ခင်မင်းမဖြေ။ ဒီအစား မေးခွန်းပဲ ပြန်မေးမိသည်။

''မရှင်းတာတစ်ခုက ကျွန်မက ဘော့စ် ဆီမှာ ဘာလို့အနီးကပ် ရှိနေပေးရမှာလဲ"

''Secretary လုပ်ရမှာမို့လို့ အနီးကပ် ရှိနေရမှာပေါ့။ ဒေါ်ခင်မင်းရှိန်ရဲ့ အလှကွန်ယက်မှာ ငြိသွားတာလို့ ထင်နေတာလား"

''ဌာနပြောင်းသွားရင် တခြားဝန်ထမ်းတွေကရော ကျွန်မကို ဘယ်လိုထင်ကြမလဲ"

''သူတို့ ဘယ်လိုမှ မထင်အားအောင် လုပ်လိုက်မှာပေါ့။ သူများအကြောင်း မတွေးအားလောက်အောင် သူတို့မှာ လုပ်စရာ မရှားပါဘူး၊ နောက်ပြီး ဘယ်သူက ဘာထင်မှာလဲ"

ဖွဲ့နှောင်ရစ်သည် [ Complete ]Where stories live. Discover now