အခန်း (၄)

12K 619 16
                                    


နာကျင်ကျိန်းစပ်သွားသော ပါးပြင်ကိုအုပ်ကိုင်လျက်နှင့် ဒင်ဘယ်လ်သန့် ဖုန်းကိုင်လိုက်သည်။

"ဟဲလို ကိုကြီး"

"သန့်လေး"

"ဟုတ်"

"သဘက်ခါ ဒေါ်ကြီးတိုး ပြန်လာမယ်။အဲ့ဒါ သန့်လေး ဖြစ်ဖြစ်၊သန့်လေး မအားရင်လည်း တစ်ယောက် ယောက်ကို သွားကြိုခိုင်းလိုက်ဦး။"

"ဟင်၊ဒေါ်ကြီးတိုးက ဘာဖြစ်လို့ပြန်လာမှာလဲ၊သန့်လည်း ကုမ္ပဏီမှာနေတာ ဥစ္စာ။"

လူရောစိတ်ရော အမျိုးအမည်မသိသည့်ခံစားမှုတစ်မျိုး လှိုက်ဖိုခံစားနေရဆဲဆိုပေမယ့် ကိုကြီး မရိပ်မိစေရန် ပုံမှန်အသံဖြစ်အောင် ကြိုးစား၍ ပြောလိုက်သည်။

"နောက်တစ်လလောက်နေရင် ကိုကြီးလည်းပြန်လာမယ်လို့စဉ်းစားတယ်။ဒီက အလုပ်တွေ မပြတ်သေးလို့သာပဲ။ကိုကြီးတို့ သန့်စံအိမ်တော် ကိုလည်း ပစ်ထားတာကြာပြီမို့လားကွာ။ဦးဝေ လုပ်ကိုင်ကြည့်ရှု့ ပေးနေပေမယ့် ဦးဝေလည်း အသက်ရလာပြီလေ။အဲ့ဒါ ဒေါ်ကြီးတိုး ပြန်လာပြီး ခြံကိုပြုပြင် စီမံလို့ရအောင်လို့။သန့်လေး ဒေါ်ကြီးနဲ့အတူ အိမ်မှာပြန်နေရင်နေ၊ မဟုတ်ရင်လည်း ဒေါ်ကြီးကို ကုမ္ပဏီမှာ ခေါ်ထားလိုက်လေ"

"ကိုကြီးက ပြန်လာမယ်၊ဟုတ်လား။သန့်လေးကို ပြောတော့ ဟိုမှာပဲ တစ်သက်လုံးတောင် နေချင်တယ်ဆို"

"အင်းပါကွာ၊စိတ်ကူးက ဒီလိုပဲ ပြောင်းတတ်တာပဲ မို့လား။ဒါနဲ့ သန့်လေး နေရောကောင်းရဲ့လား။ထမင်းရော အများကြီးစားရဲ့လား"

"နေကောင်းပါတယ် ကိုကြီးရဲ့။နည်းနည်းတောင် ပြည့်လာသလိုပဲ။စိတ်ချမ်းသာလို့ဖြစ်မယ်။ထမင်းကတော့ special စီစဉ်ထားတယ်ဆိုပေမယ့် ကုမ္ပဏီလက်ရာလေ ကိုကြီး။ဒေါ်ကြီးလာရင် ထမင်း ဟင်း ကောင်းကောင်း ပြန်စားရတော့မယ်"

"အင်းပါ ဟုတ်ပါပြီ။ဒါနဲ့ ကလေးက ဘာတွေစိတ်ချမ်းသာစရာ တွေ့နေတာတုန်း"

ဒင်ဘယ်လ်သန့်ကို ကိုကြီးချစ်လာရင် ကလေး၊ ကလေးလေး ဟုခေါ်တတ်သည်။

"ဒါက top secrect "

"လုပ်ပါ။ပြောပြပါဦး။ကိုကြီးမှာ ဒီညီမလေးတစ်ယောက်တည်းရှိတာ။သိချင်တာပေါ့"

ဖွဲ့နှောင်ရစ်သည် [ Complete ]Where stories live. Discover now