အခန်း (၃)

12.9K 696 24
                                    

အခန်း ( ၃ )

ဒီနေ့နဲ့ဆို ဒီကုမ္ပဏီမှာ ခင်မင်း အလုပ်ဝင်တာ တစ်ပတ်ပြည့်ပြီ။ ဒီရက်တွေထဲ ခင်မင်းကို ဘော့စ် မနှောင့်ယှက်အားပါ။ ခြေထိ လက်ထိပင် မလုပ်ပဲ ခပ်တည်တည် နေသည်။ရှယ်ယာ ထပ်ထည့်ထားသည့် တခြားကုမ္ပဏီ အလုပ်တွေထဲ ခေါင်းနစ်နေတာ လည်း တွေ့ရသည်။ ဤသို့ အနေအထိုင် တည်ကြည်နေလျှင် ခင်မင်း စိတ်သက်သာရာ ရသည်။

ဒီနေ့ ခင်မင်းကို ဒီမှာ အလုပ်လျှောက်ဖြစ်အောင် join ပေးခဲ့သည့် ဦးနိုင်မိုး ဘော့စ်ကို လာတွေ့ရသည်။ ဘော့စ် ရှိနေလို့ထင်။ အလုပ်ကိစ္စ စကားပြော ပြီးသည်နှင့် ဘော့စ်ကို တရိုတသေ နှုတ်ဆက်ပြီး ခင်မင်းအား ခေါင်းညိမ့် နှုတ်ဆက်ကာ ဘာစကားမှ မဆိုပဲ အခန်းထဲမှ ပြန်ထွက်သွားသည်။

ဦးနိုင်မိုးနှင့် ခင်မင်း ပထမဆုံး ဆုံရခြင်းပင်။ ဒါကို စကားတောင် မပြောရဲပဲ ပြန်ထွက်သွားသဖြင့် ကုမ္ပဏီကလူတွေ ဘော့စ်ကို တော်တော် ရှိန်ပုံရသည် ဟု တွေးမိသည်။

"ဒီည Dinner Party သွားဖို့ ရှိတယ်နော်၊ဒေါ်ခင်မင်းရှိန်"

"ရှင် ၊ကျွန်မရော လိုက်ရမှာလား"

"လိုက်ရမှာပေါ့၊ Secretary ဆိုတာ MD ဘယ်သွားသွား နောက်က ပါရမှာ ထုံးစံပဲ၊ ကိုယ်က ရှင်းပြနေရဦးမှာလား"

"မဟုတ်ပါဘူး၊ ဘော့စ်က ကျွန်မကို ရန်လိုနေတာလား"

"အံမယ် အဲ့ဒီက အဒေါ်ကြီးကရော ကိုယ့်ကို ရှိန်လို့လား"

"ဘာအဒေါ်ကြီးလဲ"

ခင်မင်းမျက်နှာလေး အနီရောင် သန်းသွားတာ ကြည့်ရင်း ဘော့စ် ခင်မင်း အနား လျှောက်လာသည်။ ခင်မင်း နေရာတွင် ပြန် ထိုင်ချလိုက်သည်။ဘော့စ်က ခင်မင်းရဲ့ထိုင်ခုံနောက်မှ ခင်မင်း ကွန်ပျူတာကို ကုန်းကြည့်နေသည်။ ခင်မင်း လှည့်ကြည့်လိုက်တော့ ဘော့စ် မျက်နှာနဲ့ တိုက်မိမလို နီးနီးလေး ဖြစ်သွားသည်။

ဘော့စ်က သူ့မျက်နှာကို နောက်ဆုတ်မသွားပဲ စူးစိုက် ငေးကြည့်နေသဖြင့် ခင်မင်းလည်း ပြန်ကြည့်နေမိသည်။အခန်းထဲတွင် နာရီလက်တံ ရွေ့နေသည့်အသံသာ ကြီးစိုးနေသည်။ တိတ်ဆိတ်မှုကိုရော ဘော့စ်ရဲ့အကြည့်ကိုရော မနေတတ်တော့သဖြင့် ခင်မင်း ရှေ့ ပြန်လှည့်လိုက်မှ ဘော့စ်ရဲ့ ဝင်သက် ထွက်သက်လေတွေက ခင်မင်းရဲ့ လည်တိုင် ဘေးဘက်ကို လာ ထိမိနေ​သည်။

ဖွဲ့နှောင်ရစ်သည် [ Complete ]Where stories live. Discover now