လေယာဥ်ကွင်းမှာ ဒေါ်ကြီးတိုးကိုကြိုပြီး သန့် စံအိမ်တော်ကို တစ်ခါတည်းမောင်းခဲ့သည်။သန့် မြန်မာပြည် ပြန်ရောက်ပြီးကတည်းက ကုမ္ပဏီမှာပဲနေတော့ အိမ်ကို တစ်ခါပဲ လာကြည့်ဖြစ်သေးသည်။
"သန့်လေးမျက်နှာလေး ချောင်ကျနေသလိုပဲ။ထမင်းရော များများစားရဲ့လား ကလေး"
"စားဘူး။ကုမ္ပဏီကချက်တာ ဒေါ်ကြီးချက်သလိုမှ မကောင်းတာ။ဒေါ်ကြီး သန့်နဲ့လိုက်နေမလား၊အိမ်မှာပဲ နေခဲ့မလား"
"သန့်လေးနဲ့ နေဖို့က ကုမ္ပဏီမှာ နောက်တစ်ခန်းစီစဥ်နေရဦးမယ်။အိမ်မှာပဲနေမယ်လေ။ခြံထဲ အပင်တွေ ပြန်ပြင်စိုက်ဖို့နဲ့အိမ်မှာကောင်မလေးနှစ်ယောက်လောက်ပြန်ခေါ်ဖို့လည်း ဦးဝေနဲ့တိုင်ပင်ရဦးမယ်။သန့်လေး ညဘက် အိမ်ပြန်အိပ်မလား။ဒေါ်ကြီး အခန်းသေချာပြန်လုပ်ပေးမယ်။"
"နေ့တိုင်းတော့မပြန်ဘူး။အားတဲ့အချိန် မကြာ မကြာ ပြန်လာမယ်။ကောင်မလေးတွေက ဘာလို့ပြန်ခေါ်မို့လဲ ဒေါ်ကြီး။အိမ်မှာလူလည်းရှိတာမဟုတ်ပဲနဲ့"
"ဒါဆို ထမင်းချိုင့်နေ့တိုင်းပို့ခိုင်းလိုက်မယ်။ကလေးကြိုက်တတ်တဲ့ဟင်းတွေချည်း ချက်ပေးမှာ ဒေါ်ကြီးက။ကောင်မလေးတွေက ပြန်ခေါ်လိုက်မှရမယ် သန့်လေး။သန့် ကိုကြီးက ဒီမှာပဲ အပြီးပြန်နေဖို့စိတ်ကူးရှိလို့တဲ့"
"သန့်က ဒေါ်ကြီးလက်ရာ လွမ်းနေတာ။ကိုကြီးက ဘာလို့ စိတ်ကူးပြောင်းသွားလဲမသိဘူးနော်။သန့်က ကိုယ့်ရည်ရွယ်ချက်နဲ့ကိုယ် ဒီကိုပြန်လာတာ။"
"သူလည်း မိသားစု စုစုစည်းစည်းနဲ့ ဒီမှာပြန်နေချင်လို့နေမှာပေါ့ ကလေးရယ်။ရေခြားမြေခြားမှာနေလာတာလည်း နှစ်တွေကြာလှပြီမို့လား။ကလေး ရည်ရွယ်ချက်က ဘာလဲ။ဟိုကလေးမလေး လား"
"ဟုတ်တယ်။ဒေါ်ခင်မင်းရှိန်ပေါ့"
"တွေ့ပြီလား"
"ကိုကြီး ဘာမှ မပြောပြလိုက်ဘူးလား။တွေ့ရုံတင် ဘယ်ကမလဲ။အနားမှာတောင် ခေါ်ထားလိုက်ပြီ"
"ဘုရားရေ"
သန့်စံအိမ်တော်ထဲ ကားဝင်လိုက်တာနဲ့ ဒေါ်ကြီး၏ အာရုံက ခြံဝင်းထဲရောက်သွားသည်။ဘယ်နေရာတွေမှာ ဘာအပင်ပြောင်းစိုက်မလဲ ဆိုတာကအစ ကိုကြီးမှာလိုက်သည့်အတိုင်း အစီအစဥ်ဆွဲလာပုံရသည်။
YOU ARE READING
ဖွဲ့နှောင်ရစ်သည် [ Complete ]
General Fictionခရမ်းရောင်ဟာ အာရှတိုက်ရဲ့ မဟာအဆန်ဆုံးအရောင်တစ်ရောင်တဲ့။ခရမ်းရောင် မိဖုရားကတော့ကိုယ့်တစ်ဘဝလုံးအတွက် မဟာအဆန်ဆုံး ပိုင်စိုးသူပေါ့ ဒေါ်ခင်မင်းရှိန်။