အခန်း (၉)

11.3K 581 22
                                    

~ ဖွဲ့နှောင်ရစ်သည် ~ အခန်း (၉)

ဒီနေ့ သန့် ကော်ဖီတစ်ခွက်နဲ့ မလှုပ်မယှက် ထိုင်နေဖြစ်တာ နေ့တစ်ဝက် ကျိုးသွားသည်။ နေ့လည်စာလည်း မစားဖြစ်။ အလုပ်စားပွဲတွင်ထိုင်နေပေမယ့် အလုပ်လည်း မလုပ်ဖြစ်။

ဒေါ်ခင်မင်းရှိန် ထွက်သွားသည့်နေ့ကစပြီး သန့် အင်အားရှိသလောက်ရှာသည်။ ရန်ကုန်မြို့ရဲ့ ရပ်ကွက်တွေထဲ လိုက်ရှာသည်။ စိတ်ထင်ရင်ထင်တဲ့နေရာကို ချက်ချင်း စုံစမ်းသည်။

ဒေါ်ခင်မင်းရှိန်နဲ့ပတ်သက်သမျှ မိတ်ဆွေတွေဆီ စုံစမ်းမေးမြန်းကြည့်သည်။ သို့သော် အရှောင်ကောင်းသူ၏ အရိပ် အယောင် မဆိုလေနှင့်၊ သတင်းစကား တစ်ခွန်းပင် မရခဲ့။

ခင်မင်းမရှိသည့် အစောပိုင်းရက်များတွင် သန့်၏စိတ်က အတက် အကျ မြန်နေခဲ့သေး။ တချို့နေ့တွေမှာ အလုပ်ကို တစ်နေကုန် ဖိလုပ်နေတတ်သလို တချို့နေ့တွေမှာ ဘာအလုပ်မှမလုပ်ပဲ တစ်နေကုန်ငိုင်နေခဲ့တာမျိုးလည်း ရှိသည်။ အစားအသောက်လည်း မမှန်။

လူပုံစံက အနည်းငယ်ညှင်းသိုးသိုးနိုင်လာသည်။သို့သော် သပ်ရပ်စမတ်ကျဆဲပင်။ မျက်လုံးတွေ အရောင်ပြောင်းသွားတာနှင့် အနည်းငယ် ပိန်သွားတာမျိုးလောက်ပဲ ဖြစ်သည်။

အမြဲတမ်း ဆွေးရီရီလေး ဖြစ်နေတတ်ပေမယ့် ဘယ်တော့မှ မျက်ရည်ထပ်မကျ။ သန့်က သူမှားသွားပြီမှန်းသိကာစက တစ်ခါပဲ ငိုခဲ့ဖူးသည်။
ခုလိုဝေးသွားမှ ထိုအမျိုးသမီးကို သူ ဘယ်လောက်လိုအပ်မှန်းပိုသိလာရသည်။ သူ့လိုအပ်မှုကလည်း ရှင်သန်ရမယ့် တစ်သက်တာလုံးအတွက်မှန်း သေချာသွား သည်။

နောက်တစ်ခုက လူတွေပြောနေကြတဲ့ အချစ်ဆိုသည့်အရာပင်။ အစက သန့် သေချာမသိခဲ့။ ခဏတဖြုတ်တွေ့ခဲ့ရပြီး သူ့ဘဝတစ်လျှောက်လုံး စိုးမိုးနေခဲ့သည့် အမျိုးသမီး။ ကိုကြီး က ထိုမိန်းမကိုလိုချင်ခဲ့၍ ကြိုးစားခဲ့သည်။ ကြိုးစားသော် လည်း မရခဲ့။

သန့်က အသံပင်မကြားဖူးပဲ ထိုမိန်းမကို တစ်ကြိမ်တည်း မြင်ရုံနှင့် နေ့နေ့ညည သတိရခဲ့သည်။ ကိုကြီးကိုလည်း သူ့ ဒဏ်ရာနဲ့သူမို့ သန့်မမေး။ ကိုကြီးပြောပြမှာကိုလည်း သန့်မလိုချင်ခဲ့။ မသိချင်ခဲ့။

ဖွဲ့နှောင်ရစ်သည် [ Complete ]Where stories live. Discover now